06 July, 2009

“I Myself Is The Night”


The night is as black as the night.

The train made known itself
that it’s driving to great happenings.

The howls chained each other
towards the end of the block and faded out.

The watchman is warning
by beating the iron-rod
how much go deeper into the night.

Is the car driving in high speed
out of brake as the night,
and the voice of insects
the cry of my blood?

I’m shivering motionless
as the second stick of the old clock,
and crying for sleep in heavy sweat.

I myself is the night.


Hlwint moe thit



ဘ၀တွေဟာလည်း ညတွေလိုပါပဲ

မိုးအလင်း ကဖေးတွေ မရှိဘူး
နီယွန်မီးတွေ မလင်းဘူး
ဒီလိုမှောင်လွန်းနေတာ မြို့ပြတစ်ခုရဲ့ညလား

အဖြစ်အပျက်တခုဆီ ဦးတည်ခုတ်မောင်းနေတယ်ဆိုတာ
ရထားဟာ သူ့ကိုယ်သူ အသိပေးနေတယ်

အဆက်မပြတ်တဲ့ ခွေးအူသံတွေကလည်း
နံရံတံတိုင်းတွေဘက်မှာ တိုးလျှပျောက်ကွယ်သွားတယ်

တစတစနဲ့ ညဉ့်နက်လာပြီဆိုတာကို
ညစောင့်ရဲ့ သံချောင်းခေါက်သံက
သတိပေးနေတယ်

အရှိန်ပြင်းပြင်း မောင်းလာတဲ့ကားသံလား
ညပိုးကောင်တွေရဲ့အော်မြည်သံတွေလား
ငါ့သွေးသားရဲ့ ငိုကြွေးသံလား
တစ်စုံတစ်ခုကို ငါကြားနေရတယ်

နာရီအိုကြီးရဲ့ စက္ကန့်တန့်
ရွေ့လျားမှုနဲ့အတူ
ငါမှာလည်း ဂယောင်ခြောက်ခြား
ခိုက်ခိုက်တုန်နေတယ်
ဇောချွေးတွေနဲ့ မအိပ်နိုင်တဲ့အခါ
အိပ်စက်မှုအတွက်
တစာစာငိုကြွေးနေမိတော့တယ်

ဘ၀တွေဟာလည်း ညတွေလိုပါပဲ
လွှင့်မိုးသစ်




*ပြန်ဆိုမှု=လင်းခေတ်ဒီ

04 July, 2009

ဂျကာတာမြို့လည် ဗြိတိန်သံရုံး၌ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို ပြသထား


ဂျကာတာမြို့လယ် ဗြိတိန်သံရုံးတည်ရှိရာ Bundaran H1 မီးပွိုင့်လမ်းဆုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ ကို ဖော်ပြရသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွက် အလွန်အရေးပါသော အဖြစ်အပျက်နှစ်ခုကို ရည်ရွယ် သည် ဟု ယမန်နေ့က ဗြိတိန်သံရုံး၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဗြိတိန် အစိုးရက တခြားနိုင်ငံတကာ အသိုင်းအ၀န်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်း သားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုပါသည်”ဟု ကြေညာချက်တွင်ပါရှိသည်။ ဆက်လက်၍“မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း က ယခု အရေးကြီးသော ကာလတွင် မြန်မာနိုင်ငံသွားရောက်မည့် ဆုံးဖြတ်ချက်ကို လိုက်လှဲစွာ ကြိုဆိုပါသည်”ဟု လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကြီးကို ယမန်နေ့ မှ စတင်၍ စနေနေ့ ညနေ နေ၀င်ချိန်အထိ ၃ ရက်ကြာဖော်ပြ ထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖော်ပြထားသည်နေ့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မစ္စတာ ဘန်ကီမွန်းက ၎င်း၏ ခရီးစဉ်တွင် မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ ဆုံဆွေး နွေးရေးပြုလုပ်ရန်၊ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်တို့ကိုတောင်း ဆိုထားသည်။

