21 September, 2009

မြန်မာပြည်မှာ စစ်အာဏာရှင် သက်ဆိုးရှည်ရတဲ့ အကြောင်းရင်း

မြန်မာ ပြည်မှာ စစ်အာဏာသိမ်းတဲ့ ၁၉၆၂ က နေ ၁၉၇၄ အထိ ၁၂ နှစ်အတွင်း ကမ္ဘာပေါ်မှာ စစ်အာဏာ သိမ်းမှု ပေါင်း ၆၄ ခု ဖြစ်ပွါးခဲ့ပါတယ်။ အခုထက်ထိ သက်ဆိုးရှည်နေတာကတော့ ဗမာ စစ်အစိုးရtmPm/Sifနဲ့ လစ်ဗျားအာဏာရှင် အစိုးရတို့ ပါပဲ။ ဗမာစစ်တပ် အာဏာသိမ်းပုံဟာ ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ၊ပါကစ္စတန်၊ စစ်တပ် အာဏာသိမ်းပုံနဲ့ မတူပါဘူး။ဗမာ စစ်တပ်ဟာ အာဏာသိမ်းယုံသာ မဟုတ်ပါ စီးပွါးရေး ကိုပါ သိမ်းပိုက်ကာ အခွင့်ထူးခံ လူတန်းစားကို ဖန်တီးလိုက်ပါတယ်။

ပြည်သူလူထုက မကျေနပ်လို့ ၁၉၈၈ မှာ တပြည်လုံးး ကန့်ကွက်ဆန္ဒပြတာကို စစ်တပ်က ပစ်သတ်လိုက်ပြီး စစ်တပ်ကြီးစိုးတဲ့ ဆိုရှယ်လစ်စနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။ နောက်တော့ စစ်တပ်ကြီးစိုးတဲ့ အရင်းရှင် ဈေးကွက်ကို ဖန်တီးလိုက်ပါတယ်။ ဈေးကွက်စီးပွါးရေးမှာ ရာထူးအာဏာ အလွဲသုံးစားလုပ်တဲ့ စစ်ဗိုလ်တွေ မှိုလိုပေါက်ဘာတာမိုလို့ တရားမျှတပြီး သန့်ရှင်းတဲ့ နိုင်ငံရေးစနစ်ဟာ စစ်ဗိုလ် လူတန်းစားအတွက် အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြုပြင်ရေး လုပ်ရမယ့်အစား ဆန္ဒပြသူတွေကို ပစ်သတ်နေတာပါ။ စစ်တပ်စည်းလုံး ညီညွတ်နေသမျှ ကာလပတ်လုံး အခြေခံပြောင်းလဲမှု ဘာမှဖြစ်မှာ မဟုတ်ပါဘူး။
အတိုက်အခံလောကနဲ့ နိုင်ငံခြားမှာပြောနေကြတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ စစ်တပ်အတွက် ဘာမှ အကျိုး ရှိတာ မဟုတ်ပါဘူး၊ စစ်ဗိုလ်အချင်းချင်း မညီညွတ်ရင် နွားကွဲ ကျားကိုက်ဖြစ်သွားပြီး အာဏာလက်လွတ် ဖြစ်သွားမှာကိုသာ တွက်ပုံရပါတယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတာကို နိဂုံးချုပ်အောင် နိုင်ငံခြားက မလုပ်နိုင်ပါဘူး။ အာစီယံရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် မအောင်မြင်တာ ထင်ရှားပါတယ်။ မတရားတဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ ပြည်သူနဲ့လက်တွဲပြီး ဒီမိုကရေစီ ပြုပြင်ရေးလုပ်ချင်တဲ့ မျိုးဆက်သစ် စစ်ဗိုလ်လူတန်းစား ပေါ်ထွက်လာမှသာ မြန်မာပြည်မှာ အခြေခံ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

