19 September, 2009

2nd Anniversary Saffron Revolution

Photobucket

ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်။



ရေးသူ- စစ်ငြိမ်းဒီရေ


ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းတွင် တို့ဗမာအစည်းအရုံးဝင် သခင်သိန်းမောင်ကြီး၏ “ခွေးခေါင်းပြောင်းပြန် ကပ်လိုက်သည်” ဟူသောဇာတ်လမ်းကို ပြန်ပြောင်း သတိရမိသည်။

ကိုလိုနီခေတ် မြန်မာပြည်၏ စာပို့စနစ်တွင် အင်္ဂလန်ပြည့်ရှင် ဂျော့ ဘုရင်၏ဓါတ်ပုံကို တံဆိပ်ခေါင်းအဖြစ် သုံးစွဲ ခဲ့ရဖူးသည်။ သခင်သိန်းမောင်ကြီးသည် စာအိတ် အမြောက်အများတွင် ဂျော့ ဘုရင်၏ ဓါတ်ပုံ တံဆိပ်ခေါင်းကို ပြောင်းပြန် ကပ်ပြီး စာအိတ် မျက်နှာပြင်ပေါ်၌ “ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်” ဟုဖော်ပြလျှက် သူ နေထိုင်ရာ နယ်မြို့လေး က စာတိုက်ပုံးထဲသို့ ထည့်ခဲ့ပါသည်။


စာတိုက်မှ ၀န်ထမ်းများသည် ထို စာအိတ်များကို မြင်တွေ့ရသော အခါ သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြ ခဲ့ကြသည်။ ဂျော့ ဘုရင်မင်းမြတ်၏ ဓါတ်ပုံကိုလည်းစောက်ထိုး ကပ်ထားပြီး ပေးပို့ရမည့် လိပ်စာနေရာတွင် “ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်” ဟု ဖော်ပြထားသော စာပို့ တရားခံအား မည်သို့ ရှာဖွေရမည်ကို မစုံ စမ်းနိုင်ပဲ အကြီးအကျယ် အလုပ်ရှုပ်ကြတော့သည်။ ထိုအမှုသည် နယ်မြို့လေးမှ တဆင့် ဘုရင်ခံ ရုံးစိုက်ရာ ရန်ကုန်မြို့အထိ သတင်းပြန့်လေတော့သည်။
နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များတွင် ထိုသတင်းကို ဖော်ပြခဲ့သော အခါကိုလိုနီ အစိုးရသည် များစွာ အရှက်ကွဲပြီး ပြည်သူအပေါင်းတို့၏ ရယ်မောဟာသလုပ်ခြင်းကို ခံရတော့သည်။

ကိုလိုနီခေတ် ရန်ကုန် ပုလိပ်မင်းကြီးရုံးနှင့် စုံထောက်မင်းကြီး ဌာနတို့၏ အပြင်းအထန် ရှာဖွေ ထောက်လှမ်းမှု ကြောင့် နောက်ဆုံးတွင် သခင်သိန်းမောင်ကြီး၏ ကြိုးပမ်းမှုကို သိရှိသွားကြသည်။ သခင်သိန်းမောင်ကြီး တစ်ယောက် ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသော်လည်း ကိုလိုနီအစိုးရ၏ တရားရေးဌါနနှင့် ပြည်သူတို့၏ နူတ်ဖျား၌ “ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်” ဟူသော စကားလုံးသည်စွဲမြဲစွာ ကျန်ရစ်ခဲ့လေတော့သည်။
http://pyustate.com/မှကူးယူဖေါ်ပြသည်

17 September, 2009

မထင်ရှားတဲ့ မြန်မာရုပ်ရှင်မင်းသမီး


(The Purple Plain ဇာတ်ကားမှ “၀င်းမင်းသန်း” ၏ မြန်မာဆန်သည့် ဇာတ်ဝင်ခန်း)

အမှတ်တမဲ့ Youtube မှာတွေ့လိုက်ရတာကတော့ The Purple Plain ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။
မင်းသား Gregory Peck-က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ တာဝန်ကျနေတဲ့ တော်ဝင် လေတပ်မတော်က ကနေဒီယန်လူမျိုး လေယာဉ်မှူး Bill Forrester အဖြစ် သရုပ်ဆောင်ထားပြီး သူနဲ့မေတ္တာမျှမိတဲ့ မြန်မာလူမျိုး ဆရာမလေး Anna-အဖြစ် မြန်မာမင်းသမီး ၀င်းမင်းသန်းက သရုပ်ဆောင် ထားတာပါ။
Royal Air Force မှ တိုက်လေယာဉ်မှုး Bill Forrester (Gregory Peck ) က သူ၏ချစ်မြတ်နိုးလှစွာသော ဇနီးသည် သေဆုံးသွားတာကြောင့် အရူးတစ်ပိုင်း စိတ် ကယောက်ကယက်ဖြစ်နေရှာသူပါ။ ဘ၀မှာ သေဖို့စိတ်ကူးနဲ့ လူတစ်ယောက်ဟာ စစ်မြေပြင်ဖြစ်တဲ့ မြန်မာပြည်တွင်းကို သူ့လေယာဉ်ပျက်ကျပြီးနောက် ခရစ်ယာန် သူနာပြုဆရာမလေး Anna (၀င်းမင်းသန်း) နှင့်တွေ့ဆုံကြတဲ့ ပြန်လည်ရှင်သန်လာသော ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ထူးခြားတာက နိုင်ငံခြား ဇာတ်ကားတစ်ကားမှာ မြန်မာဆန်ဆန် အမျိုးသမီးကို အင်္ဂလိပ်စကား လေယူလေသိမ်းကောင်းကောင်းနဲ့ သရုပ်ဆောင်ထားလို့ပါပဲ။

Hollywood ရုပ်ရှင်မင်းသမီးကြီး ၀င်းမင်းသန်းရဲ့ အကြောင်းကို wikimyanmar မှာလဲ ဖတ်ရှုလို့ရပါတယ်။

The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၁)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၂)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၃)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၄)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၅)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၆)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၇)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၈)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၉)


The Purple Plain (ခရမ်းရောင်လွင်ပြင်) အပိုင်း(၁၀)



The Purple Plain (ခရမ်းရောင်လွင်ပြင်) (ဇာတ်သိမ်း)

15 September, 2009

နအဖ ဘာတွေ လုပ်နေလဲ ( သားဆွေ ရေးသည် )

( WE FIGHT WE WIN ဘလောဂ်မှ )
“ထို့ကြောင့်ဤသို့” ဆိုတဲ့ ဖြေရှင်းချက်တွေကို နအဖ စစ်အုပ်စု နေ့တိုင်းနီးပါး မရပ်မနား လုပ်ပေးနေရတယ်။တရုတ်ကို ဖားရတယ်၊ ကချင်ကို နားချရတယ်၊ ၀ ကို ကတိပေးရတယ်၊ ပြည်သူကို လိမ်နေရတယ်။ ကိုးကန့်ကို တိုက်လိုက်တာ လွယ်ပေမယ့် နောက်ပိုင်း ရှင်းရတာတွေက ပိုခက်နေတယ်။

- နအဖ စစ်ကောင်စီ ကြေညာချက် ၁/၂၀၀၉ ထုတ်ပြီး ရှင်းနေရတယ်။
Justify Full
- ကိုးကန့်ဒေသမှာ စိတ်ကြွဆေးပြားတွေ၊ စက်ရုံတွေ၊ လက်နက်မှောင်ခိုလုပ်ငန်းတွေ တွေ့ရှိရကြောင်း (အခုမှ) ထုတ်ပြောနေရတယ်။
ပီးခဲ့တဲ့လ အထိက အဲဒီဒေသမှာ ဘိန်းအစားထိုးလုပ်ငန်းတွေ အောင်မြင်နေကြောင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်နေပြီဖြစ်ကြောင်း
ဒေသတည်ငြိမ်အေးချမ်းနေကြောင်း နအဖ ရေးခဲ့ပြောခဲ့သေးတယ်။ အခုမှ ဗြုန်းစားကြီး WY ဆေးပြားတွေ ဘိန်းတွေ ဆေးခြောက်တွေ M 21 - 22 တွေ ဘယ်ကထွက်လာလဲ။
- အခုလို ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးကို အသည်းအသန်တိုက်ဖျက်နေပေမယ့် အိမ်နီးချင်းနိုင်ငံတွေ အနောက် အင်အားကြီးနိုင်ငံတွေက သတိမပြုမိတာ ပူးပေါင်းဆောင်ရွက်မှုမလုပ်ကြတဲ့အပေါ် နအဖ ၀မ်းနည်းနေကြောင်း လျှောက်ပြော လျှောက်ရေး လုပ်နေရတယ်။

