05 January, 2009

အာရှတန်ဖိုးထဲက သူရဲကောင်းများ


“ကမ္ဘာကြီးဟာ ဥရောပမှာပဲရှိတာပါ”
ဒီစကားကြားတော့ ၁၉၉၇ အာရှစီးပွားရေးပျက်ကပ်ကို ချက်ချင်း သတိရမိလိုက်တယ်။ မှတ်မှတ်ရရ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုကို အာစီယံဝင်ခွင့်လက်ခံပြီးခါစ ပူပူနွေးနွေးပဲရှိသေးတယ်။
စင်္ကာပူ၊ မလေးရှား၊ တရုတ်တို့လို အတော်အသင့်တိုးတက်လာတဲ့နိုင်ငံတွေနဲ့အတူ အာရှကျားနဲ့ အာရှတန်ဖိုး ဆိုတဲ့ စကားလုံးသစ်တွေ ပေါ်လာခဲ့တယ်။ အာရှတန်ဖိုးကို အကြီးအကျယ် ဝေဖန်တဲ့ အိန္ဒိယနွယ်ဖွား စီးပွားရေး ပညာရှင် အမာတီယာဆန် (Amartya Sen)က အာရှတန်ဖိုးဆိုတာ လွတ်လပ်မှုထက် အမိန့်ပေးတာ စည်းကမ်း ကန့်သတ်ချက် ဘောင်တွေက ပိုပြီးအလေးသာနေတာ ဖြစ်တယ်လို့ ထောက်ပြခဲ့တယ်။ တကယ်တော့ လူထု လှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်လာမှာစိုးလို့ အာရှတိုက်က အာဏာရှင်ပေါက်စတွေ ကျောချင်း ကပ်လိုက်တာပါ။
ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံက တင်ပို့တဲ့ကုန်ပစ္စည်းလို တန်ဖိုးချပြစ်တင်ရင်း ဒီစနစ်ကြောင့် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တိုးတက်မှု ကိုပဲ ထိခိုက်တော့မယောင် အသံကျယ်ဆုံး ဟစ်ခဲ့ကြပြီး အာရှတန်ဖိုး ကြွေးကြော် နေကြသူတွေ ကိုယ်တိုင်က ခေတ်မီနည်းပညာတွေ ကိုတော့ လက်ခံပြီး အာဏာရဲ့ဒေါက်တိုင်အဖြစ် အသုံးချ နိုင်ခဲ့ကြတယ်။ ဒါပေမယ့် အင်တာနက်လို လူထုကြားမှာ တွင်ကျယ်လာမယ့် ဆက်သွယ်ရေးကွန်ရက်ကိုတော့ သုံးစွဲမှာကိုတော့ စိုးရိမ်ကြပြန် တယ်။
၁၉၉၇ ခုနှစ်မှာတော့ အာရှတန်ဖိုးဆိုတာ ဘာမှအသုံးမ၀င်တော့ကြောင်း အာရှဘဏ္ဍာရေးစနစ် အကျပ် အတည်းက သက်သေပြ လိုက်တယ်။ အာရှတန်ဖိုးကို ကိုယ်ထင်ပြတဲ့အထဲမှာ တရုတ်ပြည် လဲပါလာခဲ့တယ်။ တရုတ်အစိုးရဟာ ၁၉၈၉ခုနှစ် တိအန်ယင်မင် ရင်ပြင်မှာ ကျောင်းသားတွေက အတိအလင်း စိန်ခေါ်ခံလိုက်ရလို့ပါပဲ။
ရှစ်လေးလုံးအရေးအခင်းကို အစပြုခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမပေါ်က မြန်မာ ကျောင်းသားတွေရဲ့ကြွေးကြော်သံဟာ ရန်ကုန်တက္ကသိုလ်ကိုဗဟိုပြုပြီး တရုတ်ပြည်ကို ရိုက်ခတ်ခဲ့တယ်။ ထိုင်းနိုင်ငံကို အဖျားခတ်တယ်။ အင်ဒိုနီးရှားက ဆူဟာတိုကို အိပ်မက် ဆိုးတွေ မက်စေခဲ့တယ်။ အရှေ့တီမောကို နိုးကြားလာစေခဲ့တယ်။ အာရှတိုက်ကို တုန်လှုပ်သွားစေခဲ့တယ်။
တရုတ်ပြည်ရဲ့ ထိပ်တန်းကျောင်းသားခေါင်းဆောင် ၀မ်တန်းကို မြန်မာကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန်က “ခင်ဗျားတို့ တရုတ် ကျောင်းသား လှုပ်ရှားမှုဟာ ရုရှားက မီခေး ဂေါဘာချော့ဗ် (Mikhail Gorbachev) လာလည်တာရဲ့ ဂယက်ကြောင့်လား”လို့ မေးတော့ သူက “မဟုတ်ပါဘူး၊ မြန်မာကျောင်းသား လှုပ်ရှားမှုကြီးက သူတို့ကိုစွဲဆောင်လိုက်တာပါ” လို့ ဖြေခဲ့ဖူးတယ်။
၁၉၈၉ တရုတ်ပြည်ဒီမိုကရေစီအရေးတော်ပုံဖြစ်တော့ ( glutter.com )ကိုရေးတဲ့ blogger ယန် ရှမ် ရှက်ကယ်တွန် (Yan Sham-Shackeltom) ဟာ အသက် ၁၅နှစ်အရွယ်ပဲရှိပါသေးတယ်။ သူရေးတဲ့ Glutter ဆိုတဲ့ အဓိပ္ပါယ်ကတော့ “ကျောက်တောင်” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သီချင်းသံပြိုင် ဟစ်ကြွေးသံတွေကြားက အော်ဟစ်သံတွေ၊ တင့်ကားနဲ့ နံရံတိုက်ဖြိုသံတွေ ကြားနေရင်း သူ့ခေါင်းပေါ်မှာ ကျောက်တောင်ကြီးတစ်ခု ပေါ်ထွန်းလာသလိုခံစားလိုက်ရတယ်။
အခုအချိန် ပေါ်ထွန်းခြင်း မဟုတ်ခဲ့လျှင်သော်မှ များမကြာမီ နောက်ပိုင်း ကာလတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ကမ္ဘာကြီးနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသေးဟု ဆိုနိုင်သည့် မိန်ကလေးသည် သံသယစိုးစဉ်းမျှမရှိဘဲ ဤသို့ ကတိကိုပြုခဲ့လေသည်။

