06 July, 2009

“I Myself Is The Night”


The night is as black as the night.

The train made known itself
that it’s driving to great happenings.

The howls chained each other
towards the end of the block and faded out.

The watchman is warning
by beating the iron-rod
how much go deeper into the night.

Is the car driving in high speed
out of brake as the night,
and the voice of insects
the cry of my blood?

I’m shivering motionless
as the second stick of the old clock,
and crying for sleep in heavy sweat.

I myself is the night.


Hlwint moe thit



ဘ၀တွေဟာလည်း ညတွေလိုပါပဲ

မိုးအလင်း ကဖေးတွေ မရှိဘူး
နီယွန်မီးတွေ မလင်းဘူး
ဒီလိုမှောင်လွန်းနေတာ မြို့ပြတစ်ခုရဲ့ညလား

အဖြစ်အပျက်တခုဆီ ဦးတည်ခုတ်မောင်းနေတယ်ဆိုတာ
ရထားဟာ သူ့ကိုယ်သူ အသိပေးနေတယ်

အဆက်မပြတ်တဲ့ ခွေးအူသံတွေကလည်း
နံရံတံတိုင်းတွေဘက်မှာ တိုးလျှပျောက်ကွယ်သွားတယ်

တစတစနဲ့ ညဉ့်နက်လာပြီဆိုတာကို
ညစောင့်ရဲ့ သံချောင်းခေါက်သံက
သတိပေးနေတယ်

အရှိန်ပြင်းပြင်း မောင်းလာတဲ့ကားသံလား
ညပိုးကောင်တွေရဲ့အော်မြည်သံတွေလား
ငါ့သွေးသားရဲ့ ငိုကြွေးသံလား
တစ်စုံတစ်ခုကို ငါကြားနေရတယ်

နာရီအိုကြီးရဲ့ စက္ကန့်တန့်
ရွေ့လျားမှုနဲ့အတူ
ငါမှာလည်း ဂယောင်ခြောက်ခြား
ခိုက်ခိုက်တုန်နေတယ်
ဇောချွေးတွေနဲ့ မအိပ်နိုင်တဲ့အခါ
အိပ်စက်မှုအတွက်
တစာစာငိုကြွေးနေမိတော့တယ်

ဘ၀တွေဟာလည်း ညတွေလိုပါပဲ
လွှင့်မိုးသစ်




*ပြန်ဆိုမှု=လင်းခေတ်ဒီ

0 comments:

Post a Comment

Followers