29 March, 2009

မလေးရှားဝန်ကြီးချုပ် နှုတ်ထွက်မည်


မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူလာ အာမက်ဒ် ဘာဒါဝီ (Abdullah Ahmad Badawi) က သူ ရာထူးကနေ နုတ်ထွက်ပေးတော့မှာဖြစ်ပြီး ဒု-၀န်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ခ် (Najib Razak) ကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။
လာမယ့်အပတ် ကြာသပတေးနေ့၊ ဧပြီလ ၂ ရက်နေ့မှာ မလေးရှား ဘုရင်ဆီ သွားပြီး တရားဝင်နှုတ်ထွက်စာတင်မှာဖြစ်တယ်လို့ ၀န်ကြီးချုပ် ဘာဒါဝီက မနေ့က ပြောခဲ့ပါတယ်။ မစ္စတာဘာဒါဝီနဲ့ မစ္စတာရာဇတ်ခ် နှစ်ဦးစလုံးဟာ UMNO အမ်နို လို့ လူသိများတဲ့ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ ပါတီဝင်တွေ ဖြစ်ကြပါ တယ်။ ဒီပါတီဟာ ၁၉၅၇ ခုနှစ် ဗြိတိသျှကိုလိုနီကနေ လွတ်လပ်ရေးရပြီးကတည်း က တောက်လျှောက် အာဏာရခဲ့တဲ့ ညွန့်ပေါင်းအစိုးရ ဖြစ်ပါတယ်။
အတိုက်အခံတွေက အူနိုပါတီဟာ တိုင်းပြည်ရဲ့ တရားစီရင်ရေးကို ဖျက်ဆီးပစ် တယ်၊ မလေးလူမျိုးတွေကို မျက်နှာသာအထူးပေးပြီး လူနည်းစု တရုတ်နဲ့ အိန္ဒိယ နွယ်ဖွားတွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီး စွပ်စွဲနေတာ ဖြစ်ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းတုန်းက ၀န်ကြီးချုပ်ဘာဒါဝီက သူ့ပါတီ ကွန်ဂရက်စ်အစည်းအဝေးပွဲမှာ တကယ်လို့ အမ်နိုပါတီ အနေနဲ့ အတိုက်အခံတွေကို ဖမ်းဆီးတာတွေ၊ အစိုးရကို ဝေဖန်သူတွေကို နှိပ်ကွပ်တာတွေ၊ လူနည်းစု တရုတ်နဲ့ အိန္ဒိယ နွယ်ဖွားတွေအပေါ် ခွဲခြားဆက်ဆံတာတွေကို မရပ်ဘဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အမ်နိုပါတီဟာ တနေ့မှာ ဧကန် ပျက်စီး ဆုံးရှုံးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၀၈ ခုနှစ် မတ်လရွေးကောက်ပွဲတုန်းကလည်း အမ်နိုပါတီဟာ ပါလီမန်အမတ်နေရာ သုံးပုံနှစ်ပုံကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၁၃ ပြည်နယ်ထဲက ၅ ပြည်နယ်ကိုလည်း အတိုက်အခံတို့ရဲ့ လက်ထဲကို လွှဲပေးခဲ့ရတာ ဖြစ်ပါတယ

26 March, 2009

ပြည်သူက လေးစားခြင်း ခံရတဲ့ အနုပညာသည်


ကိုဇာဂနာ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ကြည်ဦး ဈာပန တွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ပန်းခြင်းကို သယ်ဆောင်လာသော ကိုကျော်သူ