“ငါ သူတို့ကို လုံးဝမမေ့ဘူး
ငါသူတို့ လုပ်ရပ်တွေကို အမြဲတမ်းအမှတ်ရနေမယ်
ငါ့ဘ၀ကို ပိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်မယ်
အားလုံးအတွက် ငါဆက်လုပ်ပေးမယ်
ငါက အသက်ရှင်ကျန်ရစ်ပြီး သူတို့အသက်မရှင်နိုင်ကြဘူး
ဒီလိုအဖြစ်မျိုး နောက်ထပ်မဖြစ်စေရဘူး
တီယင်အန်မင် ရင်ပြင်က ကျောင်းသားတွေကိုယ်စား ငါ ကမ္ဘာကိုဆက်ပြီး နှိုးဆော်အသိပေးမယ်”
သူတို့ဟာ ငါရဲ့ အစ်ကို၊ အစ်မ၊ သူရဲကောင်းတွေဖြစ်တယ်

( glutter.com ကိုရေးတဲ့ blogger ယန် ရှမ် ရှက်ကယ်တွန် (Yan Sham-Shackeltom)သည် တရုတ်ပြည်နိုင်ငံရေးနှင့် ဟောင်ကောင် ဒီမိုကရေစီထွန်းကားရေးအတွက် ရဲဝံ့စွာရေးသားနေသူတစ်ဦး ဖြစ်သည်)

0 comments:

Post a Comment

Followers

Blog Archive