02 July, 2009

မျက်နှာဖုံးတပ် ရန်ကုန်


Wednesday, 01 July 2009 15:39 အောင်သက်ဝိုင်း
နံနက် ၉ နာရီ၊ ရန်ကုန် လမ်းမကြီးတွေပေါ်မှာ သွားလာနေတဲ့ လူတွေရဲ့ မျက်နှာပေါ်မှာ အဖြူရောင် နှာခေါင်းစည်း ဆင်တူတွေနဲ့ အရေးပေါ် ခွဲစိတ်ခန်း ၀င်မယ့် ဆရာဝန်တွေနဲ့ တူနေတယ်။


သူတို့တွေဟာ ခွဲစိတ်ခန်းဝင်ကြမယ့် ဆရာဝန်တွေမဟုတ်ပါဘဲ ဘာကြောင့် ဒီလို မျက်နှာဖုံးတွေ တပ်ပြီး လမ်းမတွေပေါ် သွားလာနေရတာပါလဲ။ အဖြေကတော့ ဝက်တုပ်ကွေးလို့ခေါ်တဲ့ A (H1N1) ရောဂါကြောင့် လို့ ဆိုရပါမယ်။

ဝက်တုပ်ကွေးရန် ကာကွယ်သည့် နှာခေါင်းစည်းတပ်ထားသူများကို ရန်ကုန် နေရာအနှံ့ မြင်တွေ့ရသည် (ဓာတ်ပုံ - Getty Images)
ကမ္ဘာ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ လူပေါင်း ၇ သောင်းကျော် ရောဂါခံစားနေရပြီး ၃၀၀ ကျော် သေကြေ ပျက်စီးစေခဲ့တဲ့ A (H1N1) ဝက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကူးစက်ခံရတဲ့ အကြောင်း စစ်အစိုးရက ဇွန်လ ၂၇ ရက်နေ့က တရားဝင် ကြေညာလိုက်တာကြောင့် ရန်ကုန်မြို့နေ ပြည်သူလူထု အကြားမှာ အထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။

တုပ်ကွေးရောဂါဆိုတာ အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတဲ့ အခြေခံ အချက်ကို သိရှိထားကြတဲ့ ရန်ကုန်မြို့နေ လူလတ်တန်းစားနဲ့ အထက်တန်းလွှာ မိသားစုတွေက ဆေးဆိုင်တွေကို အပြေးအလွှားသွားပြီး နှာခေါင်းစည်းတွေ အလုအယက်ဝယ်ကြတယ်။

သာမန်အချိန်တွေမှာ နှာခေါင်းစည်းဆိုတဲ့ ပစ္စည်းက ဆေးဆိုင်တွေမှာ မှိုတက်အောင် ထားရပြီး တလလုံးနေမှ ၁ ခု၊ ၂ ခုလောက်သာ ရောင်းရတဲ့ ကုန်ပစ္စည်းမျိုးဖြစ်ပေမယ့် တုပ်ကွေးရောဂါ A (H1N1) ဗိုင်းရပ်စ်ပိုး စတင်ကူးစက်နေပြီဆိုတဲ့ သတင်းထွက်ပေါ်ချိန်မှာ လက်မလည်အောင်၊ ပစ္စည်းပြတ် အောင် ရောင်းရတဲ့ ကုန်ပစ္စည်းဖြစ်လာပါတယ်။

ဆေးနဲ့ ဆေးပစ္စည်းတွေ အများဆုံးရောင်းချတဲ့ မင်္ဂလာဈေးမှာတော့ နှာခေါင်းစည်း လာဝယ်ကြသူတွေ ယောက်ယက်ခတ်နေပါတယ်။

“နှာခေါင်းစည်း ၁၀ ပုံး၊ မရနိုင်ဘူး။ ကျနော့်မှာ လက်ကျန် ၁ ပုံးပဲရှိတယ်” ဆိုပြီး တယ်လီဖုန်း ပြန်ဖြေနေတဲ့ မင်္ဂလာဈေးအတွင်းက ဆေးဆိုင်ပိုင်ရှင် အမျိုးသားတဦးရဲ့ အသံက ဈေးထဲမှာ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတယ်။

သူ့လိုပဲ မင်္ဂလာဈေး စတုတ္ထထပ်မှာ ဖွင့်ထားတဲ့ ဆေးနဲ့ဆေးပစ္စည်းအရောင်းဆိုင် တွေ အားလုံးမှာလည်း နှာခေါင်းစည်း ပစ္စည်းပြတ်သွားလို့ ရောင်းစရာမရှိတော့တဲ့အကြောင်း ဖုန်းနဲ့ လှမ်းပြောတာတွေ၊ လူကိုယ်တိုင် လာရောက် စုံစမ်းတာတွေကို ဒိုင်ခံဖြေရှင်းနေသံတွေကလည်း နားမဆံ့အောင်ကြားနေရတယ်။