- တရုတ်ပြည်ထဲပြေးဝင်သွားတဲ့ လူတွေကို ပြန်ပြီးလက်ခံဖို့နဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရှိဖို့ တရုတ်အစိုးရကို ကတိတွေပေးနေရတယ်။
တရုတ်နွယ်ဖွား ကိုးကန့်တွေအပေါ် လူမျိုးတုံး စစ်ဆင်တာ မဟုတ်ကြောင်း တရုတ်ကြီး ကို ရှင်းပြတာ ရွှေနားတော်သွင်းတာ လုပ်နေရတယ်။
- ထွက်ပြေးသွားတဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်က ယူငင်လုယက်နေလို့ ဖြေရှင်းချက်တွေ ထုတ်နေ ရတယ်။
ဘယ်တုန်းကဖမ်းထားမှန်းမသိ ဘယ်ကမှန်းမသိတဲ့ လူတွေက သူခိုးတံဆိပ် ကပ်ပေးပြီး တရားခံပြ လုပ် နေရတယ်။
ချင်းရွှေဟော်မှာ တရားခံတွေကိုဖမ်းချုပ်ထားကြောင်း ယခု ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ကြောင်း စာလုံးမဲနဲ့ခေါင်းကြီးသတင်းတွေ ဖော်ပြနေရတယ်။
- အပစ်အခတ်ရပ်ဆဲထားတာ ကျိုးပေါက်သွားတာမဟုတ်ကြောင်းနဲ့ “၀” တွေ “ကချင်” တွေအပေါ် စစ်ရေးတိုက်ခိုက် ကျူးကျော်မှုတွေ လုပ်မှာမဟုတ်ကြောင်း ၃ ကြိမ်ထက်မနည်း ကတိတွေပေးနေရတယ်။ (၀ နယ်ကိုတော့ စစ်အင်အား ၃ သောင်းထက်မနည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၀ိုင်းပတ်နေရာယူထားတယ်)

- သတင်းစာထဲမှာ “လောက်ကိုင်မှာသာတဲ့လ” လို “ကိုးကန့်ဒေသ ငြိမ်းချမ်းမြဲ - စိမ်းလန်းစိုပြည် စည်ကားဆဲ” လို ခေါင်းစဉ်မျိုးတွေနဲ့
အမြီးအမောက်မတည့်တဲ့ ဆောင်းပါးတွေ ရေးထည့်ပြီး တနိုင်ငံလုံးသိအောင် ၀ါဒဖြန့်နေရတယ်။

- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးလက်မခံလို့ အခုလို ဘိန်းပြပြီး စစ်ရေးအရ ဖြေရှင်းလိုက်တာ မဟုတ်ရ ပါကြောင်း မြောက်ပိုင်းက အပစ်အခတ် ရပ်ထားတဲ့အဖွဲ့ တွေကို လိုက်ရှင်းပြနေရတယ်။သူခိုးလူမိဖြစ်သွားလို့ ဘက်စုံ ရှင်း လင်းပွဲတွေ လုပ်နေရတယ်။
- မြန်မာပြည် တောင်ပိုင်းမှာ ကရင်တွေကို အပြုတ်တိုက်ဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတယ်။ ဒီကေဘီအေ ၀တ်စုံဝတ် သစ်ခုတ်သမား အယောင်ဆောင်ပြီး ကရင်တော်လှန်ရေးနယ်မြေထဲဝင် ကရင် ကရင် ခြင်း သတ်ခိုင်း နေတယ်။
ကရင် ကရင်ခြင်းသတ်ပြီး ပြန်လာတဲ့ ဒီကေဘီအေ တပ်မှုးကို သံလွင်မြစ်ထဲမှာဖျောင်ခဲ့ဘူးတယ်။

- လောလောဆယ် သတင်းပေါက်ကြားမှုဖြစ်ပွားသွားတဲ့အတွက် ထိုးစစ်ကို ခေတ္တရပ်ထားတယ်။ ကရင်အမျိုးသား အစည်းအရုံးဘက်က
ထိုးစစ်ဆင်လာတော့မယ့် သတင်းရလို့ ဖာပွန်-ကမာမောင်းလမ်းကို ဖြတ်တောက် ပိတ်ဆို့ ထားတယ်။ ဒီလမ်းက တပ်မဟာ ၅ ကို ထိုးစစ်ဆင်မယ်ဆိုရင် အရေးပါတဲ့လမ်းဖြစ်နေတယ် ဒီလမ်းကနေ ထောက်ပို့လုပ်ငန်းတွေသွားမယ်။ တိုက်မယ်ဆိုရင် တိုက်ပွဲကြီးတွေတော့ တိုက်မှာမဟုတ်။ မြောက်ပိုင်းအရေးက ပူပူနွေးနွေးရှိသေးတယ်။ မြောက်ပိုင်းမှာတပ်တွေ စုပုံအောထားရလို့ တိုက်မှာမဟုတ်ဘူးဆိုတဲ့ အမြင်မျိုးဖြစ်ပေါ် လာတဲ့ အချိန်ကို နအဖ စောင့်နေတယ်။ အလစ်အငိုက်မှာ တိုက်လိမ့်မယ်။

- ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကို ရန်စတာတွေလုပ်နေတယ်။ စစ်တပ်က လားဟူ ပြည်သူ့စစ် ယူနီဖောင်းဝတ်ပြီး ကင်းလှည့်တာ ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်။ ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ တက် ရင် စစ်တပ်က လားဟူ ဘက်ကနေ
ချက်ချင်းအားဖြည့်ပေးမယ်ပြောပြီး ၀ ကို တိုက်ဖို့ လားဟူကို မြှောက်ပေး နေ တယ်။ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့မှာ လူအင်အာ ၄၀ ၀န်းကျင်ရှိတယ်။ စစ်တပ်က နောက်ထပ် လူအင်အား ၂၀ နဲ့ လက်နက်ခဲယမ်း တွေ ဖြည့် ထားတယ်။ လူ ၅၀ - ၆၀ လောက်နဲ့ ငါးစာ ချထားတာ ငါးမျှားချိတ်ကို ၀ တပ်ဖွဲ့ တွေ မမြင်ပါစေနဲ့လို့ နအဖ ဆုတောင်းနေတယ်။
- တောင်းပိုင်း ၀ တပ် ဖွဲ့ဟာ ၀ ပြည် တပ်မတော်ရဲ့ အသက်သွေးကြော တခုဖြစ်တယ်။ တရုတ်အစိုးရကို နအဖ က ကပ်နိုင်လို့ တရုတ်ပြည်က ၀ တွေ အပေါ် ဆေးဝါး ရိက္ခာ လက်နက်ခဲယမ်း မကူညီခဲ့ရင် တောင်ပိုင်းဝ နယ်က လိုအပ်ချက်တွေကို ထိုင်းနယ်ထဲကနေ ဖြည့်ဆည်းနိုင်တယ်။ တောင်ပိုင်း ၀ တပ်ဖွဲ့ဟာ ၀ အမျိုးသားတွေနဲ့ ၀ တပ်မတော် အတွက် Logistics ဖြစ်တယ်။ ဒါကြောင့် နအဖ က တောင်ပိုင်းဝ နယ် ထိုင်းနယ်စပ်တလျောက် မှာ အင်အားတိုးချဲ့ ချထားပြီး ဖြတ်တောက်ဖို့ ကြံနေတယ်။ ထိုးစစ်အရလဲ အရေးပါတယ်။ တောင်ပိုင်းဝနယ်က လှုပ်ရှားနယ်မြေအရ သေးငယ်တယ် အင်အားနည်းတယ်။ စစ်ဖြစ်ပြီဆိုတာနဲ့ မြောက်ပိုင်းဝနယ်ကို စစ်ရေး အရ ခြိမ်းခြောက်ထားမယ်၊ တောင်မြောက်အဆက်ဖြတ်မယ်၊ တောင်ပိုင်းဝ နယ်ကို သိမ်းမယ် ဆိုတဲ့ စစ်ရေး ကြံစည်ချက် ရှိနေနိုင်တယ်။

- ကိုးကန့် အရေးမှာ သင်ခန်းစာ ရသွားတဲ့ အပစ်အခတ်ရပ်ဆဲရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြလို့
ထင်သလောက် လွယ်ကူမှာမဟုတ်မှန်း နအဖ တွက်ချက်မိနေတယ်။ နအဖ အင်အားတိုးချထားပြီး ဒုတ်ပြ ခဲပြ လုပ်နေတာ
ဝ လူထုက တအိမ်တယောက် စစ်ထဲလိုက်မယ်ဆိုတဲ့ ကတိပေးလိုက်သလို ၀ တပ်မတော် စစ်ဦးစီး အဖွဲ့ကလည်း အသက်ပေး ကာကွယ်မယ်ဆိုတဲ့အတွက် ရှေ့တလှမ်းတိုးရမလား - နောက် ပြန်ဆုတ်ရမလား ဖြစ်နေ တယ်။
- အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေက မြွေမသေ ဒုတ်မကျိုးလုပ်နေတာ နအဖ အခံရခက်နေတယ်။ နအဖ လက် အောက်ခံ နယ်ခြားစောင့်တပ် လုပ်တာထက် ကချင့်လက်နက် ကချင့်လက်ထဲမှာထားပြီး ကချင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေးတပ်ဘဲ လုပ်မယ် ဆိုတဲ့ ကေအိုင်အိုရဲ့ သဘောထားနဲ့ ကေအိုင်အို မဖျက်ဘဲ ပါတီသစ်တခုဖွဲ့ပြီး ရွေးကောက်ပွဲဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နအဖ အငိုက်မိသွားတယ်။ ဒါကို လတ်တလော ဖြေရှင်းဖို့ မရနိုင် သေးဘူး။ နည်းလမ်းမတွေ့ သေးဘူး။ လတ်တလော မဖြေရှင်းနိုင်ပေမယ့် မူ အရ နအဖ လုံးဝ လက်မခံနိုင်ဘူး ဆိုတာ သိသာထင်ရှားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အသုံးအနှုန်းမျိုး နအဖ ရေးဆွဲ ထားတဲ့ ဖွဲ့ စည်းပုံထဲမှာ မပါဘူး။ ၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်တုန်းက နေ၀င်းစစ်အုပ်စုရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးလှဟန်က ဗကပ ကိုယ်စားလှယ်တွေတင်တဲ့

