12 January, 2009

မလေးရှားနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ၆.၅% ထိရှိလာနိုင်


စင်္ကာပူနိုင်ငံ၏ စက်ရုံအချို့ရပ်နားခြင်းနှင့် အလုပ်အကိုင် ပြတ်လပ်မှုများ အကျိုးဆက် အဖြစ် မလေးရှားနိုင်ငံတွင်လည်း အလုပ်သမားဦးရေ ၃-သိန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မလေးရှားအစိုးရမှ ခန့်မှန်းတွက်ဆထားသည်။ ကမ္ဘာတလွှား ရင်းနှီးမြှပ်နှံမှုဆိုင်ရာအစုအဖွဲ့ တစ်ခုမှလည်း ၂၀၀၉ ခုနှစ် နှစ်လယ်တွင် အလုပ်သမားဦးရေ ၃-သိန်းမှ ၃-သိန်းခွဲသည် လုပ်ငန်းပြတ်လပ်မှုအခြေအနေအား ရင်ဆိုင်ရဖွယ်ရှိလာနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။
လက်ရှိအနေအထားတွင် မလေးရှားနိုင်ငံတွင်း စက်ရုံများဖြစ်သည့် Sony ကုမ္ပဏီ သူ၏ Bangi ရှိစက်ရုံအား ဒီဇင်္ဘာလ ၂၅ ရက်နေ့မှစတင်၍ ဇန္န၀ါရီလ ၉ ရက်နေ့အထိ ပိတ်ခဲ့ရသည်။ San Disk သည် အလုပ်သမားဦးရေ ၄၅၀ မှ ၅၀၀ ကြား လျှော့ချလိုက်ကြောင်း အသိပေးကြေညာခဲ့သည်။ ထိုကဲ့သို့ပင် Flextronics သည် အလုပ်ဆင်းရက်များကို တစ်ပတ်လျှင် ၄ ရက်စနစ်ဖြင့် နိုဝင်င်္ဘာလနှင့် ဒီဇင်္ဘာလအတွက် သတ်မှတ်ပေးခဲ့သည်။ ပီနန်းမှ AMDကုမ္ပဏီသည် အလုပ်သမားဦးရေ ၅၀၀ အားလျှော့ချလိုက်ရကြောင်း လွန်ခဲ့သောရက်က ထုတ်ဖော် ပြောဆိုခဲ့သည်။ Spansion ကုမ္ပဏီကလည်း အလုပ်သမား များအား ခွင့် ၅ ရက်ယူရန် ညွှန်ကြားခဲ့သည်။ Jabil နှင့် Agilent ကုမ္ပဏီတို့သည် ဒီဇင်္ဘာလ ၂၄-ရက်နေ့မှ ဇန္န၀ါရီလ ၄ရက်နေ့အထိ စက်ရုံအား ရပ်နားခဲ့ရပြီး အဆိုပါ ရက်များထဲမှ ၆ရက်အား ခွင့်ရက်အဖြစ်သတ်မှတ်ခဲ့သည်။ အခြေအနေအရ Agilent သည် ဇန္န၀ါရီလ ၉-ရက်နေ့တွင် နောက်ထပ်တစ်ကြိမ် စက်ရုံရပ်နားရန်ပင် စီစဉ်ခဲ့ရသည်။ ASE သည် နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တနလာင်္နေ့တိုင်း အလုပ်ပိတ်စေခဲ့ပြီး ၎င်းအစီအစဉ်ကို နိုဝင်္ဘာ ၃-ရက်နေ့ကပင် စတင်ခဲ့ကြောင်းသိရသည်။ INTELL သည် ၂၀၀၉ ခုနှစ်တွက် အလုပ်သမားဆိုင်ရာ ကုန်ကျစရိတ်များ၊ ခရီးစရိတ်များ ကို ထူးထူးခြားခြား ဖြတ်တောက်ထားသည်။ သို့သော် လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေကား မသေချာသေး ဟုဆို၏။
ပီနန်းနှင့် စင်္ကာပူတို့ရှိ Motorola သည် အလုပ်အကိုင် ၈၀၀ ခန့်ရပ်နားလိုက်ရပြီး ၀ယ်လိုအားကိုစောင့်နေဆဲဟုဆို၏။ မလေးရှား၏ 1st wafer fab company ဖြစ်သော Kulim မှ Siltera သည် ၂၀၀၈ခုနှစ်တွင် ရင်းဂစ် ၄ ဘီလျှံမျှဆုံးရှုံးနစ်နာခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တွင်လည်း ယခုရက်ပိုင်းမလေးရှားမှ ပြန်လာကြသူ များပြားကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
ပီနန်းသည် ယခု စီးပွားရေးဆူနာမီတွင် အခြားဒေသများထက် ပိုမိုအထိနာကြောင်း ၎င်းဒေသတွင် အလုပ်လုပ်နေသူ ကိုအောင်မျိုးဇော် (ဘူကစ်ဂျန်ပူ)မှ အခုလိုပြောဆိုပါတယ်။ “ကျနော်တို့လည်း နောက် ၂ပတ်လောက်ဆိုရင်ပြန်ရပြီ၊ အချို့ ကုမ္ပဏီတွေဆိုရင် အလုပ်သမားပြန်ပို့ပေးဖို့ လေယာဉ်လက်မှတ် ထုတ် မပေးနိုင်ဘူးလို့ ဆိုတဲ့ စက်ရုံတွေလည်းရှိတယ်။ အခုအခြေအနေမျိုးမှာ ဘယ်သူကိုသွားတိုင်လို့ ရမှာလဲ။ ကျနော်တို့ မြန်မာသံရုံးဆိုတာ နဂိုကတည်းကသုံးလို့မရတဲ့ နေရာတစ်ခုပဲ။ ၀င်ငွေခွန်ကောက်ဖို့ သူများနိုင်ငံမှာလာဆောက်ထားတဲ့ အဆင့်ပဲရှိတယ်။ တကယ့်တကယ် မတရားဖိနှိပ်မှုတွေ ပြဿနာတွေကိုတော့မဖြေရှင်းပေးနိုင်ဘူး။ တကယ်ဆိုရင် စာချုပ်မပြည့်မီ ပြန်လွှတ်ရင် အလုပ်ရှင်က လေယာဉ်လက်မှတ်တာဝန်ယူရတယ်'
စီးပွားရေး အကျပ်အတည်းများကြောင့် တရားမ၀င်လုပ်ကိုင်နေရသူများအတွက် ပိုမိုအခက်အခဲရှိနိုင်သည်။

0 comments:

Post a Comment

Followers

Blog Archive