နှာခေါင်းစည်း ပါကင် ပုံးကြီး ၁ ပုံးမှာ နှာခေါင်းစည်း အရေအတွက် ၃၂၀ ပါဝင်ပြီး တခုကို ငွေ ၅၀ ပဲ တန်ပေမယ့် လူတွေထိတ်လန့်တကြား နှာခေါင်းစည်းတွေ အလုအယက် ၀ယ်လာချိန်မှာ တခုကို ငွေ ၃၅၀ ကနေ ၅၀၀ ထိ ခေါ်ဈေးအမျိုးမျိုးရောင်းကြတယ်။

လူတွေကလည်း ဈေးကြီးတာကို ဂရုမစိုက်အားဘဲ ခေါ်ဈေးအတိုင်း ဈေးမဆစ်ဘဲ ၀ယ်ကြတယ်။ အခြေ အနေက “လူနာ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ” ဆိုတဲ့ မြန်မာစကားပုံ တခုလိုပဲ။ ဆေးဆိုင် ပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ နှာခေါင်းစည်းတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေအတွက် အကြိုက်တွေ့စရာ အခြေအနေ ဖြစ်နေတယ်။

နှာခေါင်းစည်းကို ပြည်ပနိုင်ငံတွေက တင်သွင်းနေရတဲ့ မြန်မာနိုင်ငံမှာ အမြတ်ကြီးစားလို့ပဲဖြစ်ဖြစ် ရောင်းပေးနေတာကိုပဲ ကုန်သည်ပွဲစားတွေ ကုမ္ပဏီတွေကို ကျေးဇူးတင်ရမယ့် အနေအထားပါ။

ဒီကြားထဲ ကျန်းမာရေးဝန်ကြီးဌာနက အာဏာရှင်နိုင်ငံတွေရဲ့ထုံးစံအတိုင်း ဖြစ်ပျက်နေတဲ့ သတင်းကို ပြည်သူလူထုကို အမှန်မတင်ပြဘဲ ထိမ်ချန်တာတွေ၊ အမှန်ဖော်ပြချင်လို့ သတင်းယူဖို့ ကြိုးစားတဲ့ သတင်းထောက်တွေနဲ့ သာမန်ပြည်သူတွေကို သတင်းအမှန်မရအောင် တားမြစ်ကန့်သတ်တာတွေ လုပ်လေတော့ အတည်မပြုနိုင်တဲ့ သတင်းတွေ အမျိုးမျိုးထွက်လာတယ်။

“ဝက်တုပ်ကွေးမိလို့ သန်လျင်က နှစ်ယောက် ရန်ကုန်ဆေးရုံကြီးမှာ ရောက်နေတယ်။ ဆေးရုံကြီးမှာ ရောဂါသည် တွေရောက်နေလို့ လုံခြုံရေးတအားတင်းကျပ်ထားတယ်” “ဝက်တုပ်ကွေးဖြစ်တဲ့ သူ ၁၆ ယောက်တောင် ရှိလာပြီ” “၀က်တုပ်ကွေးရောဂါဖြစ်လို့ မြောက်ဥက္ကလာဆေးရုံကြီးမှာ လူနာတွေ ထပ်ရောက်လာတယ်” စတဲ့၊ စတဲ့ အတည်မပြုနိုင်တဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ အများကြီးထွက် လာတယ်။

ကျန်းမာရေးဝန်ကြီးဌာနက A (H1N1) ဝက်တုပ်ကွေးရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ သတင်းစာနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေပေမယ့် လူထုကြားမှာ A (H1N1) အကြောင်း သိပ်မသိကြဘူး။

“၀က်သားတုတ်ထိုးစားရင် တုပ်ကွေးမိလိမ့်မယ်။ မစားနဲ့နော်။ သူများကျွေးတဲ့ ၀က်သားတွေလည်း မစားနဲ့ နော်” ဆိုတဲ့ အသက် ၃၀ ကျော်အရွယ် ဈေးသည်မိခင်တဦးက သူ့ရဲ့ အသက် ၆ နှစ်အရွယ် သားငယ်ကို သတိပေးမှာကြားနေတယ်။