22 March, 2009

shopping ထွက်တဲ့ အစ်မတွေ ညီမတွေ သတိထားကြ

ပထမတခါလဲ ကျွန်တော်ဒီလိုကိစ္စမျိုးကို ဖော်ပြခဲ့ပြီးပါပြီ ဒါကလဲ နောက်တစ်ယောက် ရဲ့ အဖြစ်အဖျက်တစ်ခုပါ email ဖြင့် ပေးပို့သူ ကို ROBOT အား ကျေးဇူးတင်ရှိပါသည်အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကို ကျွန်တော့ ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို........တဲ့ ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့ ဒီလိုပြောပါတယ် သူ့သူငယ်ချင်း ပလာဇာမှာ အကျီ င်္ သွားဝယ်တုန်း က အဝတ်လဲခန်းမှာအဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။ အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာcamera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက် ပြီးတော့ forum တွေမှာတင် ယောကျာင်္းဆိုတဲ့ ကောင်တွေက အဲလိုကိစ္စတွေဆို တခြားလူတွေပါ မျှတတ်တဲ့အကျင့် ဖုန်းထဲမှာပုံတွေထည့် ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး ပုံတွေကို share လုပ်ကြပုံတွေကြည့်ပြီး ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းက ဆရာဝန်ဖြစ်မယ့်သူ အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာ ထား ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး ဈေးခေါ်တာ ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေမြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး ဓာတ်ပုံခိုးရိုက်တဲ့ ကောင်တွေ စဉ်းစားကြည့်ဗျာ ခင်ဗျားတို့ညီမ အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ ခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲ ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူးနောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော ဘာကြောင့် လူမဆန်တာလဲ ခင်ဗျားတို့ စီးပွားရေးလုပ်နေတာ မဟုတ်လား ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ် ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး ကျွန်တော် ထပ်ပြောမယ် ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ ခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...? နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင် သားသမီးတွေ...? အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ ဖျက်စီးခဲ့တဲ့ အဖြစ် တွေရှိတယ်။ ကျွန်တော်သိတယ် မပြောချင်ဘူး ပြောလို့လည်းမကောင်းဘူး။နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။ ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ အစ်မတွေ ညီမတွေ က လည်း အင်္ကျီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါ အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့ မြန်မာနိုင်ငံမှာ နည်းပညာ ခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ်အစ်မကမေးတယ် ဘယ်လိုလုပ်သင့်လဲဆိုတော့ ကျွန်တော်က ပြောလိုက်တယ် တရားစွဲပေါ့ တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ တစ်ရှက်ကနေ နှစ်ရှက်ထက် တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်အဲလိုပဲ ပြောလိုက်တယ် အစ်မလည်း ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ ဘာလုပ်လို့ရမှာလဲ ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက် ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ။မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။ ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊ သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို အရှက်အကြောက် ကြီးမားတတ်ကြတဲ့ မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို လူမဆန်စွာယုတ်မာ ရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲ့ မျိုးချစ်စိတ်ဓာတ် တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို့ တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း ကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက် ပါရစေဗျာ။ အစ်မတွေ ညီမတွေ အားလုံးကလည်း ကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း ဈေးဝယ်ထွက်ကြပါလို့ ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ် ကျားဆိုသတိထားကြပါနော် ကျွန်တော် အပါအဝင်ပါဘဲ။မြန်မာအမျိုးသမီးကိုမြန်မာတွေတောင်တန်ဖိုးမထားရင်ဘယ်သူကတန်ဖိုးထားမ လဲတွေးဖို့ကောင်းပါတယ် တန်ဖိုးရှိတဲ့မိန်းကလေးဆို တန်ဖိုးထားရမှာပေါ့ ဒီတင်ရပ်ပါမည်နေပြည်တော်ကအကြောင်းတွေတော့ပြောတော့ပါဘူး။

New Democratic Radio Station "Union of Voice"




Text Color

http://komoethee.blogspot.com/မှာတွေ့ လိုက်ရတဲ့ လေဒီယို အစီအစဉ်လှိုင်းအသစ် တစ်ခုပါ။ မလေးရှားရောက်မြန်မာများလည်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အချင်းချင်း-သတင်းလက်ဆောင် ပါးနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ကိုငြိမ်းချမ်း

19 March, 2009

2009 ပွဲသိမ်းတိုက်ပွဲခေါ်သံ အောင်ပွဲဆင်ဖို့ထောင်ထဲဝင်စို့ အတာသင်္ကြန်သံချပ်များ

မြင့်မောင်
တနင်္လာနေ့၊ မတ်လ 16 2009 16:36 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ အမည်ရ ပွဲသိမ်းတိုက်ပွဲခေါ် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က နယူးဒေလီမြို့တွင် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

၁၁ ကြိမ်မြောက်ဖြစ်သည့် ယခု မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ထဲတွင် မြန်မာ စစ်အစိုးရ သာမက ပြည်ပအခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရကိုပါ ထည့်သွင်းဝေဖန်မှုများ ပြုလုပ်ထားသည်။

“ဒီနှစ် သံချပ်မှာက သင်ပုန်းကြီးကဏ္ဍထဲမှာ အဝေးရောက် ညွန့်ပေါင်းအစိုးရကို ဝေဖန်ထားတာလည်း ပါတယ်။ ကျနော်တို့ရဲ့ အစိုးရလည်း ဖြစ်တယ်။ သူတို့ကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်” ဟု သံချပ်ရေးသူ ကဗျာဆရာ မြတ်ထက်က မဇ္ဈိမကို ပြောသည်။

'အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ မျက်နှာဖုံး

သင်ပုန်းကြီးကဏ္ဍ အမည်ရ သံချပ်ထဲတွင် အာဝဇ္ဇန်းရွှင်ရွှင် အင်တာဗျူးတွင်၊ ၀န်ကြီးအားလုံး ပျော်ပျော်ရွှင်၊ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ် ဘာမှ လုပ်တာ ဒို့မမြင်''၊ ''အိပဲ့ အိပဲ့ လိပ်သွားနှုန်း၊ ၁၈ နှစ်ကျော်ကျော် အချိန်ဖြုန်း၊ ၂၀၀၉ ရောက်ပြီ အိပ်နေတုန်း၊ အန်တီစုရေ ကယ်ပါဦး''၊ ''အိမ်နီးချင်း နိုင်ငံများ၊ ၀န်ကြီးဝန်ငယ် ဘယ်သူမှ မသွား၊ စည်းရုံးရေး ခရီးစဉ် ရှာမှ ရှား၊ ထောက်ခံတဲ့သူ ရှိသေးလား'' ဟူသည့် စာသားများဖြင့် ထည့်သွင်း သီဆိုထားသည်။

သံချပ်နှင့် သီချင်း ၁၁ ပုဒ် ပါဝင်ရာ အဖွင့်၊ နှုတ်ခွန်းဆက်၊ ကြံ့ဖွတ်၊ လူထုဘ၀အခြေအနေ၊ နာဂစ်(၁)၊ နာဂစ်(၂)၊ ဥပဒေ၊ ဆန္ဒခံယူပွဲ၊ စပ်မိစပ်ရာ၊ သင်ပုန်းကြီး၊ တိုက်ပွဲခေါ်သံ ခေါင်းစဉ်များဖြင့် တင်ဆက်ထားသည်။

“ကျနော်တို့ သံချပ်တွေမှာ ပြည်သူလူတွေရဲ့ အသံကို ထင်ဟပ်ပေါ်လွင်စေတဲ့ သံချပ်ဖြစ်ပါတယ်။ ကျနော် ပြည်တွင်းက လူထုရဲ့ ခံစားချက်တွေကို ပြည်တွင်းကတဆင့် ပြန်ရပါတယ်။ ကျနော်တို့က လိမ်ညာမှုမပါတဲ့ သံချပ်ဖြစ်တယ်” ဟု ဆရာ မြတ်ထက်က ဆိုသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသည့် 'ဦးဆောင်သူများ ပြတ်သားစွာ ဆောင်ရွက်ရန်' နှင့် အန်အယ်ဒီပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်က 'ထွက်ပေါက်ကို မစဉ်းဘဲ၊ ဖောက်ထွက်ကြပါ' ဆိုသည့် တိုက်တွန်းချက်များကိုပါ ထည့်သွင်းရေးသားထားသည်။

ဆရာမြတ်ထက်က ''ဖောက်ထွက်ဖို့၊ ကြိုးစားဖို့ ဆိုတာတွေက ခေါင်းဆောင်တွေက လိုက်ပြီးတော့ ဆောင်ရွက်မှ ဖြစ်မယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးကို ပြည်ပမှာ ဦးဆောင်နေတဲ့ ညွန့်ပေါင်းအစိုးရအနေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ၊ ကျနော်တို့ ဒီမိုကရေစီ အပြောင်းအလဲဖြစ်မယ့် လုပ်ငန်းစဉ်တွေမှာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဦးဆောင်နိုင်ဖို့ အပြုသဘော ဝေဖန်ရေးသားထားတာပါ" ဟု ပြောသည်။

ယခုသံချပ်ခွေ ထုတ်လုပ်နိုင်ရေးအတွက် ကျောက်မဲကျော်ကြီး စီစဉ်ကာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၂၅ ဦးခန့်က ပါဝင်အားဖြည့်ထားကာ သံချပ်ခွေကို မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်းပြည်ပသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။



(မဇ္ဖျိမသတင်း)





