Showing posts with label POEM. Show all posts
Showing posts with label POEM. Show all posts

06 November, 2009

ဇာတ်နာတယ် ရုံက မသန့်ဘူး






















၁။
ဇာတ်နာတယ်
ရုံက မသန့်ဘူး.
မင်းသမီးလွမ်းခန်းတွေ များတယ်..
တဇာတ်လမ်းလုံး ဗီလိန်တွေများတယ်.
ဇာတ်လိုက်တွေ တရုတ်သိုင်းကားဆန်တယ်
သူထက်သူ စွမ်းတယ်.
ခက်တာက ရုံကမသန့်ဘူး
ဇာတ်ကနာခဲ့တယ်.

၂။

ရုံကမသန့်

ဇာတ်ကနာတဲ့ အထဲ
ပုရိသတ်က ကြည့်ချင်ယောင်ဆောင်နေရတယ်.
ပွဲဈေးတန်းက အကြော်သည်မလေး အအေးမိတာ
လူမသိလိုက်ဘူး.
ပွဲဈေးတန်းမှာ ချဲထီရောင်းတဲ့ကောင်လေး
လိုင်းကြေး တနင့်တပိုးပေးလိုက်ရတယ်.
ဘ၀ကိုရေမွှေးဆွတ် မိတ်ကပ်ထူထူလိမ်းရတဲ့ ကောင်မလေးတွေ
ပေါလာတယ်
ဘာမှမလုံခြုံတဲ့ ပွဲခင်းလေးမှာ
လုံခြုံရေးတွေ လွှတ်များတယ်.

၃။
ကျနော်ကတော့
ထဲထဲဝင်ဝင် ပြောခွင့်မသာတဲ့ဇာတ်မှာ
မင်းသမီးကို လူဆိုးတွေ ဖမ်းတဲ့အခါ
မင်းသမီးလွတ်စေရေး ဆုတွေတောင်းတယ်.
မင်းသမီးကို လူဆိုးတွေ
လွှတ်ချင်ယောင်ဆောင်တဲ့ ဇာတ်ဝင်ခန်းကို
လက်ခုပ်လက်ဝါးတီး အားပေးတယ်.
တော်သေးတယ်.
ဇာတ်ထဲကလူဆိုးတွေ လူအခွင့်ရေးဆု ခဏခဏမရလို့..
မင်းသမီးကို ပင်တိုင်ထားတဲ့ဇာတ်မှာ
တော်သေးတယ်..
မီးဇာလည်းမကုန် ဆီလဲမခန်းလို့..
တော်သေးတယ်..
မိုက်မိုက်မဲမဲရိုးသားမှုတွေ ဖြူဖြူစင်စင်ရှိနေလို့
တော်သေးတယ်
ဇာတ်လမ်းကို ချမရောင်းခဲ့တဲ့သူတွေရှိလို့
တော်သေးတယ်..
နိုင်ပွဲမရတိုင်း
ပ၀ါဖြူလေး ထောင်မပြတတ်တဲ့သူတွေရှိနေလို့.
တော်သေးတယ်..
ကမ္ဘာမကြေတဲ့ မျိုးဆက်တွေရှိနေလို့

၎။
မင်းသမီးရေ
ခင်ဗျားကရတဲ့ဇတ်
လွမ်းခန်းတွေများတယ်.
ကြောင်သူတော်တွေ ကြွက်သူခိုးတွေများတယ်
ဇာတ်လိုက်တွေလက်မဖြောင့်ပဲ ဗိုလ်လုပ်တယ်
အရောင်မရှိတဲ့သူတွေ အယောင်ဆောင်တယ်
ကုမ္ပဏီထောင်တယ်.အတောင်းအရမ်းများတယ်
ဇာတ်လိုက်တွေ လက်နက်စွန့်ပြီး
ရာသီစာ အန်ဂျီအိုယောင်ဆောင်ကြတယ်.