တောင်းဆိုချက်တွေနဲ့ ပက်သက်ပြီး နှစ်လုံးထဲနဲ့ ဘောင်းဘီညပ်ခဲ့ဘူးတယ်။ ဗကပ တောင်းဆိုခဲ့တာက “တိုင်းရင်းသားလူမျိုးစုများအပေါ် စစ်ဆင်နေမှု ရပ်ဆိုင်းရန်” စစ်အုပ်စု ကိုယ်စားလှယ်က ဘာ တင်ပြလဲဆိုတော့ “တိုင်းရင်းသားလူမျိုးစုများအပေါ်“ လို့ မသုံးပါနဲ့
ဘာကြောင့်လဲ ဆိုတော့ သူတို့နဲ့ ဘတပြန်ကျားတပြန် တိုက်နေရလို့ပါတဲ့။အခုလည်း “ကချင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်” ဆိုတာနဲ့ ပါတ်သက်ပြီး နအဖ ကိုယ်စားလှယ် ဘာတွေပြောရမယ်ဆိုတာ စဉ်းစားနေမှာဖြစ်တယ်။

- ရှေ့ တန်းစစ်မျက်နှာမှာ ပြဿနာသောင်းခြောက်ထောင် တက်နေချိန်မှာ - စစ်နောက်ပိုင်း ဒေသလို့ ပြောလို့ရတဲ့
ရန်ကုန် မန္တလေး ပဲခူး ပခုက္ကူ မုံရွာ မြင်းခြံ စစ်တွေ မော်လမြိုင်မြို့ တွေမှာ မြို့တွင်းလှုပ်ရှားမှုတွေဖြစ်ပေါ်လာနေတော့ နအဖ နောက်ကြောမလုံဖြစ်နေတယ်။- စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး တကျော့ပြန်ဖြစ်လာဖို့ တာစူနေကြသလို၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုတွေကလည်း အရှိန်တက်လာနေတော့ စစ်နောက်ပိုင်းဒေသတွေမှာလည်း စစ်အင်အားတွေ တိုးချထားနေရတယ်။
- ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်လို့ အနောက်နိုင်ငံတွေက နအဖ အပေါ် အရေးယူမှု မူလီ ထပ်ကြပ် လိုက်တာကို အခံရခက်နေတယ်။ဒါ့အပြင် ဒီအမှုက ဒီမှာတင် မပြီးဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး ခုခံ ချေပ ခွင့်တောင်းတာ အယူခံတင်တာ ရှေ့ နေတွေနဲ့ တွေ့ ဆုံခွင့်တောင်းတာတွေက သတင်းမီဒီယာတွေ ပေါ် တကျော့ ပြန်တက်လာတော့ နအဖ စိုးရိမ်နေတယ်။ အစကတော့ ကျေးဇူးရှင်ကြီး ယက်တော၊ ခုကျ ဂျိုမွှေတဲ့ ယက်တော တဲ့ နအဖ စစ်အုပ်စုပြောနေပြီ။
- နအဖ ဘက်က ရွေးကောက်ပွဲ ဥပဒေနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေကို ခုချိန်ထိ မထုတ်ပြန်နိုင်သေးတဲ့အပေါ် အေးလွင့်တို့ အုပ်စုတွေကပါ စိတ်မရှည်တော့ဘူး။ ခပ်တည်တည်နဲ့ဆိုင်းဘုတ်ထောင် ရုံးဖွင့်ပြီး စည်းရုံးနေကြပြီ။ နအဖ ဘက်ကလည်း အနည်းဆုံးတော့ (ဒီချုပ် မပါရင်တောင်) အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေတိုင်းရင်းသားတွေ ရွေးကောက်ပွဲဝင်မှ ဖြစ်မယ်ဆိုတဲ့ လျာထားချက်ရှိလေတော့ ငြိမ်းအဖွဲ့တွေကို အရင်ငြိမ်းအောင်လုပ်နေရတယ်။

- အခုလို အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီတခုရဲ့ လွပ်လပ်စွာ စည်းရုံး လှုပ်ရှား ခွင့်တွေကို ခွင့်ပြုဖို့ တောင်းဆိုလိုက်တဲ့အခါမှာ နအဖအတော် မကြေမနပ်ဖြစ်သွားတယ်။ အရှိုက်အထိုးခံလိုက် ရတယ်။ ဒီချုပ်ဘက်က ဒီတောင်းဆိုမှုကို နိုင်ငံရေးတိုက်ကွက်တခုလို တိုးချဲ့လုပ်ကိုင်လာခဲ့ရင်ဆိုတဲ့စိုးရိမ်ချက် နအဖ မှာ ဖြစ်ပေါ်နေတယ်။ ဒီချုပ်ရဲ့တောင်းဆိုချက်ကို ဆူပူမှုတွေ လုပ်တော့မယ်။ လူထုအုံကြွမှုတွေ ဖြစ်တော့ မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချဖို့ ကြံစည်နေတယ်။

- အုံကြွမှုတွေက တကယ်ဖြစ်လာတော့မယ့် အလားအလာတွေရှိနေပြီ။ ဖြစ်လာဖို့ တာစူနေပြီ။ အခုတခေါက်ဖြစ် လာရင် အရင်လို ထိမ်းနိုင်မှာမဟုတ်ဘူး။မဖြစ်ခင် ကြိုပြီး ရှင်းပစ်ဖို့ နအဖ အမိန့်ထုတ်ထားတယ်။ တပြည်လုံး စစ်မျက်နှာဖြစ်နေပြီ။ နေရာတိုင်း လက်နက်ကိုင်တွေချထားရတယ်။တပြည်လုံး လူဖမ်းပွဲတွေ လုပ်နေတယ်။ သံဃာတွေကို ဖမ်းနေတယ်။ ကျောင်းသားတွေကို ဖမ်းနေတယ်။ လောက်လေးဂွ တပ်တွေ ဖွဲ့နေတယ်။
- နအဖ အကြောက်ဆုံးက ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ခေတ်စားလာတဲ့ မြို့ပြပျောက်ကြား အယူအဆနဲ့ မြို့ပြ ပျောက်ကြား လှုပ်ရှားမှု။ မြို့ပြပျောက်ကြား မီးဒုတ် ကိုင်လိမ့်မယ်။ မြို့ ပြပျောက်ကြားရဲ့  အဓိက ရည်ရွယ်ချက်က ရန်သူ့နောက်ကျောမှာ လှုပ်ရှားတယ်။
ရန်သူ့စစ်နောက်ပိုင်းဒေသတွေမှာ အဖျက်လုပ်ငန်းတွေလုပ်တယ်။ ရန်သူ့ ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။
ဂိုထောင်တွေ မီးတိုက်ပစ်တယ်။ မော်တော်ယဉ်တွေ မီးရှို့ ပစ်တယ်။ ရန်သူ့ သတင်း ပေးတွေ သစ္စာဖောက်တွေကို ဆုံးမပစ်တယ်။
မြို့ ပြယဉ်ကျေးမှုထဲက မြို့ ပြပျောက်ကြားတွေ ပေါ်ထွက်လာမှာ နအဖ အစွမ်းကုန် ကြောက်နေတယ်။ တွေးလေလေ တစိမ့်စိမ့်ကြောက်လေလေဘဲ။

(သားဆွေ)

10 September, 2009

နှစ် (၇၀) ပြည့် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး



















ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့
ဇင်လင်း
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ရွှေဝါရောင်သံဃာ့အရေးတော်ပုံသည် ယခု ၂၀၀၉ စက်တင်ဘာတွင် (၂) နှစ်ပြည့်ပြီဖြစ်သည်။ စစ်အာဏာရှင် တို့က သံဃာတော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရဟု အမိန့်အာဏာဖြင့် တားမြစ် ကန့်သတ်ရုံမျှမက သာသနာ့နယ်မြေအတွင်း လက်နက်ကိုင်ကျူးကျော်ကာ ရဟန်းသံဃာတော်များအား သတ် ဖြတ် ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ စသည့် သာသနာဖျက်လုပ်ငန်းများကို အကြမ်းဖက်မှုမျိုးစုံသုံး၍ လူမဆန်စွာလုပ်ခဲ့ကြသည်။ ထိုသို့ ရက်ရက်စက်စက် သွေးထွက်သံယို သတ်ဖြတ်ပြလိုက်ရုံဖြင့် စစ်အာဏာကို အန်တုမှုများ ငြိမ်ကျသွားမည်ဟု စစ်အုပ်စုက ထင်ပုံရသည်။ မြန်မာနိုင်ငံတွင် ပြည်သူတို့ ဆင်းရဲဒုက္ခရောက်ရ သည့် အရေးကိစ္စရပ်တိုင်း၌ သံဃာတော်တို့ မားမားမတ်မတ် ရပ်ခဲ့ကြသည့် သမိုင်းအစဉ်အလာကို စစ်ဗိုလ်ချုပ် များ မေ့လျော့နေဟန်တူသည်။ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၂) နှစ်ပြည့်သည့် ယခုနှစ်သည် “ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက် ခဲကျပ်တည်းကာ ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ် လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်း ချခံခဲ့ရသည့် သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်ကို မြန်မာတို့မမေ့လောက်သေးဟု ထင်သည်။ ထိုရဟန်းတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည် ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အ ကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်လာသည်ကို မှတ်မိကြမည်ထင်ပါသည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘု ရင်ခံဖြစ်သည်။
“ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ်မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်”

