01 October, 2009

အင်အားပြင်းငလျင် အင်ဒိုနီးရှားတွင်လှုပ်ခတ်


(ငလျင် ဒဏ်ခံခဲ့ရသော Padang မြို့မှ အပျက်အစီးများ)

အင်ဒိုနီးရှားနိုင်ငံရဲ့ကမ်းရိုးတန်းမြို့လေး တစ်မြို့ဖြစ်တဲ့ Padang မြို့၏ တောင်ဘက် မိုင် ၁၅၀ အကွာ ပင်လယ်ရေအောက် ၂၄ ကီလိုမီတာမှာ ယမန်နေ့ 30.9.2009 ရက်နေ့က ပြင်းအား 7.6 magnitude ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်အပြီးမှာ ဒေသခံများဟာ ပင်လယ်ကမ်းခြေနှင့်ဝေးရာ ဘေးလွတ်ရာဒေသသို့ ထွက်ပြေးကြတဲ့ ကား၊ ဆိုင်ကယ် ဟွန်းသံများ ပွက်လောရိုက်သွားပါတယ်။
ငလျင်ကြောင့် လူထောင်ပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပြီး ဆေးရုံများ ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးနဲ့ အခြားအပျက်စီးများရှိပါတယ်။ လူနေအိမ်ခြေ ၅၀၀ လောက်ဆိုးဆိုးရွားရွားပြိုကျ ပျက်စီးသွားတယ်လို့ Disaster Management Agency မှ Priyadi Kardono ကပြောကြားလိုက်ပါတယ်။ အုတ်ကျိုးပဲ့များ ကြားက လူ၂၀၀ လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ငလျင် လှုပ်ခတ်အပြီးမှာ လမ်းအချို့ပျက်စီးခြင်းနဲ့ လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းတို့ကြောင့် Padang ဟာ အပျက်အစီးများအကြားမှာ ဆက်သွယ်ရေးခက်ခဲမှု ပြဿနာကိုလဲ ရင်ဆိုင်နေရပါတယ်။
၂၀၀၄ ခုနှစ်တုန်းကလဲ ငလျင်ဒဏ်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း နှစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ကြပါတယ်။
အင်ဒိုနီးရှားကျွန်းဆွယ်ဟာ မီးတောင်အများအပြားရှိနေပြီး ငလျင်ရပ်ဝန်းတစ်ခုဖြစ်သလို မြန်မာပြည်က နေပြည်တော် ကျပ်ပြေးဟာလဲ ငလျင်ကြောပေါ်မှာတည်ထားတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် ဆူနာမီ နဲ့ဝေးပေမယ့် ငလျင်ဘေးကတော့ သေချာသလောက်ပါပဲ...။

0 comments:

Post a Comment

Followers

Blog Archive