၅။
ကျနော်ကရော
ကျနော်ကတော့.
ဟိုး..ပရိတ်သတ်နောက်နားမှာ
ဆေးပေါ့လိတ်တတိုနဲ့ ဘေးထိုင်ဘုပြောတယ်
ရုတ်ရုတ်သဲသဲပွဲလန့်တိုင်း ဖျာခင်းတယ်.
ဒီလိုနဲ့မိုးကြီးလင်းတယ်.
ရုံကမသန့်ဘူး
ဇာတ်ကလည်းနာတယ်။ ။

မိုးစဲနေ..
၉။အောက်တိုဘာ။၂၀၀၉

05 November, 2009

အခုတလော အမူးပြေမြန်တယ်

မိုးစဲနေ
နိုဝင်ဘာ ၂၊ ၂၀၀၉
၂၀၁၀ တောကြောင်တွေ
လက်ခမောင်းခတ်ဖို့ ပြင်ဆင်ချိန်
ကမ္ဘာကြီးက ခဏခဏ ပျက်တယ်
ကျနော်က ခံတွင်းပျက်တယ်။

နိုင်ငံရေးမှာ ဆေးခါးကြီး
မသောက်ရဲသူတွေက
ပြစရာအကြောင်းတွေ များလာတယ်။
ညီညွတ်ရေးစကား ပြောကြသူချင်း
တယောက်လိပ်ပြာ တယောက် မကြည်ညိုဘူး
သွေးစည်းညီညွတ်ရေး အလံတင်အခမ်းအနားမှာ
တယောက်နားရွက် တယောက်
တံတွေးဆွတ်ခဲ့ကြတယ်။

ဆန်တပြည် ငါးကျပ်တုန်းက
မဖြတ်ဖြစ်လိုက်တဲ့ ဦးခေါင်းတွေ
ခေါင်းပေါင်းစ တလူလူလွှင့်တယ်
စကားကြီးစကားကျယ်တွေ ပြောတယ်။
ကမ္ဘာဦး ဥပဒေသမှာ
သေနတ်တွေက လွှတ်တော်ခေါ်ခဲ့တယ်။

ဆင်းရဲကို ဒုက္ခနဲ့
အပေါင်ခံထားရတဲ့မြို့ကြီးမှာ မီးပျက်တုန်း
ဝန်ကြီးတွေက ပြည်တန်ဆာရုံတွေ ဖွင့်တယ်။

လောကပါလတရားကို စောင့်တဲ့ နတ်တွေ
ဖဲသွားရိုက်နေတုန်း
အနှစ်နှစ်ဆယ်မှာ ဆယ်လေးနှစ် အဖမ်းခံထားရတဲ့
ညီမလေးနေတဲ့ အိမ်လေးကို
အကိုလုပ်တဲ့သူက တရားစွဲပြီး ၀င်လုတယ်။
(မိဘမျက်နှာမှ မထောက်)

တောကျောင်း ဆရာမလေးရဲ့အိပ်မက်မှာ
ကလေးလေးတွေ ဘွဲ့ရ ပညာတတ်တယ်။
မျက်နှာချိုချိုနဲ့ ကဗျာဆိုခဲ့တယ်။

ကျနော်ခံတွင်းပျက်လို့ သောက်တဲ့ အရက်ဝိုင်းမှာ
ခေတ်ကြီးက ကျနော့်ကို ခံတွင်းပြန်ပျက်တယ်
အခုတလော အမူးပြေမြန်တယ်ဗျာ။ ။

