
ဂျကာတာမြို့လယ် ဗြိတိန်သံရုံးတည်ရှိရာ Bundaran H1 မီးပွိုင့်လမ်းဆုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ ကို ဖော်ပြရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် အလွန်အရေးပါသော အဖြစ်အပျက်နှစ်ခုကို ရည်ရွယ် သည် ဟု ယမန်နေ့က ဗြိတိန်သံရုံး၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
“ဗြိတိန် အစိုးရက တခြားနိုင်ငံတကာ အသိုင်းအ၀န်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်း သားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုပါသည်”ဟု ကြေညာချက်တွင်ပါရှိသည်။ ဆက်လက်၍“မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း က ယခု အရေးကြီးသော ကာလတွင် မြန်မာနိုင်ငံသွားရောက်မည့် ဆုံးဖြတ်ချက်ကို လိုက်လှဲစွာ ကြိုဆိုပါသည်”ဟု လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကြီးကို ယမန်နေ့ မှ စတင်၍ စနေနေ့ ညနေ နေ၀င်ချိန်အထိ ၃ ရက်ကြာဖော်ပြ ထားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖော်ပြထားသည်နေ့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
မစ္စတာ ဘန်ကီမွန်းက ၎င်း၏ ခရီးစဉ်တွင် မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ ဆုံဆွေး နွေးရေးပြုလုပ်ရန်၊ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်တို့ကိုတောင်း ဆိုထားသည်။
0 comments:
Post a Comment