02 October, 2009

Malaysia တွင် Freedom Film Festival မှ Burma VJ နှင့် အခြား မြန်မာလူ့အခွင့်ရေးနှင့် ဒီမိုကရေစီရေး ဇာတ်လမ်းများ ပြသမည်

(ရေးသားသူ-YMT ...FIGHT FOR FREEDOM မှ ထပ်ဆင့်ဖော်ပြသည်။)
Justin Louis အောက်မေ့ဘွယ် အခမ်းအနားအဖြစ်ကျင်းပသော Freedom Film Festival(FFF) အား KOMAS နှင့် KAS NGO နှစ်ခုမှ ကျင်းပပေးတာဖြစ်ပြီး မလေးရှားနိုင်ငံတွင် လေးပတ် တိုင်တိုင် တပတ်လျှင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ သုံးရက် ပြသမှာဖြစ်ပြီး အောက်တိုဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့ အထိ KL တွင်ကျင်းပပြီး၊ အောက်တိုဘာလ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ PENANG နှင့် အောက်တိုဘာလ (၂၃)ရက် နေ့မှ (၂၅)ရက်နေ့ အထိ KUCHING ဖြစ်ပြီး အောက်တိုဘာလ(၃၀)ရက်နေ့မှ နိုဝင်ဘာလ(၁)ရက်နေ့အထိကို Johour Baru တို့တွင် ကျင်းပ ပြသသွားမှာဖြစ်ပါသည် ၀င်ကြေးမှာ အခမဲ့ဖြစ်ပြီး ရုံတွင်းပြသသော ထို အစီအစဉ် များကို ကြည့်ရှု့လိုပါက မိမိကြည့်ရှု့လိုသော အစီအစဉ်အား

(၁) အမည်
(၂) ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ
(၃) မိမိကြည့်လိုသော ဇာတ်ကားအမည်နှင့်အချိန်
(၄) မိမိလိုအပ်သော လက်မှတ်အရေအတွက်
(၅) မိမိကြည့်လိုသောဒေသတို့အား ဖုန်းနံပါတ် +6017-3749887 ခေါ်ဆိုမှာကြားခြင်း သို့မဟုတ် အီးမေးလ် လိပ်စာ freedomfilmfest@komas.org တွင်လည်းမှာကြားနိုင်ပါသည်။ အသေးစိတ်အား FFF အင်တာနက် စာမျက်နှာတွင်လည်း ကြည့်ရူ့နိုင်ပါသည် (ီမှာ) မြန်မာ့ဒီမိုကရေဒီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဇာတ်ကားများဖြစ်သော မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေးကို တင်ပြသော BURMA VJ နှင့် မလေးရှား နိုင်ငံရှိ မြန်မာဒုက္ခသည်များကို အခြေခံဇာတ်လမ်း Hide and Seek နှင့် စင်္ကာပူနိုင်ငံမှမြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအခြေခံဇာတ်လမ်း All That You Can’t Leave Behind စသည်တို့ ပါဝင်ပါသည်။
မလေးရှားနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့အစည်းများနှင့် ဒုက္ခသည်အဖွဲ့အစည်းများ သွားရောက်ကြည့်ရှု့ရန် သင့်တော်မည်မထင်ပါ အဘယ်ကြောင့်ဆိုသော် မလေးရှားအာဏါပိုင်များစောင့်ကြည့်နေမည်မှာ သေချာပေါက် ဖြစ်ပြီး လုံခြုံရေးအတွက်မသင့်တော် သော်လည်း မိမိတို့နီးစပ်ရာ မလေးရှားနိုင်ငံသား အသိုင်းအ၀ိုင်းအား ကြည့်ရှု့ရန် တိုက်တွန်းပေးခြင်းနှင့် စီစဉ်ပေးခြင်းတို့ဖြင့် မြန်မာ့ဒီမိုကရေစီရေးနှင့် မလေးရှားရောက် မြန်မာ ဒုက္ခသည်များ ဘ၀ကို စာနာသဘောပေါက်လာနိုင်ပါသည်။

0 comments:

Post a Comment

Followers

Blog Archive