ဈေးသည်တွေ၊ တနေ့လုပ်မှ တနေ့စား ဆင်းရဲသားတွေ ခမျာမှာတော့ ဝက်တုပ်ကွေးရောဂါ A (H1N1) ဆိုတာ ဘာမှန်းမသိကြဘူး။

ဝက်တုပ်ကွေးရောဂါ အကြောင်းဘာမှမသိတဲ့ ပြည်သူလူထုကို စစ်အစိုးရကလည်း ဘာမှရှင်းမပြဘူး။ သူ့ဟာသူ အစည်းအဝေးတွေကျင်းပ၊ သူ့ဟာသူ ဆုံးဖြတ်ချက်တွေချ။ အရေးပေါ်အစီအစဉ်တွေနဲ့ ကပ်ရောဂါကြီးဖြစ်လာရင် ကျော်လွှားဖို့ အစီအစဉ်တခုတလေမှ ပြည်သူကို ချပြတာ မရှိဘူး။

ကျန်းမာရေး ဒုတိယ၀န်ကြီး ဒေါက်တာမြဦး နှာခေါင်းစည်း တပ်ပြီး တိုက်ပုံ တကားကားနဲ့ ရန်ကုန် ဆေးရုံကြီးမှာ လမ်းလျှောက်နေတာကို ရုပ်မြင်သံကြားက သတင်းအဖြစ် ပြတယ်။

စာပေစိစစ်ရေးအောက်မှာ မီဒီယာ အမည်ခံ နေရတဲ့ ပြည်တွင်း သတင်းဂျာနယ်တွေလည်း နှုတ်ဆိတ်နေရတယ်။ ကျန်းမာရေးဝန်ကြီးဌာနကို ဝက်တုပ်ကွေးနဲ့ ပတ်သက်လို့ မေးတိုင်း “အထက်လူကြီးကို မေးပါ။ အထက်လူကြီးက ခွင့်မပြုရင် မပြောနိုင်ပါဘူး” ဆိုတဲ့ အဖြေကိုပဲ ရကြတယ်။

အထက်တန်း ကျောင်းသားများလည်း နှာခေါင်းစည်းများဖြင့် ဝက်တုပ်ကွေးကို ကာကွယ်နေကြ (ဓာတ်ပုံ - Getty Images)
“ကပ်ရောဂါတခုရဲ့အစမှာ တန်ပြန်တုံ့ပြန်မှုနှေးရင် အဲဒီကပ်ရောဂါက လျင်လျင်မြန်မြန် ပျံ့နှံ့နိုင်တယ်၊ လူတွေကို ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အချိန်တိုင်း အမြဲအဆက်မပြတ် ပြောဖို့ လုပ်ရမယ်။ သတင်း အမှန်တွေကို ဆက်တိုက် ပြောနေရမယ်။ ဒါမှ ကောလာဟလနဲ့ မတည်ငြိမ်မှုတွေကို ထိန်းနိုင်မယ်” လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြန်ကြားရေး တာဝန်ရှိသူတဦးကပြောတယ်။

“ဝက်တုပ်ကွေးက သာမန်တုပ်ကွေးရောဂါလိုပဲ။ ကိုယ်ပူကြီးမယ်၊ နှာစေး၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာ၊ ကိုယ်လက် ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ အစားမစားချင်ဘူး၊ ပျို့အန်ပြီး ၀မ်းလျှောမယ်။ ရောဂါပြင်းထန် လာရင်တော့ အဖျားတွေ တအားတက်မယ်။ ချောင်းဆိုးပြီး မောပန်းပင်ပန်းနွမ်းနယ် မယ်။အသက်ရှုကျပ်ပြီး ဂနာမငြိမ်ဖြစ်မယ်။ နောက်ဆုံးသတိလစ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်မယ်” လို့ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနက ဆရာဝန်တဦးက A (H1N1) နဲ့ ပတ်သက်ပြီး ရှင်းပြတယ်။