စစ်အစိုးရအာဏာ တည်မြဲအောင် ပြုသူတွေထဲမှာ စစ်ထောက်လှမ်းရေးက အဓိကပါ။ အင်အား ၄ သိန်း ကျော်ရှိတဲ့ စစ်တပ်ကို ချယ်လှယ်ရာမှာ စစ်တပ်ဟာ အလွန်အရေး ကြီးပါတယ်။ထောက်လှမ်းရေး အားကိုးနဲ့ နှိပ်စက်ညှင်းပန်းရာမှာ ဗိုလ်ချုပ်နေ၀င်းက တည်ထောင်ခဲ့တာ ဖြစ်ပြီး သူ့နေရာ ဆက်ခံတဲ့ စစ်ဗိုလ်တွေက်လည်း ဒါကို ဆက်သုံးနေပါတယ်။သာမန် ပြည်သူလူထုကို စောင့်ကြည့်ရုံတင်မကဘဲ ခေတ်အမြင်ရှိတဲ့ စစ်ဗိုလ်တွေ ကိုလည်း စောင့်ကြည့်ပါတယ်။ အမ်အိုင်-သတင်းပေး အင်ဖော်မာ တွေကို ပြည်ပရောက် မြန်မာ အသိုင်းအ၀ိုင်း အထဲအထိ လွှတ်ထားပါတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းရဲ့ လူရင်းတစ်စုကို အမ်အိုင်-ကအန္တရာယ်ပေး လာနိုင်တယ်လို့ ယူဆလာတဲ့ အတွက် အမ်အိုင် တင်ဦး ခေါင်းဆောင်တဲ့ ထောက်လှမ်းရေး တစ်ဖွဲ့လုံး ကို ၁၉၈၃မှာ ဖြူတ်ပစ် လိုက်ပါတယ်။
ထောက်လှမ်းရေး ယန္တယားကို ဗိုလ်ချုပ်ခင်ညွန့်က ပြန်လည်တည်ဆောက်ပါတယ်။ ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကို ဖျက်ဆီးဖို့ ဗိုလ်ချုပ် ခင်ညွန့် ထောက်လှမ်းရေးက နည်းမျိုးစုံသုံးပြီး ကြိုးစားပါတယ်။ မင်းဆိုး မင်းညစ်ကို ပြည်သူတရပ်လုံးက ကန့်ကွက် ဆန္ဒပြတာ တခြားနိုင်ငံမှာဆိုရင် အာဏာရှင်အစိုးရ ပြုတ်ကျပြီး ပြည်သူ့အစိုးရတက်လာမှာ သေချာပါတယ်။ ဒါပေမယ့် ပြည်သူ့ဒေါသကြောင့် အသက်ငင်နေတဲ့ အာဏာရှင် စနစ်ကို ကယ်တင်ဖို့အတွက် စစ်တပ်ကအာဏာ သိမ်းလိုက်ပါတယ်။ စစ်အစိုးရသစ် လက်အောက်မှာ ထောက်လှမ်းရေး ဌာနကို ချဲ့ထွင်လိုက်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေးဟာ အာဏာ ပြိုင်နိုင်တယ်လို့ ယူဆလာတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၄ မှာ ဖျက်သိမ်းပြီး စစ်လုံခြုံရေး ဌာနကို ဖွဲ့ စည်း လိုက်ပါ တယ်။


ဗိုလ်ချုပ်ခင်ညွန့်ထောက်လှမ်းရေးသာ ရှိဦးမယ်ဆိုရင် ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲ ပေါ်ပေါက်လာဖို့ ခက်ခဲ နိုင်တယ်လို့ သုံးသပ်နိုင် ပါတယ်။ ကြံ့ ခိုင် ဖွံ့ဖြိုးရေး အသင်းဟာလည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည် အောင်လုပ်တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်းပြီး အင်အယ်လ်ဒီ ခေါင်းဆာင်ပိုင်းမှာ သက်ကြီးရွယ်အိုတွေချည်း ကျန်ရှိနေအောင် ဖန်တီးပြီးတဲ့အခါမှာ စစ်အုပ်စုဟာ ကြံ့ဖွံ့ အသင်းကို စတင် တည်ထောင်ပါတယ်။ စစ်အစိုးရ လုပ်သမျှထောက်ခံဖို့ ဖွဲ့လိုက်တဲ့ အရပ်သား အသင်း ဖြစ်ပါတယ်။ မ၀င်မနေရလုပ်တဲ့ အတွက် ၂၀၀၅ ခုနှစ်မှာ သန်း ၂၀ ကျော်ရှိကြောင်း သိရပါတယ်။ နိုင်ငံရေး ကင်းတဲ့ လူမှုရေး အသင်းလို ဟန်ဆောင်နေပါတယ်။ ဒါပေမယ့် အန္တရာယ်မပေးနိုင်တဲ့ လူမှုရေး အသင်းလို့ ယူဆလို့ မရပါဘူး။ အစိုးရ မကြိုက်တဲ့ အရပ်သား အသင်းအဖွဲ့ တွေကိုအကြမ်းဖက် ဖြိုခွင်းဖို့ ကြံစည်ဖွဲ့စည်း ထားတဲ့ နာဇီ ဂျာမဏီက ရှပ်ညိုအဖွဲ့ (လောင်းရှပ်အသင်း)နဲ့ တူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပြောဖူးပါတယ်။ အင်အယ်လ်ဒီပါတီတွေနဲ့ ပါတီမိတ်ဆွေတွေကို မလုပ်ရဲမကိုင်ရဲဖြစ်သွားရောင် ခြိမ်းခြာက် အကြမ်းဖက်တဲ့ အရပ်သား လူမိုက်အသင်း ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ကို မေလ ဒီပဲယင်းမှာ ၀ိုင်းရိုက်တာလဲ ကြံ့ဖွံ့ အဖွဲ့ ဝင်တွေပဲ ဖြစ်ပါတယ်။
ကြံ့ဖွံ့အသင်းတွေရဲ့ဦးတည်ချက်ထဲမှာ အတိုက်အခံတွေရဲ့ စီးပွါးရေး အခြေခံလုပ်ငန်းတွေကို လုံးပါးပါးပြီး ကွယ်ပျောက်သွား အောင်လုပ်ဖို့လဲ ပါပါတယ်။ဈေးကွက်စီးပွါးရေးမှာ ကြံ့ဖွံ့အသင်းက စီိးပွါးရေးတွေမှာ နေရာယူ ထားပါတယ်။ ကြံ့ဖွံ့ရဲ့စီးပွါးရေးလုပ်ငန်းကို ရန်ကုန်မြင့်ကုမ္ပဏီက တာဝန်ယူထားပါတယ်။ စီးပွါးရေး ဦိးပိုင်ကုမ္ပဏီက ချပေးတဲ့ လုပ်ငန်းတွေနဲ့ ကျောက်မျက်လုပ်ငန်းတွေကို အဓိက ထားပါတယ်။ ဘတ်စကားလိုင်း ၊ငါးလုပ်ငန်း၊ ဆန်စက်၊ အိမ်ခွန်၊မြေ အခွန် ကောက်ခံရေးတွေမှာလည်း ကြံ့ ဖွံ့ ပါဝင်ပါတယ်။ ကြံ့ ဖွံ့ထဲ ၀င်တဲ့ သူကသာ တိုးတက်ကြီးပွါးနိုင်သလို ဖြစ်နေပါတယ်။ ကြံ့ဖွံ့လူငယ်လဲရှိပါတယ်။ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ပါတီကို ထောက်ခံချင်ပေမယ့် လောလောဆယ် ဘ၀ ရပ်တည်ရေး အတွက် ကြံ့ ဖွံ့ အသင်း နဲ့အဆင်ပြေအောင် ဆက်ဆံနေရပါတယ်။