အောက်တိုဘာ ၃၁၊ ၂၀၀၉
မိုးမခ မှထပ်မံ ကူးယူဖော်ပြပါသည်။

29 August, 2009

ငါ တုန်လှုပ်ကြေကွဲရမှာပါ

နေရောင်တောက်ပတဲ့ နေ့လယ်ခင်းတစ်ခုမှာ

တွေ့ရှိခဲ့တာပေါ့

ခေါင်းနားပန်းကြီးလောက်အောင် အေးစက်မာကြောနေတော့

ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်လည်း

သူစိမ်းတစ်ယောက်ကိုပဲ မြင်နေရတယ်

ချွေးတွေနဲ့အတူ ယိုစီးထွက်ကျသွားတာလား

မျက်ရည်တွေထဲ မျောပါသွားခဲ့သလား

စကားလုံးတွေထဲမှာ ပုန်းခိုလို့

အကြည့်တွေကို ခိုစီးလိုက်ပါလို့

နှစ်ကာလတွေကို ဖြတ်သန်းလာခဲ့တာ

ဒီ..အသေကောင်လို မျက်နှာအတွက်လား

အအေးခန်းထဲက ငါးတစ်ကောင်လို

ကြိတ်စက်ထဲကထွက်လာတဲ့ ကြံဖတ်တွေလို

ရင့်ကျက်မှုဟာ

အပူနဲ့ဖိအားနဲ့ အသွင်ပြောင်းလာတဲ့ကျောက်ဆိုပေမယ့်

လူဆိုတာက

စာနာစိတ်နဲ့ ကရုဏာတွေယိုဖိတ်ရတာနဲ့

နွေးကနဲ လှိုက်ကနဲ ဖြစ်သွားရမယ်မဟုတ်လား

အခုတော့…အခုတော့

တစ်ခါကစိတ်နှောက်ပြီး

ကပေါက်တိကပေါက်ချာတွေပြောနေတဲ့

သူတောင်းစားကိုကြည့်

ရှိုက်ကြီးတင်ငိုခဲ့ဖူးတဲ့လူငယ်လေး

ငါ့မျက်ရည်တွေဟာ ငါ့လူသားစိတ်စစ်စစ်ဖြစ်ခဲ့တာပါလို့

ငါ့ကိုယ်ငါ ပြန်လွမ်းရ

နေရောင်တောက်ပတဲ့ နေ့လယ်ခင်းတစ်ခုမှာပေါ့

လေငမ်းဖမ်းပြီး ကိုယ်တစ်ခြမ်းရွဲ့နေတဲ့

အမယ်အိုသူဆင်းရဲတစ်ယောက်

လောကထဲက လူမသိသူမသိ ပျောက်သွားခဲ့တယ်ဆိုရင်

ငါ တုန်လှုပ်ကြေကွဲရမှာပါ

ငါ တုန်လှုပ်ကြေကွဲနေရမှာပါ

ငါ တုန်လှုပ်ကြေကွဲနေခဲ့သင့်တာပါလို့။ ။

လွှင့်မိုးသစ်



06 July, 2009

“I Myself Is The Night”


The night is as black as the night.

The train made known itself
that it’s driving to great happenings.

The howls chained each other
towards the end of the block and faded out.

The watchman is warning
by beating the iron-rod
how much go deeper into the night.

Is the car driving in high speed
out of brake as the night,
and the voice of insects
the cry of my blood?

I’m shivering motionless
as the second stick of the old clock,
and crying for sleep in heavy sweat.

I myself is the night.


Hlwint moe thit



ဘ၀တွေဟာလည်း ညတွေလိုပါပဲ

မိုးအလင်း ကဖေးတွေ မရှိဘူး
နီယွန်မီးတွေ မလင်းဘူး
ဒီလိုမှောင်လွန်းနေတာ မြို့ပြတစ်ခုရဲ့ညလား

အဖြစ်အပျက်တခုဆီ ဦးတည်ခုတ်မောင်းနေတယ်ဆိုတာ
ရထားဟာ သူ့ကိုယ်သူ အသိပေးနေတယ်

အဆက်မပြတ်တဲ့ ခွေးအူသံတွေကလည်း
နံရံတံတိုင်းတွေဘက်မှာ တိုးလျှပျောက်ကွယ်သွားတယ်

တစတစနဲ့ ညဉ့်နက်လာပြီဆိုတာကို
ညစောင့်ရဲ့ သံချောင်းခေါက်သံက
သတိပေးနေတယ်

အရှိန်ပြင်းပြင်း မောင်းလာတဲ့ကားသံလား
ညပိုးကောင်တွေရဲ့အော်မြည်သံတွေလား
ငါ့သွေးသားရဲ့ ငိုကြွေးသံလား
တစ်စုံတစ်ခုကို ငါကြားနေရတယ်

နာရီအိုကြီးရဲ့ စက္ကန့်တန့်
ရွေ့လျားမှုနဲ့အတူ
ငါမှာလည်း ဂယောင်ခြောက်ခြား
ခိုက်ခိုက်တုန်နေတယ်
ဇောချွေးတွေနဲ့ မအိပ်နိုင်တဲ့အခါ
အိပ်စက်မှုအတွက်
တစာစာငိုကြွေးနေမိတော့တယ်

ဘ၀တွေဟာလည်း ညတွေလိုပါပဲ
လွှင့်မိုးသစ်




*ပြန်ဆိုမှု=လင်းခေတ်ဒီ

01 March, 2009

မျှော်တော်ယောင်

ရင်ခွင့်မဲ့ မျက်စေ့တစ်စုံ
ချစ်သူပုံရိပ်ကို စောင့်နေတယ်

လေတိုက်တိုင်း
သစ်ပင်မလှုပ်ဖူး

ကောင်မလေးရယ်
မင်းကိုချစ်ရတာ မောလိုက်တာ
ကမ္ဘာကြီးကို ထမ်းထားရသလိုပဲ ...........၊၊




နုစဉ်ကရေးခဲ့ဖူးတဲ့ကဗျာလေးပါ

Followers