ဒီတုပ်ကွေးရောဂါဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက မက္ကဆီကို နိုင်ငံမှာ အစပြုခဲ့ပြီး ကမ္ဘာတလွှား ပျံ့နှံ့သွားတာလို့ သိရတယ်။ အဲဒီတုန်းက ဝက်တုပ်ကွေးလို့ ထင်ရှားခဲ့ပြီး နောက်ပိုင်းမှာ A (H1N1) တုပ်ကွေးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခေါ်ဝေါ်ခဲ့ပါတယ်။ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကမ္ဘာ့လူတုပ်ကွေးလို့ နာမည်ပေးထားတယ်။

ဝက်တုပ်ကွေးရောဂါကို တုပ်ကွေးရောဂါကု ဆေးဝါးနှစ်မျိုးဖြစ်တဲ့ Tamiflu နဲ့ Relenza ဆေးတွေနဲ့သာ ကုသနိုင်ပြီး ဒီအထဲမှာ Tamiflu ဆေးဝါးဟာ ဒိန်းမတ်နိုင်ငံက ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရသူတဦးကို ကုသခဲ့ရာမှာ ဆေးမတိုးတဲ့လက္ခဏာ တွေ့ရှိရတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးသားထားတာ တွေ့ရတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာ ဝက်တုပ်ကွေးရောဂါ ကုသဖို့ ဆေးဝါးအလုံအလောက် ရှိရဲ့လား၊ ရှိတယ်ဆိုရင်လည်း ကပ်ရောဂါအသွင် ရောက်လာရင် လူတိုင်းကို ကုသဖို့ ဆေးဝါးတွေ အသင့်ရှိရဲ့လား ဆိုတာက ပြည်သူ လူထုအကြားမှာ အလွန်စိတ်ဝင်တစား သိချင်နေကြတဲ့ အကြောင်းအရာတခုဖြစ်သလို ပြည်တွင်း သတင်းထောက်တွေအနေနဲ့ ဖော်ပြချင်တဲ့ သတင်းတပုဒ် ဖြစ်နေပါတယ်။

စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေ အတွက်တော့ ဝက်တုပ်ကွေးရောဂါဆိုးက “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ” “မြွေပူရာ ကင်းမှောင့်” ဆိုတဲ့ စကားပုံတွေလို ထိတ်လန့်တုန်လှုပ်စေတာကတော့ အသေအချာပါပဲ။