ကြံ့ဖွံ့နာယက ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါပဲ။ ကြံ့ဖွံ့ကို ပြည်သူ့စစ်အဖြစ်သုံးတာ ရှိသလို၊ ထောက်လှမ်းရေးအတွက် သုံးတာလဲ ရှိပါတယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်တာလဲရှိပါတယ်။ ၂၀၀၀ ခုနှစ်မှာ ကြံ့ဖွံ့ အသင်းရဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီးဝင်းမြင့်ကို တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖိတ်ပါတယ်။ နောက် ၄နှစ် လောက်ကြာတော့ ဘေဂျင်းမှာ ကျင်းပတဲ့ ၃၅ နိုင်ငံက ၈၄ ပါတီ ညီလာခံကို ကြံ့ဖွံ့အသင်းတက်တာ တွေ့ရပါတယ်။ တိုကျိုနဲ့ အိန္ဒိယမှာကျင်းပတဲ့ အစီအစဉ်တွေမှာလည်း ကြံ့ဖွံ့ပါဝင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတွေက ထောက်ခံ အားပေး နေကြပေမယ့် အိန္ဒိယနဲ့ အရှေ့နိုင်ငံတွေကတော့ လက်ရှိအစိုးရနဲ့ပဲ စခန်းသွားချင် နေကြပါတယ်။ မြန်မာစစ် အစိုးရ ကလည်း တိုင်းရင်း သားတွေနဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးဖို့ စိတ်ကူးနဲ့တောင်လက္ခဏာ မပြသေးပါဘူး။ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီလိုလားတဲ့ အရိပ်လက္ခဏာ လည်းမတွေ့ ရသေးပါဘူး။ အာရှနိုင်ငံတွေမှာ ဒီမိုကရေစီ အရေးအတွက် အနစ်နာခံ လုပ်ကိုင်သွားကြတဲ့ ဒီမိုကရေစီမျိုးဆက်တွေ ရှိပါတယ်။
မြန်မာပြည်မှာ မျှော်လင့်နိုင်တာဟာ ၈၈ မျိုးဆက်ပါဘဲ။ မြန်မာ့အနာဂါတ်မှာ အင်အားစုတစ်စုအနေနဲ့ ပါဝင်မယ့် သူတွေဟာ ၈၈ မျိုးဆက်တွေပဲ ဖြစ်ပါတယ်။ သူတို့ အထဲက မျိုးဆက်ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ရုံနဲ့ ဒီမိုကရေစီလှုပ်ရှားမှု ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။ စစ်အစိုးရဟာ နိုင်ငံရေးပါတီတွေကို ဖျက်ဆီး နိုင်ပေမယ့် မျိုးဆက်တွေကိုတွေကိုတော့ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ပါတယ်။
ဘာတီး လင့်တနာ( ဆွီဒင် သတင်းစာ ဆရာ)
၁၅။၉။၀၉


ဦးအောင်ခင်၏စာအုပ်စင်ကဏ္ဍ ဗီအိုအေ သတင်းဌာနထုတ်လွှင့်ချက်မှ

0 comments:

Post a Comment

Followers