သံချပ်အခွေ (Side A) အား download လုပ်ရန် - http://sharebee.com/fff15dc4

သံချပ်အခွေ (Side B) အား download လုပ်ရန် - http://sharebee.com/01ba3bca

သံချပ်စာအုပ်အား download လုပ်ရန် - http://sharebee.com/f71b0390

13 March, 2009

သင့် ဖုန်းထဲတွင် English-Myanmar Dictionary သုံးနိုင်ပြီ




Myanmar Mobile Dictionary

English-Myanmar Mobile Dictionary ကို Free သုံးလို့ရအောင် Mystery Zillion ကနေ ပြုလုပ်လိုက်ပါပြီ။
မလေးရှားမှမြန်မာများလည်း အသုံးပြုနိုင်ရန် ၎င်းဖိုင်လေးကို ဤနေရာတွင် Download လုပ်ယူပါ။
အသေးစိတ်ဖတ်ချင်ရင် ကိုထူးတေဇာဘလော့ဂ် တွင် သွားရောက် ဖတ်နိုင်ပါသည်။
download ရလာသော ဖိုင်သည် mz_mobile_dictionary.zip(zip ဖိုင်အမျိုးအစား)ဖြစ်ပြီး ဖုန်းထဲမထည့်မီ Rename လုပ်တဲ့အခါ Extension ကို mz_mobile_dictionary.jar ဟုပြင်ပြီး မိမိ ဖုန်းထဲတွင် save လိုက်ပါ။
ပြီးလျှင်ကွန်ပျုတာနှင့်ဖုန်းအား ချိတ်ဆက်မှုဖြုတ်ပစ်ပါ။ ဖုန်းအားပုံမှန်အတိုင်း ဖွင့်ရှာကြည့်လျှင် install
လုပ်ရန်တွေ့ရပါလိမ့်မည။် blue tooth နဲ့ ပေးပို့လိုလျှင် extension ဖြစ်သည့် .jar ကိုဖြုတ်ပစ်ရန်
လိုပါလိမ့်မည်။ ဖိုင်အရွယ်အစား1.3 Mb သာရှိသည်။ လောလောဆယ်တွင်အချို့စာလုံးများထည့်သွင်းထားမှုမှာ မပြည့်စုံသေးဟု သိရသည်။
ကိုငြိမ်းချမ်း

09 March, 2009

ကိုမင်းကိုနိုင် ကျန်းမာရေးအခြေအနေ

၈၈ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်အား ထောင်ဒဏ်(၆၅)နှစ်ချမှတ်ကာ ကျိုင်းတုံထောင် သို့ ပို့ဆောင်ထားပြီး နောက် မိသားစု မှ ဒုတိယအကြိမ်ထောင်ဝင်စာတွေ့ရန် ၂၂.၂.၂၀၀၉ တွင်သွားရောက်ခဲ့ပါသည်။၂၂ရက် နေ့တွင် ကျိုင်းတုံ သို့ ရောက်ရှိပြီး တနင်္ဂနွေ နေ့ဖြစ်သောကြောင့် တွေ့ဆုံခွင့်မရရှိပဲ ပစ္စည်း(ပါဆယ်)ကို သာပေးအပ် ခဲ့ရပါသည်။၂၃.၂.၂၀၀၉ တွင်မှတွေ့ခွင့်ရရှိခဲ့ပြီးမီနစ်၂၀ ခန့်သာတွေ့ခွင့်ရခဲ့သည်။ကိုမင်းကိုနိုင် ၏ကျန်းမာရေး အခြေအနေ မှာအားရစရာ မရှိဟုသိခဲ့ရပြီး၊ညာဖက်လက် အကြောကပ်သလို ဖြစ်ခြင်း၊သွေးတိုးတက် သည့်ဝေဒနာ နှင့်လည်ပင်းအရိုးကျီးပေါင်းတက် ဝေဒနာကိုလဲ ခံစားနေရပါသည်။ကျိုင်းတုံထောင်သို့ ရောက်ရှိသည့် အချိန်မှစပြီး တိုက်ပိတ် ထားသည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။လမ်းလျှောက်ခွင့်လဲ မပေး ဟုသိရှိရပါသည်။

ခွပ်ဒေါင်းသွေး www.freeforcountry.co.cc မှ ကူးယူဖေါ်ပြသည်

ဒီနေ့ကြွေးကြော်သံ ဒီနေ့တိုက်ပွဲ ဒီနေ့လုပ်ငန်းစဉ်

Fight For your rights
Fight For Your Light
No Energy – NO SPDC
Road Map is dead end
Than Shwe era had done!
မီး ရဖို့ အတွက် တောင်းဆိုကြ။
လောင်စာမရ- နအဖကို ဖြုတ်ချ။
လမ်းပြမြေပုံ ဆုံးပြီ- သန်းရွှေခေတ်လည်းတုံးပြီ။

01 March, 2009

မျှော်တော်ယောင်

ရင်ခွင့်မဲ့ မျက်စေ့တစ်စုံ
ချစ်သူပုံရိပ်ကို စောင့်နေတယ်

လေတိုက်တိုင်း
သစ်ပင်မလှုပ်ဖူး

ကောင်မလေးရယ်
မင်းကိုချစ်ရတာ မောလိုက်တာ
ကမ္ဘာကြီးကို ထမ်းထားရသလိုပဲ ...........၊၊




နုစဉ်ကရေးခဲ့ဖူးတဲ့ကဗျာလေးပါ

Followers