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီ တိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသ နာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြ တယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့ပုံမှာ ကြက်သီးထလောက်သည်ဟု မှတ်တမ်းများရှိသည်။

ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကို လိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားမှ မိမိနိုင်ငံသူနိုင်ငံ သားတို့ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက်လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင် ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၀၉ စက်တင်ဘာတွင် နှစ် ပေါင်း (၇၀) ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါဒများကား ရှင်သန်နေဆဲရှိသည်။ ဆရာတော် အစပျိုးခဲ့ သည့် နိုင်ငံရေးနိုးကြားမှုကား ရဟန်းသံဃာတော်များအကြား၌ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပေသည်။

ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည် နယ်၊ စစ်တွေမြို့၌ (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင် ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်တွင် ဗုဒ္ဓဘာသာ စာ ပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တား ရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထို ကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာ များကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့ သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျိုဗုဒ္ဓဘာသာတက္ကသိုလ် တွင် ပါဠိနှင့်သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီး တွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူ ထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည် ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂ လိပ်လက်အောက်မှလွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦး တည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ် တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များ ဟုမ္မ ရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ် က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင် ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော် သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်း ဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။

ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသလွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီး ကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာ တော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း ကြိတ်ကြိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာ တိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံစိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြ နိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင် မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပ ဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူ ရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန် ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။˝

ထို့ကြောင့်လည်း ဆရာတော်ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနု စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာ နုအမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင် မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။

ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင် ငံရေး နိုးကြားလာလျက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခမ်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာ တော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။

ဗုဒ္ဓသာသနာစည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟော ပြောသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ‘သံဃာ့သမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ် လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃာ့သမဂ္ဂီများ ပေါ် ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာ တော်များ ဂျီစီဘီအေအသင်း ခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ် (၅၀၀) ကျော် တက်ရောက် ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်း ပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။

ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတ ရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက် ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုး တွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “က ရက်ဒေါက် ဂက်ဒေါက်” (Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံး ကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညို ပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရ သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအ သင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။

ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦး ဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာ လျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာ အတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာ ကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိ မြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော်ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြ သည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေး ဟောပြောလာကြသည်။ သံဃာ့ သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင် ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူးကို တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံ ခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပ ဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံသ ဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီအုပ် ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကိုမတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ် သော စနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြ လှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေး စနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူး သတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့ သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြ ရမယ်။ ခိုးရမှာ၊ ဒိုင်အာခီကောင်စီဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင် ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”

ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူ ခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်း ဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်” တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောက်ျား နိုးသောလားသို့’ လွတ်လပ် ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ် လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုး ချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်အာဇာနည်ဂုဏ် ပုဒ်တို့ကို စစ်အာဏာရှင်အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေ ခြင်းဖြစ်ပေသည်။

ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ် မျိုးဆက်သစ်တို့သည် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ မကြာမီ ဆင်နွှဲတော့မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် တက်တက်ကြွကြွ ပါဝင်ရန် ပြင်ဆင်နေ ကြပေပြီ။ ၂၀၀၉ အောက်တိုဘာလ (၃) ရက်နေ့တွင် သံဃာတော်များ၏ တတိယအကြိမ် သံဃာ့သပိတ်တိုက် ပွဲတရပ် ဆင်နွှဲမည်ဖြစ်၍ သံဃာတော်များနှင့်အတူ တပြည်လုံး အတိုင်းအတာဖြင့် ပါဝင်ကြရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သြဂုတ်လ (၂၈) ရက်စွဲဖြင့် နှိုးဆော်ထားပေသည်။ စစ်အစိုးရအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ သံဃာထုအား တောင်းပန်ရန် နှိုးဆော်ထား သည်။ မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် သံဃာထုကြီးက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။

သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ၏ ရှင်းပြချက်အရ တတိယအကြိမ် သပိတ် မှောက်ကံဆောင်ရာတွင် ထူးခြားချက်မှာ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ သံဃာ့ သမဂ္ဂီအဖွဲ့များက မြတ်စွာဘုရား၏ ၀ိနည်းဥပဒေကို လိုက်နာရန် ပျက်ကွက်သော သံဃာတော်များ၊ စစ်တပ်နှင့် ပေါင်းသော သံဃာတော်များအား သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယ ကံဆောင်မည်ဖြစ်ပါသည်။ “ဦးဥတ္တမခေတ်” ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃာ့သမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) မျှ သက် တမ်းရင့်ရှည်ခဲ့ပြီးနောက် “ရွှေဝါရောင်ခေတ်” သံဃာ့သမဂ္ဂီအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက် ရှိပေသည်။ ဓမ္မနှင့် အဓမ္မ အားပြိုင်ပွဲ၌ ဓမ္မသည် အဓမ္မအပေါ် အောင်ပွဲဆင်မြဲ ဆင်ပေလိမ့်မည်။

-“ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) အထိမ်းအမှတ် ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၅) သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ၊ ၂၅ သြဂုတ် ၂၀၀၉၊ ခေတ်ပြိုင်။
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ထပ်ဆင့်ဖော်ပြသည်။

04 September, 2009

"ဗမာ့စောင်း"



ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
မူရင်းဂျပန် ဂျပန်ဘာသာဖြင့် (ビルマの竪琴 Biruma no tategoto)ကိုမြန်မာ ဘာသာဖြင့် "ဗမာ့စောင်း" ဟာ ဒါရိုက်တာ Kon Ichikawa ရိုက်ကူးသော စစ်ဆန့်ကျင်ရေး အဖြူအမဲ ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်စုကို ဇာတ်အိမ်တည်ထားကာ မြန်မာပြည်တွင် လာရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည် ရိုက်ကွင်းများအတွက် အေဝမ်း ရုပ်ရှင်မှ ကူညီပေး ခဲ့သည်။ဒါရိုက်တာ Kon Ichikawa အား ကမ္ဘာကသိစေခဲ့သော အော်စကာဆု နောက်ဆုံး စကာတင် စာရင်းဝင်ခဲ့သည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။
ကမ္ဘာ့စစ်ကြီး တွေ ရဲ့ ရူးသွပ် ကြောက်မက်ဘွယ် ကောင်းမူ တွေ ကြား ထဲ က.. လူတယောက် ချင်း စီမှာ ရှိ နေ နိုင် တဲ့ လူသားစိတ် ကလေး ကို၊ အနု ပညာ မြောက် အောင် ဖော် ပြ ထား တာတွေ့ရသည်။
အရာခံဗိုလ် Mizushimaသည် ဗိုလ်ကြီး Inouye၏ တပ်စိတ်မှ ဖြစ်ပြီး မြန်မာစကားအား ကျွမ်းကျင်စွာ ပြောဆိုနိုင် သည်သာမက မြန်မာလူမျိုး နှင့်ပါ ရုပ်ချင်းတူ သူဖြစ်သည်။ ထို့အပြင် မြန်မာ့စောင်းကောက်ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူ လည်းဖြစ်သည်။ Mizushima သည် မြန်မာ စစ်မြေပြင် တွင် တိုက်ခိုက်ရင်း တပ်စု စိတ်ဓာတ် မြှင့်တင်းရေး အတွက် သာမက အမိမြေကိုလွမ်းသည့် အကြောင်းများကို စောင်း ကောက်တီးကာ သီချင်းဆို လေ့ရှိသည်။ တပ်စု တစ်စုလုံး ရွာတစ်ရွာ အရောက်တွင် ဂျပန်တို့ ချွင်းချက် မရှိ လက်နက်ချကြောင်း ကြားသိ ရသည်။ ထို့ကြောင့် ထိုသတင်းကို မသိသေးပဲ တောင်ပေါ်တွင် ဆက် လက်တိုက်ပွဲ ဝင်နေသည့် ဂျပန်တပ်စိတ် တစ်စိတ် ကို သတင်းပေးရန် Mizushima ဆုံးဖြတ်ခဲ့သည်။
ဗြိတိသျှတို့ဘက်မှ မိနစ်၃၀ အပစ်အခတ်ရပ်ပေး ချိန်တွင် ထိုတပ်စိတ် ခိုအောင်းရာ ဂူတွင်းသို့ ဝင်၍ လက်နက် ချရန် ဖျောင်းဖျခဲ့ရာ လက်မခံ ကြပေ။ သို့ဖြစ်၍ Mizushimaမှ တိုတပ်စိတ် အစား အလံဖြူတက်ပြ ရာတွင် အထင်အမြင်လွဲကာ မေ့မျောအောင် ဝိုင်းဝန်း ထိုးကြိတ် ပြီး ဂူထဲတွင် ပစ်ထားခဲ့ကြသည်။ မိနစ်၃၀ပြည့်၍ ဗြိတိသျှတို့က လက်နက် ကြီးဖြင့် ပစ်ခတ်ရာ ထိုတပ်စိတ် တစ်စိတ်လုံး သေဆုံးသွား ခဲ့ပြီးဂူထဲ တွင်မေ့မျော ကျန်ခဲ့သူ Mizushima သာ အသက်ရှင် ကျန်ရစ် ခဲ့သည်။
ဗိုလ်ကြီး Inouyeနှင့် တပ်စိတ်လည်း Mizushima သေဆုံးပြီ အထင်နှင့် မုဒုံရှိ စစ်သုံ့ပန်း စခန်းသို့ လိုက်ပါသွား သည်။ Mizushima သည်မုဒုံရောက် သူ၏တပ်စိတ်နှင့် ပြန်လည်တွေ့ဆုံ နိုင်ရန် ရဟန်း အရောင်ဆောင်ကာ ခြေလျင်ခရီး နှင်လေသည်။ လမ်းတစ်လျှောက် နေရာအနှံအပြား တွင် အစုလိုက် အပြုံလိုက်သေဆုံး နေကြသော ဂျပန်စစ်သား အလောင်းများကို မြင်တွေ့ရာမှ ကောင်းမွန်စွာ သင်္ဂြုလ်ပေးရန် သူ့တာဝန်သာ ဖြစ်ကြောင်း စဉ်းစား မိသည်။ ထို့ကြောင့် Mizushima သည်လမ်း တစ်လျှောက် မြင်မကောင်းအောင် သေဆုံးနေကြသော ဂျပန်စစ်သား အလောင်းများကို တစ်ဦးတည်း လိုက်လံမြုပ်နှံ သင်္ဂြုလ်ရင်း မုဒုံသို့ ရောက်ရှိ လာခဲ့သည်။ သို့သော် မုဒုံအရောက် တွင် ၎င်း၏တပ်နှင့် အတူဂျပန် မပြန်လိုတော့ပဲ ကျန်ရှိနေသေးသော အလောင်းများကို လိုက်လံ မြုပ်နှံရင်း ငြိမ်းချမ်းသော ဗုဒ္ဓဘာသာ ရဟန်းအဖြစ်ဖြင့် မြန်မာပြည်တွင် နေရစ် ခဲ့တော့သည်။

