01 October, 2009

ဆူနာမီအန္တရာယ် တပ်လှန့်ထားတဲ့ ပီနန်း


အင်ဒိုနီးရှား ငလျင်လှုပ်ခတ်မှုအပြီး ဆူနာမီစောင့်ကြည့်ရေးသတိပေးမှုအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှုး Lim Guan Eng က ပြည်သူများ ကမ်းခြေသို့ အပမ်းဖြေမထွက်ကြဖို့ကို သတိပေးပြောကြားလိုက်ပါတယ်။ သက်ဆိုင်ရာ ဌာနများဖြစ်တဲ့ ရဲ၊ မီးသတ်နဲ့ ဒေသဆိုင်ရာရုံးများကို အသင့်ရှိနေဖို့ကိုလည်း တပ်လှန့်လိုက်ပါတယ်။
ဆူနာမီလိုင်းဒဏ် ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဆိုင်ရာ စက်ကိရိယာများ ချက်ခြင်း ကူညီနိုင်ရန် အသင့်ပြင်ထားပြီး သက်ဆိုင်ဌာနများမှ ပင်လယ်ကမ်းရိုးတန်းတလျှာက် ပုံမှန် စောင့်ကြည့်နေကြောင်း Lim Guan Eng ကပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Followers

Blog Archive