09 March, 2009

ကိုမင်းကိုနိုင် ကျန်းမာရေးအခြေအနေ

၈၈ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်အား ထောင်ဒဏ်(၆၅)နှစ်ချမှတ်ကာ ကျိုင်းတုံထောင် သို့ ပို့ဆောင်ထားပြီး နောက် မိသားစု မှ ဒုတိယအကြိမ်ထောင်ဝင်စာတွေ့ရန် ၂၂.၂.၂၀၀၉ တွင်သွားရောက်ခဲ့ပါသည်။၂၂ရက် နေ့တွင် ကျိုင်းတုံ သို့ ရောက်ရှိပြီး တနင်္ဂနွေ နေ့ဖြစ်သောကြောင့် တွေ့ဆုံခွင့်မရရှိပဲ ပစ္စည်း(ပါဆယ်)ကို သာပေးအပ် ခဲ့ရပါသည်။၂၃.၂.၂၀၀၉ တွင်မှတွေ့ခွင့်ရရှိခဲ့ပြီးမီနစ်၂၀ ခန့်သာတွေ့ခွင့်ရခဲ့သည်။ကိုမင်းကိုနိုင် ၏ကျန်းမာရေး အခြေအနေ မှာအားရစရာ မရှိဟုသိခဲ့ရပြီး၊ညာဖက်လက် အကြောကပ်သလို ဖြစ်ခြင်း၊သွေးတိုးတက် သည့်ဝေဒနာ နှင့်လည်ပင်းအရိုးကျီးပေါင်းတက် ဝေဒနာကိုလဲ ခံစားနေရပါသည်။ကျိုင်းတုံထောင်သို့ ရောက်ရှိသည့် အချိန်မှစပြီး တိုက်ပိတ် ထားသည်မှာ ယခုအချိန်ထိပင်ဖြစ်သည်။လမ်းလျှောက်ခွင့်လဲ မပေး ဟုသိရှိရပါသည်။

ခွပ်ဒေါင်းသွေး www.freeforcountry.co.cc မှ ကူးယူဖေါ်ပြသည်

0 comments:

Post a Comment

Followers