Burma VJ ကြည့်ပြီ်းပြီလား

မြန်မာပြည်မှာနေဖူးတဲ့ ပြည်သူတွေက ဘယ်လိုဖိနှပ် သတင်းတွေ ဘယ်လိုအမှောင်ချထားတယ်ဆိုတာ ပိုပြီး သိနားလည်ကြမှာပါ..သတင်းသမားများရဲ့ အသက်နဲ့ကြေးထပ်ရင်း ရိုက်ကူးခဲ့ရတဲ့ ဒီမှတ်တမ်းတင် ရုပ်ရှင်ကားကို ယခုအခါ youtube တွင် အပိုင်းလိုက်ကြည့်ရှုနိုင်ပါတယ်။



Burma VJ : Reporting from a Closed Country မြန်မာဗွီဒီယိုသတင်းသမား ဖိနှိပ်ခံနိုင်ငံက သတင်းပေးပို့ခြင်းလို့ခေါ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားဟာ မကြာခင်က အမေရိကန်ပြည်ထောင်စုမှာ ကျင်းပပြီးစီးသွားတဲ့ မှတ်တမ်းတင်ရုပ်ရှင်ပွဲတော် တခုမှာ ဆု ၃ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီကားဟာ ၂၀၀၇ ခုနှစ် ရဟန်းရှင်လူ ပြည်သူ့လှုပ်ရှားမှုအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ၈၅ မိနစ်ကြာ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီ Burma VJ မှတ်တမ်းတင်ကားကို အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်က ဒါရမ် (Durham) မြို့မှာ ကျင်းပခဲ့တဲ့ Full Frame မှတ်တမ်းတင် ရုပ်ရှင်ပွဲတော်မှာ ဆု ၃ ခု ချီးမြှင့်ခြင်းခံခဲ့ရတာပါ။ ဒီပွဲတော်ကို လွန်ခဲ့တဲ့ ၁၂ နှစ်က စလို့ နှစ်စဉ် ဧပြီလမှာ ကျင်းပပြီး တကယ့်အဖြစ်အပျက် အကြောင်းအရာတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ကားတွေ ကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

ဧပြီလ ၄ ရက်ကနေ ၇ ရက်အထိ ကျင်းပခဲ့တဲ့ ဒီပွဲတော်မှာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူတွေ အပါအ၀င် လာရောက်အားပေး သူပေါင်း ၇,၀၀၀ ကနေ ၁၀,၀၀၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ Burma VJ ကားရဲ့ ဗွီဒီယိုရုပ်ပုံတွေကို နော်ဝေး အခြေစိုက် Democratic Voice of Burma (DVB) က ဗွီဒီယိုသတင်းသမားတွေဆီက ရယူပြီး ဒိန်းမတ်နိုင်ငံသား အန်ဒါစ် အော့စ်တာဂါ့ဒ် (Anders Ostergaard) က ဒါရိုက်တာအဖြစ် စီမံပြီး ထုတ်လုပ်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အကြောင်းအရာ အမျိုးမျိုးကို မှတ်တမ်းတင်ထားတဲ့ ရုပ်ရှင်ပေါင်း ၁,၂၀၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ Burma VJ ဟာ ဆုရရှိခဲ့တဲ့ မှတ်တမ်းတင်ရုပ်ရှင်ပေါင်း ၁၀ ခုထဲက တခုဖြစ်ပါတယ်။ ဆုပိုင်ရှင်တွေ ကို ဘယ်လို ရွေးချယ်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီပွဲတော် စီမံကျင်းပရေး ညွှန်ကြားရေးမှူး မစ္စ စေဒီတေလာရီ (Ms. Sadir Tillery) က အခုလို ရှင်းပြပါတယ်။

“ကျမတို့ဆီမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့အတွက် လျှောက်လွှာတင်သွင်းလာတဲ့ ရုပ်ရှင် ၁,၂၀၀ လုံးကို အကဲဖြတ်တဲ့အဖွဲ့ဝင် အယောက် ၂၀ ပါ ကော်မတီတခု ရှိပါတယ်။ အဲဒီထဲကမှ ၁၀၀ ကိုရွေးတယ်၊ အဲဒီနောက် လက်ရွေးစင် ၁၀ ကားကို နောက်ဆုံး ရွေးတာပါ။”

Burma VJ ကား ရရှိခဲ့တဲ့ ဆု ၃ ခုကတော့ Anne Dellinger Grand Jury Award လို့ ခေါ်တဲ့ အနုပညာ လက်ရာမြောက်မှု အတွက် ပေးတဲ့ဆု၊ နောက်တခါ မြောက်ကာရိုလိုင်းနားပြည်နယ် ဒုခ် (Duke) တက္ကသိုလ် မှတ်တမ်းတင်ရုပ်ရှင်လေ့လာရေး ဌာနကနေပြီး ပညာရေးနဲ့ အပြောင်းအလဲ ဖော်ဆောင်ရေးအတွက် တွန်းအားဖြစ်စေတဲ့အတွက်ကြောင့် ပေးတဲ့ဆု၊ နောက် Full Frame / Working Films Award လို့ခေါ်တဲ့ ပြည်သူလူထုကို လူ့ဘောင်ပြောင်းလဲတိုးတက်ရေးအတွက် စုစည်း လုပ်ဆောင် ချင်စိတ်ဖြစ်အောင် လှုံ့ဆော်မှုတွေကြောင့် ပေးတဲ့ဆုတို့ပဲ ဖြစ်ပါတယ်။

Burma VJ မှတ်တမ်းတင်ကားဟာ Full Frame ဆုအပြင် တခြားအဖွဲ့တွေက ပေးအပ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်ဆုတွေကို လည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီ Burma VJ မှတ်တမ်းတင်ကားကို လာမယ့် မေလ ၈ ရက် နယူးယောက်ခ်မြို့မှာ သတင်းစာ ရှင်းလင်းပွဲနဲ့အပြီး ရုံတင်ပြသခဲ့ ပါတယ်။