29 June, 2009

Tila Tequila - Hot for Teacher - Myanmar Burma It Can't Wait

လှိုဏ်ခေါင်းတူးထားတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ

မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဘာ့တေးလစ်တနာ ဟာ ရေးလ် နိုင်ငံတကာ အင်တာနက် စာမျက်နှာမှာ မြန်မာ စစ်ဗိုလ်ချုပ် ကြီးများ တည်ဆောက်ထားတဲ့ မြေအောက်ဥမင် လှိုဏ်ခေါင်း ကြီးများ အကြောင်း ဆောင်းပါတစ်ပုဒ်ရေးသားခဲ့ပါတယ်။ ဆောင်းပါးမှာ လှိုဏ်ခေါင်းများဟာ ကြပ်ပြေးမှ တောင်ကြီးဘက်သို့ ဖောက်လုပ်ထားတဲ့ အဲဒီလှိုဏ်ခေါင်းများဟာ ပေ-၂၀ ခန့်မြင့်ပြီး ကုန်တင်ကားကြီးများ အလွယ်တကူဝင်ထွက်နိုင်တဲ့ အဆင့်ရှိတဲ့ လှိုဏ်ခေါင်းများဖြစ်တယ်လို့ဆိုထားပါတယ်။ မြောက်ကိုရီးယားအကြောင်း ရေးထားတဲ့ Tunnels, Guns and Kimchi: North Korea's Quest of Dollars Part 1 ဆောင်းပါးမှာ မြောက်ကိုရီးယားတွေဟာ မြန်မာ စစ်ဗိုလ်ချုပ်ကြီး တွေအတွက် လှိုဏ်ခေါင်းတွေ တည်ဆောက် ပေးနေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
ထိုလှိုဏ်ခေါင်းကြီးများဟာ နူးကလီးယားစမ်းသပ်မှုအတွက်သော်လည်းကောင်း၊ စစ်ဗိုလ်ချုပ်ကြီးများ ခိုလှုံေို့အတွက်သော်လည်းကောင်း ဖြစ်နိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ထိုလှိုဏ်ခေါင်းများတည်ဆောက်ရေးစီမံကိန်းကို ၂၀၀၃ ခုနှစ် အီရတ်-အမေရိကန်စစ်ပွဲ၌ ဆက်ဒမ်ဟူစိန်ပြုတ်ကျပြီးနောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်နိုင်ပါတယ်။ လှိုဏ်ခေါင်းအတွင်းမှာ အစည်းအဝေးခန်းမများ ရိက္ခာသိုလှောင်ခန်းဂိုထောင်များပါဝင်တဲ့အပြင် တင့်ကားများ ဒုံးပျံများကိုပင် ထိုလှိုဏ်ခေါင်းအတွင်းဝှက်ထားနိုင်သည်ဟုဆိုကြသည်။ စစ်ဗိုလ်ချုပ်ကြီးများသည် ဆူပူလှုပ်ရှားမှုမျာဖြစ်ပွားပါက ထိုလှိုဏ်ခေါင်းအတွင်းမှ ရိက္ခာအပြည့်အစုံဖြင့် လအနည်းငယ်ခိုအောင်းနိုင်အောင်လည် အကာအကွယ်ယူထားဟန်ရှိသည်။
စစ်အစိုးရဟာ တံတား၊ ရေကာတာ ၊ဆည်မြောင်း၊ ရထားလမ်းဖွင့်ပွဲတွေအကြောင်းကို သတင်းများမှာ အမြဲဖော်ပြတတ်ပေမယ့် ဒီလှိုဏ်ခေါင်းများအကြောင်းကိုတော့ သတင်းတွေမှာ လုံးဝမဖော်ပြတဲ့အတွက် စစ်ရေးလျှို့ဝှက်ချက်အဖြစ် လျှို့ဝှက်ထားဟန်တူပါတယ်။ စီးပွားရေး စားဝတ်နေရေးကျပ်တည်းရခြင်းဟာ အမေရိကန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့်ဟု အသံကုန်ဟစ်မှုကို ဟန်ပြထားပြီး ကြပ်ပြေးနေပြည်တော်တည်ဆောက်ရေး အတွက် ဘက်ဂျက်များစွာကို အသုံးပြုခဲ့သလို လှိုဏ်ခေါင်းတည်ဆောက်ရေးစီမံကိန်းများအတွက် လျှို့ဝှက်တည်ဆောက်ရသည့်အတွက် စစ်ရေးစားရိတ် ပိုမိုကုန်ကျဖွယ်ရှိခဲ့ဟန်တူပါတယ်။ ဒါကြောင့် နိုင်ငံရဲ့စီးပွားရေးဟာ တစ်နေ့တခြားကျဆင်းပြီး တိုင်းပြည်ဟာ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာတာ ဖြစ်နိုင်ပါတယ်။ သေချာတာက စစ်အစိုးရဟာ နာဂစ်ဖြစ်ပွားပြီး စစ်သင်္ဘော ချဉ်းကပ်လာမှု၊ အမေရိကန် လေတပ်မှ မဲဆောက်လေဆိပ်ကွင်းအား လေယာဉ်ဆင်းသက်နိုင်မှု အနေအထာများ စစ်ဆေးမှုများရှိခဲ့ခြင်းတို့ အပေါ် ခံစစ်အနေအထား ပြင်ဆင်ထားပုံရပါတယ်။
ဘာ့တေးလစ်တနာကတော့ ဒီလှိုဏ်ခေါင်းကြီးဟာ ကမ္ဘာ့အကြီးဆုံး သင်္ချိုင်းကြီး ဖြစ်လာမည် လောဟု ဟောကိန်းထုတ်ထားပြန်ပါတယ်။ စစ်ရေးအရရှုံးနိမ့်လျှင် တရုတ်ဘက်သို့ ခိုဝင်မည့်ပုံမပေါ်ဘူးဟုလည်း သုံးသပ်ထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ထိုကိစ္စနှင့်ပတ်သက်၍ စစ်ရေးသတင်းပေါက်ကြားသည်ဟု ဆိုကာ လူတစ်ချို့ ဖမ်းဆီးမှုများရှိခဲ့ပါတယ်။ သို့သော် မည်သူမည်ဝါများကိုဖမ်းဆီးသည်ဟု အတိအကျ မသိရပေမယ့် ထောက်လှမ်းရေး ဟောင်းများကို ဦးတည် ဖမ်းဆီး ဖွယ်ရှိကြောင်းလည်း ကြားသိရသည်။

