16 June, 2009

နေဇော်နိုင် ဆွဲဖွင့်မိသောတံခါးများ



DVB မှ အပတ်စဉ်ထုတ်လွှင့်နေသည့် အစီအစဉ်များအနက် ယခင်က ဂြိုဟ်တုရုပ်သံ အစီအစဉ် တစ်ခုဖြစ်သော “တစ်ပတ်အတွင်းရုပ်သံမှတ်တမ်း” သည် နေဇော်နိုင်၏ “ကျနော် ဆွဲဖွင့်မိသော တံခါးများ” အဖြစ် ဆန်းသစ်ထားသည်ကို တွေ့ရသည်။ နေဇော်နိုင်သည် ယခင်က DVB ၏ အပတ်စဉ် ရေဒီယို အစီအစဉ်တစ်ခု ဖြစ်သော “ပြောပြရင်လည်း ဒေါပွရဦးမယ်’’ ခေါင်းစဉ်ဖြင့် တနင်္ဂနွေညပိုင်းရေဒီယိုအစီအစဉ်မှ ခေတ်ကာလ ကမောက်ကမများကို သရော်ဟန် အသံနေအသံထား မျိုးစုံဖြင့် ထုတ်လွှင့်ခဲ့ဖူးရာ ပရိတ်သတ်များ သဘောကျနှစ်ခြိုက်ခဲ့ကြဖူးသည်။
“ကျနော် ဆွဲဖွင့်မိသော တံခါးများ” တွင်လည်း နေဇော်နိုင်၏ ဟန်တစ်ခုအဖြစ် နိဂုံးချုပ်ကို လှလှပပ အဆုံးသတ်ထားရာ နေဇော်နိုင်၏ နအဖအပေါ် ဝေဖန်ချက်ကို နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဆန်းကိုယ်တိုင်က ထောက်ခံသွားခြင်းဖြစ်သည်။
ကြည့်ရှုရန်-


http://www.youtube.com/watch?v=UUeghEXipAo
http://www.youtube.com/watch?v=L6koaCjV4a4
ထုတ်လွှင့်ပြီးသမျှ အားလုံးကို အစဉ်လိုက်ကြည့်ချင်ရင်တော့ ဒီနေရာ ကို နှိပ်လိုက်ဗျာ...။

0 comments:

Post a Comment

Followers