29 August, 2009

ငါ တုန်လှုပ်ကြေကွဲရမှာပါ

နေရောင်တောက်ပတဲ့ နေ့လယ်ခင်းတစ်ခုမှာ

တွေ့ရှိခဲ့တာပေါ့

ခေါင်းနားပန်းကြီးလောက်အောင် အေးစက်မာကြောနေတော့

ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်လည်း

သူစိမ်းတစ်ယောက်ကိုပဲ မြင်နေရတယ်

ချွေးတွေနဲ့အတူ ယိုစီးထွက်ကျသွားတာလား

မျက်ရည်တွေထဲ မျောပါသွားခဲ့သလား

စကားလုံးတွေထဲမှာ ပုန်းခိုလို့

အကြည့်တွေကို ခိုစီးလိုက်ပါလို့

နှစ်ကာလတွေကို ဖြတ်သန်းလာခဲ့တာ

ဒီ..အသေကောင်လို မျက်နှာအတွက်လား

အအေးခန်းထဲက ငါးတစ်ကောင်လို

ကြိတ်စက်ထဲကထွက်လာတဲ့ ကြံဖတ်တွေလို

ရင့်ကျက်မှုဟာ

အပူနဲ့ဖိအားနဲ့ အသွင်ပြောင်းလာတဲ့ကျောက်ဆိုပေမယ့်

လူဆိုတာက

စာနာစိတ်နဲ့ ကရုဏာတွေယိုဖိတ်ရတာနဲ့

နွေးကနဲ လှိုက်ကနဲ ဖြစ်သွားရမယ်မဟုတ်လား

အခုတော့…အခုတော့

တစ်ခါကစိတ်နှောက်ပြီး

ကပေါက်တိကပေါက်ချာတွေပြောနေတဲ့

သူတောင်းစားကိုကြည့်

ရှိုက်ကြီးတင်ငိုခဲ့ဖူးတဲ့လူငယ်လေး

ငါ့မျက်ရည်တွေဟာ ငါ့လူသားစိတ်စစ်စစ်ဖြစ်ခဲ့တာပါလို့

ငါ့ကိုယ်ငါ ပြန်လွမ်းရ

နေရောင်တောက်ပတဲ့ နေ့လယ်ခင်းတစ်ခုမှာပေါ့

လေငမ်းဖမ်းပြီး ကိုယ်တစ်ခြမ်းရွဲ့နေတဲ့

အမယ်အိုသူဆင်းရဲတစ်ယောက်

လောကထဲက လူမသိသူမသိ ပျောက်သွားခဲ့တယ်ဆိုရင်

ငါ တုန်လှုပ်ကြေကွဲရမှာပါ

ငါ တုန်လှုပ်ကြေကွဲနေရမှာပါ

ငါ တုန်လှုပ်ကြေကွဲနေခဲ့သင့်တာပါလို့။ ။

လွှင့်မိုးသစ်



28 July, 2009

အမှတ်ရနေတဲ့ အာဇာနည်နေ့များ


မိုးသီးဇွန်-


ကျနော်တို့ ငယ်ငယ်က ကြုံဆုံခဲ့ရတဲ့ အာဇာနည်နေ့ ကို အထူးသတိရတယ်။ အာဇာနည်နေ့ အခန်းအနား က ကျနော်အတွက် နစ်ခုရှိခဲ့လိုပဲ။ တခုက ကျောင်းမှာ တခုက အိမ်မှာ။အာဇာနည်နေ့ မရောက်ခင် တပတ်လောက်ကတည်းကလည်း ကျောင်းက ၁၉ ဇူလိုင်မမေ့နိင် အနီရောင်ပေါ်မှာ အဖြူရောင် စာသားနဲ့ရေးထားတဲ့ရင်ထိုးလေးတွေကိုဝေတယ်။ ရင်ထိုးက အလျား ၂လက်မ အနံတလက်မ ရှိတယ်။ ၁၉ရက်နေ့ မှာ ကျောင်းမှာလည်း စာစီစာကုန်းပြိုင်ပွဲ၊ စကားရေလုပွဲတွေကိုလုပ်ပေးပါတယ်။ အာဇာနည်ကြီးတွေ အကြောင်းကို ဆရာတွေ ကျောင်းသားကြီးတွေက ဟောပြောပေးကြတယ်။ ဟောခန်းမှာ ကျောင်းသားတွေ အားလုံးစုရုံးပြီးဟောပြောပေးကြတယ်။ဒီဟောပြောပွဲတွေထဲမှာ မြန်မာစာသင်တဲ့ ဆရာကြီး ဦးစောမောင်ရဲ့ ဟောပြောချက်ကို ကျနော်တို့ ကြိုက်ကြ တယ်။ ဆရာကြီးက အသားဖြုဖြူ၊ လူကောင်သေးသေး၊ ခေါင်းတွေဖြူနေပြီ။ သူအတန်းထဲကိုလာရင် ရေနွေးအိုးကြီး ကို လက်က ဆွဲလာတာကိုမှတ်မိတယ်။ သူကကျနော်တို့ ၅ တန်းကျောင်းသားတွေကို မြန်မာ သဒ္ဒါကိုသင်ပါတယ်။ သူရင်ဘတ်ပေါ်မှာချိတ်ထားတဲ့ မော်ခွန်းဝင် တံဆိပ်ကိုလည်း ကျနော်တို့ သိချင်တယ်။ ကျနော်တို့ဝိုင်းအုံကြည့်ကြတယ်။ သူက တံဆိပ် အကြောင်းကို ရှင်းပြတယ်။သူက ဘီအိုင်အေတပ်မှာပါခဲ့တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကိုအချုပ်ထဲမှာ တောင်ထည့်ခဲ့သူ လို့ ဆိုပါတယ်။ သူ စစ်သားလေးဘ၀နဲ့ ကင်းကြနေတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်က အကြောင်းမကြားပဲနဲ့ ၀င်ချလာတယ်။ သူက ဗိုလ်ချုပ်ကို မမြင်ဘူးဘူး။ သူ့ကိုအထက်ကအမိန့် ပေးထားတာက အချိန်မတော်ဝင်လာတဲ့သူဆိုရင် ဖမ်းချုပ်ထားရမယ်။ ဒီတော့ ညကြီးသန်းခေါင် ဆိုင်းမဆင့်ဗုံမဆင့်ဝင်လာတဲ့ ဗိုလ်ချုပ်ကို သူက မင်္သကာတဲ့အတွက် အချုပ်ထဲဖမ်းထည့်ထားလိုက်တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းပုံကိုကြည့်ပြီး ဂျပန်လို့ ပဲထင်နေသတဲ့ ဒါနဲ့ နောက်မှာ ဗိုလ်ချုပ်မှန်းသိတယ်။ ဗိုလ်ချုပ်က သူကိုစိတ်မဆိုးဘူး။ စစ်စည်းကမ်းနဲ့အမိန့်ကို နာခံတဲ့အတွက် အလွန် သဘောကြသွားသတဲ့။ သူ့ကို ဗိုလ်ချုပ်က စာလေးတစောင်ရေးပေးခဲ့တယ်။ ဒီစာ လေးကို ကျနော်တို့ကို သူက မကြာခနထုတ်ပြပါတယ်။ ဟောင်နွမ်းနေတဲ့စာ လေးပါ။ တပ်သားလေးမောင်စောမောင် တာဝန်ကြေပြွန်စွာထမ်းဆောင်မှုကို ဗိုလ်ချုပ်က ချီးကြူးထားတဲ့စာ။ ဒီစာလေးမှာ ဗိုလ်ချုပ်အောင်ဆန်းဝိညဉ် ကိန်းဝပ်နေတယ်။ သူဟောပြောပွဲ မှာဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောရင် သူ မျက်ရည်လည်နေတယ်။ ၁၉ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတယ်ဆိုတဲ့ သတင်းကို သူကြားလိုက်တဲ့ အပိုင်းကို ရောက်တဲ့အခါမှာတော့ သူအသံတွေတိမ်ဝင်သွားတယ်။ ဟောခန်းတခုလုံး တိတ်သွားတယ်။ အာဇာနည်နေ့ ရောက်ပြီဆိုရင်တော့ မနက်ကိုးနာရီမှာ ဥသြစွဲပါတယ်။ အိမ်တွေက ရေဒီယိုတွေကို ကျယ်ကျယ်ဖွင့်လိုက်ကြတယ်။ ၀ါခေါင်မိုးသားတိမ်သားကို ဖေါက်ပြီး လေးတွဲတွဲ ဥသြသံက ရပ်ကွက်အတွင်းမှာပြန့်နှံသွားတယ်။ အတိတ်ကိုသယ်ဆောင်လာတဲ့ အသံ၊ ဆွေးမြေ့စရာကောင်းတဲ့ အသံ၊ဒီအသံထဲမှာ မမြင်ရတဲ့ နိုးကြားမှု၊ သတိဝိရယနဲ့ တာဝန်သိမှုတွေကို နှလုံးသား ရဲ့ အနက်ရှိုင်းဆုံးနေရာ၊ ဒီနေရာမှာ နူးညံစွာနားခို၊ အလွန်ဆော့တဲ့ ကျနော်တို့ ငြိမ်သက်နေကြတယ်။အာဇာနည်နေ့ ညများအာဇာနည်နေ့ ဟာ ရုံးပိတ်ရက် သတ်မှတ်ထားတဲ့အတွက် ကျနော်တို့ အိမ်မှာ လူစုံနေတတ်တယ်။ ရောင်တစောင်း ထားကာ မကျီးစေ့ရောင်တိုက်ပုံနဲ့ ကျနော်အဖိုး ဦးဟန်မက် ၊ ကျနော်ဘကြီး ဦးသိန်းမောင်၊ ဘကြီးခ၊ ဘကြီး ဦးရွေလူ၊ဘကြီးစိန်ဟန်၊ကျနော်အကို ကိုအောင်သန်း အားလုံးရှိနေတယ်။ ဘကြီးတွေက လွတ်လပ်ရေးကြိုးပန်းမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့သမိုင်းတွေရှိတယ်။ ကျနော်တို့ ကြားမှာ အသက်၊သမိုင်းနောက်ခံ၊ ခံစားချက် ခြားနားမှုပေါင်းစုံရှိနေကြတယ်။ ဒီခြားနားမှုတွေကို ဥသြသံက တူညီတဲ့ တန်ဖိုး (Value) အဖြစ်သတ်မှတ်ပေးလိုက်တယ်။ ကျနော်တို့ အသည်းနှလုံးထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားကို အောင်းမေ့တသ ဖြစ်စေခဲ့ကြတယ်။ မောင်းလာတဲ့ကားတွေကလည်း ဟွန်းတီးတယ်။ ရပ်ကြတယ်။ ကျနော်တို့ အပြင်မှာ ရောက်နေချိန် ဆိုရင် လမ်းလျောက်လာရင်ရပ်လိုက်ကြတယ်။ သူတို့ ရဲ့ စွန့်လွတ်မှုတွေအားလုံးအတွက် ကျနော်တို့ လွတ်လပ်ရေးအတွက် ကျနော်တို့ ခြေစုံရပ်ပြီး ကြည်ညိုစွာ ဦးညွတ်ခဲ့ကြ။ ဘယ်သူကမှာ ဒီလိုလုပ်ကြလို့ မတိုက်တွန်းခဲ့ကြရပါဘူး။မိန့်ခွန်းက ညနေ ၇နာရီလောက်မှာတော့ ရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းလာပါတယ်။ ကျနော် ငယ်ငယ် က အာဇာနည်နေ့ရောက်တိုင်း မိသားစု ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ၀ိုင်းဖွဲ့ နားထောင်ခဲ့ကြ တယ်။ သူမိန့်ခွန်းက အလွန်အားရစရာကောင်းတယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။ရိုးသားမှုတွေ အပြည့်နဲ့ လူတိုင်းကို ယုံကြည်မှုတွေ ပေးခဲ့တဲ့အသံ ကိုကျနော်တို့ စိတ်ဝင်တစား နားထောင် နေခဲ့ကြတာကို မှတ်မိတယ်။ အသက်ရှင်နေသလို ခံစားနေကြတယ်။အာဇာနည်နေ့ ဟာ ကျနော် တို့ မိသားစု အတွက် အမှတ်တရဖြစ်စရာရှိတယ်။ အထူးသဖြင့် ကျနော့် မိဘနစ်ပါးအတွက် သတိရစရာတွေရှိတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြခံရတော့ ကြွင်းရစ်တဲ့ရုပ်ကလပ်တွေကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းအနီး ဂျူဘလီဟော နားမှာထားတယ်။ သူက ဘီအိုင်အေတပ်မှာ တပ်ကြပ်ဖြစ်နေပြီ။ သူက အာဇာနည်တွေအလောင်းပြင်ထားတဲ့အခန်းနားကို စောင့်ရတဲ့ စစ်သား။ အသက် ၂၄ နစ်ရှိပြီလို့ ဆိုတယ်။ အာဇာနည်ကြီးတွေကို လူထုက နောက်ဆုံးဂါရ၀ပြပွဲ ကို တပတ်လောက်လုပ်တယ်။ အမေတို့ အိမ်က ရွှေတိဂုံဘုရားလမ်း ပေါ်မှာဆိုတော့ အိမ်က ဂျဗလီဟောနဲ့ နီးတယ်လို့ ပြောတယ်။ အမေက ညနေတိုင်းသူမိသားစုနဲ့ အတူ အာဇာနည်တွေကိုလာပြီးအလေးပြုတယ်။ ဒီမှာတင် အဖေနဲ့ အမေ ဖူးစာဆုံ တော့တယ်။ အာဇာနည်ကြီးတွေဈာပနပြီး မကြာခင်မှာ အဖေနဲ့ အမေ အိမ်ထောင်ပြုလိုက်ကြတယ်။ ကျနော်အထက်မှာ အကြီး သုံးရောက် ကိုမွေးပြီး ကျနော်ကို တော့ ၁၉၆၂ ဇွန်လ ၃၀ မှာမွေးတယ်။အာဇာနည်နေ့ မှာ အဖိုးက အမှတ်တရပြန်ပြောလေ့ရှိတာကတော့ အာဇာနည်ကြီးတွေ အလောင်းတွေကို ဂျူဗလီဟောရှေ့ ကသယ်ထုတ်လာတဲ့အချိန်မှာ အဖိုး ခြံထဲက တရုပ်ဇီးသီးပင်ကြီးပြိုကျသတဲ့။ လမ်းပိတ်သွားတဲ့ အတွက် အဖိုးတို့ မိသားစုတွေကမန်းကတန်း ခုတ်ထွင်ရှင်းလင်းခဲ့ကြတာကို အဖိုးကပြန်ပြောလေ့ရှိတယ်။ အမေ ကတော့ ဗိုလ်ချုပ်တရားပွဲတွေကို နားထောင်ဘူးတယ်။ သူက ဗိုလ်ချုပ်က ကာကီဘောင်းဘီအတို ၀တ်ထားတယ်။ တကိုယ်လုံးလှုပ်ရှားပြီး စကားပြောတယ်။ လူတွေကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လေ့ရှိသတဲ့။ လူကြီးတွေရဲ့ ဗိုလ်ချုပ်အပေါ် မှာ အမှတ်ရစရာတွေနဲ့ ပြန်ပြောကြ တယ်။ မရိုးနိင်တဲ့ ဒီဇတ်လမ်းကို လူကြီးတွေက နစ်စဉ်ပြောပြတယ်။ ကျနော်တို့ မိသားစုတခုလုံးတက်ကြွနေကြတယ်။ ဒါက ကျနော်တို့ မိသားစုရဲ့ အာဇာနည်နေ့ အခန်းအနား ဖြစ်နေခဲ့ရတယ်။ဗိုလ်ချုပ်မိန့်ခွန်း ဆုံးသွားတဲ့အခါမှာ အာဇာနည်ကြီးတွေအတွက် ဂုဏ်ပြုထားတဲ့ မေလှမြိုင်သီချင်း သံက ကျနော်တို့ မိသားစုကို အတိတ်က နေ ပစ္စုပန် ကိုပြန်ရောက်စေခဲ့တယ်။ ဗိုလ်ချုပ်တို့ မရှိတော့ပါလားလို့ အဖေ တွေးကောင်းတွေးနေမယ်။ ကျနော်တို့ မိသားစုအိပ်ရာဝင်တော့မယ်။ အမေက အိမ်တခါးတွေကို လိုက်လံပိတ်ရင်း ဗိုလ်ချုပ်ကို တွေ့လိုက်ရင် အမြဲတမ်း ကာကာရောင်ဘောင်းဘီတိုနဲ့ပဲ။ ပြုံးပြုံးနဲ့ လို့ အမေကပြန်ပြောလေ့ရှိတယ်။ ကျနော်ငယ်စဉ် ဘ၀ တလျောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို အကြိမ်ကြိမ် ပြောပြခဲ့ပေမဲ့ နားထောင်လို့ မရိုးခဲ့ပါဘူး။ အာကာသကောင်းကင်ဟာ ဇူလိုင်မိုးသားတွေ နဲ့ သိုင်းခြုံ နေတယ်။ ကျနော်တို့ မိသားစု လွမ်းဆွတ်ကြေကွဲမှုနဲ့ အတူ ယုံကြည်မှုကို ပေးခဲ့တဲ့ ဇူလိုင်၁၉ ရက်ညတွေကို ကျနော် အောင်းမေ့သတိရ နေ။
ကိုမိုးသီးဇွန်ဘလောဂ်မှ ကူးယူသည်

25 July, 2009

(မောင်သာယာ. “တော်လှန်ရေးဆိုတာ” မှ)


လက်ခုပ်ထဲက
ရေဘ၀မို့
ငါတို့ အေးမြရသော်လည်း
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ ဖြစ်လိုက်ချင်ပါဘိ

5 immigration officers held

Breaking News > SE Asia > Story July 21, 2009


KUALA LUMPUR - MALAYSIAN police have arrested five immigration officials for involvement in an international trafficking syndicate dealing in refugees from Myanmar, a top officer said on Tuesday. The five were among nine people detained for receiving payments from a syndicate that 'sold' refugees mostly from Myanmar's Rohingya minority as forced labour, Criminal Investigation Department head Mohammad Bakri Zinin told state media. His comments were confirmed to AFP by police. 'According to a victim, the suspects were directly involved in human trafficking, starting from the Malaysia-Thai border' to other 'exit points to international countries,' he told state news agency Bernama. 'Upon reaching the exit point, the victims were handed over to a syndicate before being taken to a neighbouring country,' he added without identifying the exit points. Mr Bakri said the refugees were charged between 300 to 600 ringgit (S$122 to S$244) each and those who could not afford to pay would be sold to owners of fishing industries in Thailand until they worked off their debts, the New Straits Times reported. He said the five immigration officers had been operating their network since last year with the other four people arrested responsible for transporting the illegals across the county, the paper reported. Police were made aware of the group's existence in March this year. Malaysian Prime Minister Najib Razak said recently his country was being used as a transit point for illegal immigrants. One of Asia's largest importers of labour, Malaysia relies on its 2.2 million migrants to clean homes, care for children and work in plantations and factories. The Bengali-speaking Rohingya Muslims are from mainly Buddhist Myanmar, which denies the minority group citizenship and property rights, leading to their abuse, exploitation and forcing hundreds of thousands to flee their country. -- AFP
http://www.straitstimes.com/Breaking%2BNews/SE%2BAsia/Story/STIStory_405965.html

