02 October, 2009

မလေးရှားမှ ရွေ့ပြောင်းလုပ်သား ခေါ်ယူခြင်း ရလဒ်

လွန်ခဲ့တဲ့ လေးလအလွန်လောက်က မလေးရှား လူ့စွမ်းအားရင်းမြစ်ဝန်ကြီးဌာနဟာ ကုမ္ပဏီပေါင်းစုံကို တွေ့ဆုံပြီး ပြည်ပလုပ်သားခေါ်ယူမှုကို ဆိုင်ငံ့ထားဖို့ အစိုးရရဲ့ ပေါ်လစီတစ်ရပ်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံသားအလုပ်သမားနဲ့ နိုင်ငံခြားသားအလုပ်သမားကို 2:1 ဖြစ်စေချင်တာပါ။
"ကုမ္ပဏီ ၁၀-ခုကတော့ နိုင်ငံသားအလုပ်သမား ၂-ယောက်: ပြည်ပအလုပ်သမား ၁-ယောက် ထက် အချို့သော အကြောင်းအရာများပေါ်မူတည်၍ ပိုမိုခေါ်ယူနိုင်ခွင့်ကို တောင်းဆိုခဲ့ကြပါတယ်'' လို့ ၀န်ကြီး Datuk Dr S. Subramaniam က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီလက်ထရောနစ်၊ လက်အိတ်၊ ပရိဘောဂ၊ ပလတ်စတစ်နဲ့ အထည်အလိပ်ဆိုင်ရာ စက်ရုံတွေကတော့ လုပ်သားအင်အား အရေးတကြီးလိုအပ်နေပါတယ်လို့ သူကဆိုပါတယ်။

"အစိုးရက နှစ်-အချိုး-တစ် ဆိုပေမယ့် ကုမ္ပဏီများက အချို့အချက်တွေပေါ်မူတည်ပြီး အပြောင်းအလဲ လုပ်စေချင် ကြတာပါ။ ၀န်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဒီကနေ့ အဲဒီပြဿနာအတွက် ကုမ္ပဏီများနဲ့ တွေ့ဆုံခဲ့ပါတယ်" လို့ 16th Confederation of Asean Journalists (CAJ) မှာ သတင်းထောက်များကို ထုတ်ဖော်ပြောကြားလိုက်တာပါ။
"ကျုပ်တို့ဟာ ကုမ္ပဏီတွေရဲ့ ပြဿနာတွေအပေါ်နားစွင့်နေပါတယ်။ သူတို့ကိုလည်း လုပ်ငန်း ရပ်တည်ရှင်သန် နိုင်ဖို့ အတွက် ထိရောက်တဲ့ အကူအညီတွေ ပေးရပါလိမ့်မယ်။ ပြီးခဲ့တဲ့ စီမံချက်ဟာ ကုမ္ပဏီများအနေနဲ့ နိုင်ငံခြားအလုပ်သမားများအပေါ် အကြီးအကျယ်မှီခိုနေရမှုကို လျှော့ချဖို့ရည်ရွယ်ကြောင်း" မှတ်ချက်ပြု ပြောဆို သွားပါသေးတယ်။
လုပ်သားလိုအပ်ချက် ပြဿနာဟာ ပီနန်း၊ ဂျိုဟိုးနဲ့ စီလမ်ဂေါ နေရာများမှာ ကြုံတွေ့နေရတာပါ။
တကယ်တော့ အစိုးရအနေရဲ့ ကုမ္ပဏီများရဲ့ လုပ်ငန်းများကိုကန့်သတ်တဲ့ အမိန့်မျိုးတော့ မဟုတ်ပါဘူးလို့လဲ ဆိုပါတယ်။ ဒေသခံတွေကတော့ နာရီများများလုပ်ရပြီး လစာ ရင်းဂစ်-၅၀၀-လောက် ၆၀၀-လောက်ရတဲ့ အလုပ်မျိုးကို စိတ်မ၀င်စားတော့တာ အမှန်ပါပဲ။
လောလောဆယ်မှာတော့ မလေးရှားနိုင်ငံတွင်းမှာ နိုင်ငံခြားသားအလုပ်သမား ၂.၁ သန်း ရှိနေပြီးတော့ စုစုပေါင်း လုပ်အားရဲ့ ၂၀ ရာခိုင်နှုန်းရှိနေပါတယ်။

0 comments:

Post a Comment

Followers

Blog Archive