20 March, 2010

ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် ကိန်းဂဏန်းများ


(ကျော်ခ က မတ်လ ၁၈ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် စုဆောင်းပြုစုသည်။)

- ၂ဝဝ၈ ခုနှစ် မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၇၅ဝ၄၃၆၈ ဦး ဖြစ်သည်။

- ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ စာရင်းအရ မဲပေးနိုင်ခွင့်ရှိသူ ဦးရေမှာ ၂၇၃၆၉၉၅၇ ဦး ဖြစ်သည်။

- အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အကျဉ်းကျနေသူပေါင်း ၂၄၈၆၆၄ ဦး ဖြစ်သည်။

- မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ဦးရေ ၂၁ဝဝ ကျော် ရှိသည်။

- Save the Children ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဦးရေမှာ ၂၂ သန်း ဖြစ်သည်။

- ဗုဒ္ဓဘာသာ ရဟန်းတော်ပေါင်း ၅ သိန်းကျော် ရှိသည်ဟု မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ပြောသည်။

- မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ အဆိုအရ ခရစ်ယာန်ဘုန်းတော်ကြီး ၁၃၅ဝဝ ဦး ရှိသည်။

- Islamic Religious Affairs Council အဆိုအရ အစ္စလာမ်သာသနာ့ဝန်ထမ်းပေါင်း ၁၂ဝဝဝ ဦး ရှိသည်။

- ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား ဦးရေ အနည်းဆုံး ၂ သန်းကျော် ရှိသည်။

- မလေးရှားနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာလုပ်သား ဦးရေ ၅ သိန်းခန့် ရှိသည်။

- ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ ၁၅ဝဝဝ ဝန်းကျင် ရှိသည်။

- အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တခုထဲတွင်ပင် မြန်မာ ၅ သောင်းခန့် ရှိသည်။

- မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရှိသည်ဟု ၂ဝဝ၈ ခုနှစ် မေလ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များနှင့် ပါတီဝင် အသင်းအဖွဲ့ဝင်ဦးရေ

(ယခု ဖော်ပြထားသော ကိန်းဂဏန်းများမှာ သက်ဆိုင်ရာ ပါတီမှ ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြောကြားသည့် ပမာဏသာလျှင် ဖြစ်သည်။)

- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အဖွဲ့ဝင် ၂၄ သန်း ရှိသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအဖြစ် အသွင်ပြောင်းပြီး စစ်အစိုးရ၏ ကျောရိုးနိုင်ငံရေးပါတီဖြစ်ရန် အားထုတ်လျက် ရှိသည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါတီဝင် ၁၂ သန်းကျော် ရှိသည်။

- တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွင် ပါတီဝင် ၃ သန်းခွဲ ရှိသည်။

- ဦးအေးလွင် ဦးဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် ၁ သိန်းခွဲ ရှိသည်။

မြန်မာအမျိုးသမီးကို နှိပ်စက်မှုဖြင့် စင်္ကာပူအိမ်ရှင် ထောင်ဒဏ်ကျ


ဧရာဝတီ Friday, March 19, 2010
E-mail Print
မြန်မာ အမျိုးသမီး တဦးကို နှိပ်စက်မှုဖြင့် စင်္ကာပူ အလုပ်ရှင် တဦးကို စင်္ကာပူရှိ တရားရုံးတခုက ယနေ့ ထောင်ဒဏ် ၄ လ ချမှတ် လိုက်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

[စင်္ကာပူ အလုပ်ရှင် Peck Choon Khim (ဓာတ်ပုံ - Straits Times)]

၂၀၀၈ ခုနှစ်က စင်္ကာပူ အလုပ်ရှင် Peck Choon Khim ထံတွင် ကလေးထိန်း အဖြစ် အလုပ်ဝင်ချိန်မှ စတင်ပြီး ၁၅ ကြိမ်တိုင်တိုင် နှိပ်စက် ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရေနွေးအိုးဖြင့် ရိုက်နှက် ခံရကြောင်း မမိုးသန္တာလင်းက တရားရုံးတွင် ထွက်ဆို ခဲ့သည်ဟု သိရသည်။

တရားရုံး၏ ဇန်န၀ါရီလ အပြီးသတ် ကြားနာမှုတွင် အိမ်ရှင်၏ ရှေ့နေက ပြစ်ဒဏ် လျှော့ပေါ့ပေးရန် ရုံးတော်အား လျှောက်ထား ခဲ့သည်။ ထို့အပြင် ရှေ့နေက အသက် ၂၄ နှစ်အရွယ် မမိုးသန္တာလင်းသည် အလုပ်စ၀င်သည့် အချိန်မှစ၍ အသက် ၄၁ နှစ်အရွယ်ရှိ အလုပ်ရှင်ကို အာခံ ပြောဆိုပြီး အရိုအသေ တန်ခဲ့ကြောင်း၊ အိမ်ရှိ ၁၈ လနှင့် ၃နှစ် အရွယ် ကလေးများအား ထိန်းကျောင်းရာတွင် ကူညီခြင်း မရှိခဲ့ကြောင်း လျှောက်ထားခဲ့သည်ဟု ဆိုသည်။

ခရိုင်တရားသူကြီး Ronald Gwee က အလုပ်သမားကို မကြိုက်ပါက အလုပ်မှ ထုတ်ပစ်နိုင်ကြောင်း၊ မည်သည့် အလုပ်ရှင်ကမှ အလုပ်သမားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဤအမှုမျိုးအား စင်္ကာပူနိုင်ငံ ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်ဟု သိရသည်။ စင်္ကာပူ အလုပ်ရှင်အပေါ် စွဲဆိုထားသည့် စွဲချက် ၄ ခု ရှိရာ တခုချင်းစီအတွက် စင်္ကာပူ ဒေါ်လာ ၇၅၀၀ အထိ ဒဏ်ရိုက် နိုင်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

Followers