11 July, 2009

မြန်မာ-မြောက်ကိုရီးယား လက်နက်အရောင်းအ၀ယ် မလေးရှားဘဏ် နှင့် ပက်သက်


ကျော်သိင်္ခ
ဇူလိုင်လ ၁၀ ရက်

ဇူလိုင်လ ၉ ရက်နေ့ထုတ် မလေးရှားနိုင်ငံ ပူထရာဂျာရာ သတင်းတွင်ဖော်ပြထားသော “Malaysia Won't Allow Banks To Violate UN Sanctions On North Korea ” ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံအကြား လက်နက် အရောင်းအ၀ယ် ကိစ္စနှင့် ပက်သက်ပြီး ငွေကြေးပေးချေမှုမှာ မလေးရှား ဘဏ်တစ်ခုကို ကြားခံအနေနှင့် အသုံးပြုသည့်ကိစ္စအား မလေးအစိုးရက အမေရိကန်အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားဖို့ စီစဉ်နေပါတယ်။

မလေးရှားနိုင်ငံအနေနှင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမေရိကန်အစိုးရအား အကူအညီများလည်း ပေးသွားမယ်လို့ မလေးရှား ၀န်ကြီးချုပ် ဒါတွတ် ဆရီနာဂျစ်တွန်ဇာရတ် က ကြာသပတေးနေ့က ပြုလုပ်တဲ့ အငယ်စား နှင့် အလတ်စား အမျိုးသားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု ကောင်စီ အစည်းအဝေးမှာ သတင်းထောက်တွေကို အခုလို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကလာတဲ့ သတင်းများအရ၊ မြောက်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် လက်နက်တွေ တင်ပို့ ကြောင်း သံသယရှိပြီး၊ အဆိုပါလက်နက် အရောင်းအ၀ယ်ကိစ္စအတွက် အမည်ဖော်ပြမထားတဲ့ မလေးရှားနိုင်ငံ ဘဏ်တစ်ခု ကနေ ငွေပေးချေမှုတွေ ပြုလုပ်ပြီးသွားပြီလို့လည်း ဆိုပါတယ်။

မကြာသေးမီက ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဘဏ္ဍာရေး၊ လက်နက်ရောင်းဝယ်မှုနှင့် အခြားပိတ်ဆို့မှုများ နှင့်ပက် သက်ပြီး အမေရိကန် ကိုယ်စားလှယ် ဖိလစ်ဂိုးလ်ဘာ့ဂ်က ပြီးခဲ့တဲ့ တနင်္လာနေ့က မလေးရှားနိုင်ငံ အစည်းအဝေးမှာ ဆွေးနွေး ခဲ့ပါတယ်။

ဖီးလစ် ဂိုးလ်ဒ်ဘာ့ဂ် က သတင်းထောက်တွေကို ပြောကြားရာမှာ သူ့ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ မလေးအာဏာပိုင် တွေနှင့်အတူ နီဂါရာဘဏ် (Bank Negara) မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အစည်းအဝေးတစ်ရပ် ကျင်းပကာ အလွန်ကောင်းမွန် သော ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ဖြစ်ခဲ့ကြောင်း ပြောခဲ့။ သို့သော် မြောက်ကိုရီးယားနိုင်ငံအား ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုကို မလေးရှားပြည်တွင်းဘဏ်တစ်ခုက ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ ဆွေးခဲ့သည့်ကိစ္စနှင့် ပက်သက်ပြီးတော့ ထည့်သွင်းပြောကြားသွားခြင်း မရှိခဲ့ပါဘူး။
အမေရိကန်အစိုးရအနေနှင့် မည်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ်စနစ် ချိုးဖောက်မှု သတင်းမျိုးကိုမဆို အခြားနိုင်ငံများနှင့် သတင်းချင်းဖလှယ်သွားမည်ဖြစ်ကြောင်း နှင့် အထူးသဖြင့် မြောက်ကိုရီးယားအစိုးရအပေါ် ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုနှင့် ပက်သက်ပြီး မြောက်ကိုရီးယားအစိုးရနှင့် ကုန်သွယ်ရေး နှင့် ဘဏ္ဍာရေးဆက်သွယ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံဖြတ်ချက် အပိုဒ် ၁၈၄၇ အား ချိုးဖောက်ခြင်း ရှိ၊ မရှိ နှင့် တရားဝင်ခြင်း ရှိ၊ မရှိတို့ကို စုံစမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ၏ ၀န်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်သူ နာဂျစ်က “ဒီ ကိစ္စအပေါ် ကျနော်တို့ အသေးစိတ် စုံစမ်းမှုတွေ လုပ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် (သို့မဟုတ်) နိုင်ငံတကာရဲ့ ပြဌာန်း ချက်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုး၊ အခုလို စွပ်စွဲချက်တွေကို မလိုချင်ဘူး။ ကျနော်တို့နေနဲ့ မလေးရှားမှာ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဘဏ်စနစ် ရှိနေ တာကို မလိုချင်ပါဘူး” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ နြူကလီးယား လက်နက်ဖြန့်ဝေမှုကို အားမပေးတဲ့အတွက် နြူကလီးယားလက်နက် ရောင်းဝယ်မှုများ မှာလည်း မလေးရှားဘဏ်စနစ်ကို အသုံးပြုခွင့်ပြုမှာလည်း မဟုတ်ကြောင်း ၀န်ကြီးချုပ် နာဂျစ်က ပြောသွားပါတယ်။

မလေးရှားအချုပ်ခန်းမှ မြန်မာများ စိုးရိမ်ရ

Friday, 10 July 2009 18:13 သန်းထိုက်ဦး

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတခုမှ မြန်မာပြည်သားများကို နေရာသစ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေ သောကြောင့် ထိန်းသိမ်းခံနေရ သူများအတွက် စိုးရိမ်ရသည် ဟု အလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။ “ကျနော်တို့ကတော့ တော်တော်လေးကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အဆက်အသွယ် မရတော့ဘူး၊ စခန်း တခုကို ပြောင်းသွားပြီ ဆိုရင် တာဝန်ရှိသူတွေ အချင်းချင်းတော့ ပြောမှာပဲ။ အဲဒီ အခါကျရင် ပြောင်းသွားတဲ့ လူတွေ ကတော့ ပိုပြီးတော့ အဖိနှိပ်ခံရမှာပဲ” ဟု မျိုးချစ်လူငယ်များ အဖွဲ့ မှ တာဝန်ခံတဦးဖြစ်သူ ကိုအောင်နိုင်သူက ဧရာဝတီသို့ ပြောသည်။ အဆိုပါ Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အချုပ်ခန်းတွင် ရှိသော မြန်မာပြည်သား ၅၉၈ ဦး မည်သည့် ဒေသသို့ ရောက်ရှိသွားမည်ကို မသိရသေးဟု ဆိုသည်။နေရာသစ်သို့ ရောက်ရှိပြီး ၎င်းတို့နှင့် အဆက်အသွယ် ပြတ်သွားပါက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို သိရတော့မည် မဟုတ်ဟု ကိုအောင်နိုင်သူက ပြောသည်။ယခုလ ၁ ရက်နေ့က Semenyih စခန်းတွင် မြန်မာ အလုပ်သမားများ ဆန္ဒပြကြရာ အာဏာပိုင်တို့က အကြမ်းဖက် နှိမ်နှင်းလိုက်သည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ထိန်းသိမ်းခံနေရသူများထဲတွင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားသူတချို့လည်း ပါဝင်သည်။၎င်း ထိန်းသိမ်းရေး စခန်းမှ မကြာခင်ရက်ပိုင်းက လွက်မြောက်ခဲ့သူ ကိုသန့်ဇင်က မလေးရှား အာဏာပိုင်များ၊ UNHCR တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းခံနေရသူများကို အကူအညီ ပေးသင့်သည်ဟု ဆိုသည်။“အရမ်း ဒုက္ခရောက်တယ်။ ကျနော်လည်း ကြုံတွေ့ ခဲ့ရလို့ သိတယ်။ နေမကောင်းဘူး ဆိုရင် ကျန်းမာရေး အတွက် ပြခွင့် မရှိဘူး။ သူတို့ ကျွေးတဲ့ အစားအစားတွေကလည်း အာဟာရ မဖြစ်ဘူး”ဟု ပြောသည်။ လွန်ခဲ့သည့် ၂ လ ကလည်း မလေးရှား အချုပ်ခန်းတခုတွင် ကြွက် ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် မြန်မာ အလုပ်သမား ၂ ဦး သေဆုံးသွားသည်။ ထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်သည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက်ရှိသည်။“ပြီးခဲ့သည့် ၆ နှစ်အတွင်း ထိန်းသိမ်းခံရစဉ် သေဆုံးသွားသူ တရားမဝင် နိုင်ငံခြားသား အရေအတွက်မှာ ၁၃ဝဝ ရှိသည်” ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာ အင်တာနက် စာမျက်နှာတွင် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရေးသားထားသည်။ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ် ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

Followers