28 June, 2009

မြေအောက်လှုပ်ရှားမှုနှင့် လူထုအင်အား-ဇောင်ဂရန်ဆစ်(NT)


မြေအောက်လှုပ်ရှားမှု ဆိုတာ ဘာလဲ


ယေဘုယျအားဖြင့်ပြောရရင်တော့ မြေအောက်လှုပ်ရှားမှုဆိုတာ …….. ကိုယ်ရဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် မြေပေါ်မှာလွတ်လွတ်လပ်လပ် ဆောင်ရွက်လို့မရနိုင်တဲ့ အခြေအနေ အချိန်အခါ၊ အခြေခံဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အခြေအနေ အချိန်အခါ စတဲ့ အခြေအနေအချိန်အခါမျိုးတွေအောက်မှာ ကိုယ်ရဲ့လုပ်ဆောင်စရာရှိတဲ့ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်နိုင်အောင်လျှို့ဝှက်ပြီး ကျစ်ကျစ်လစ်လစ်၊ သိုသိုသိပ်သိပ်နဲ့ စနစ်တကျ လှုပ်ရှားရတဲ့လှုပ်ရှားမှုမျိုး ဖြစ်ပါတယ်။ James Bond လိုမျိုး တကိုယ်တော် လျှို့ဝှက် စွန့်စားခန်းဖွင့်တဲ့ အလုပ်မျိုး မဟုတ်ပါ။ ဦးဆောင်တဲ့ အဖွဲ့အစည်းအောက်မှာ မြေအောက်လှုပ်ရှားမှုရဲ့ သံမဏိစည်းကမ်းတွေနဲ့ စနစ်တကျ လုပ်ဆောင်ရတာမျိုးလည်းဖြစ်ပါတယ်။

ဒီလို မြေအောက်လှုပ်ရှားမှုကို လုပ်ဆောင်ကြတဲ့နေရာမှာ နိုင်ငံရေးဦးတည်ချက်ကို မူတည်ပြီး ရည်ရွယ်ချက်တွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက်၊ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ပြင်ဆင်ဖို့အတွက်၊ လူထုအုံကြွမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖေါ်ဆောင်ဖို့အတွက် စသည်ဖြင့် နေရာဒေသနဲ့ အချိန်အခါတွေအပေါ်ကို မူတည်ပြီး ရည်ရွယ်ချက်တွေကအမျိုးမျိုး ရှိနိုင်၊ ကွဲပြားနိုင်ပါတယ်။ လက်ရှိမြန်မာပြည်ရဲ့ဒီမိုကရေစီတော်လှန်ရေးမှာတော့ UG လုပ်ငန်း (မြေအောက်လှုပ်ရှားမှု လုပ်ငန်း) ကိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ People Power လို့ ခေါ်တဲ့ လူထုအင်အားကို တည်ဆောက်ဖို့အတွက်နဲ့လူထုလှုပ်ရှားမှု၊လူထုတော်လှန်ရေးတွေကို ဖေါ်ဆောင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီ စစ်အုပ်စုရဲ့အကြောက်ဆုံးလက်နက်ဟာ People Power လို့ခေါ်တဲ့လူထုပဲ ဖြစ်သလို၊ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင်လည်း လူထုလမ်းစဉ်ကလွဲလို့ တခြားနည်းလမ်းလည်း မရှိပါဘူး။ ယ္ခုအခြေအနေမှာလို အခြေခံ ဒီမိုကရေစီအခွင့်အရေးတွေအားလုံ ဆုံးရှုံးနေတဲ့အချိန်မျိုးမှာ ဒီ လုပ်ငန်းတွေကိုလုပ်နိုင်ဖို့အတွက်ကတော့ တနည်းပဲ ရှိပါတော့တယ်။ တကယ်တော့လည်း မြန်မာပြည်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုက စလို့ ခေတ်အဆက်ဆက်က တော်လှန်ရေးတွေကို ပြန်ကြည့်လိုက်ပါ။ အင်္ဂလိပ်ကိုတော်လှန်ဖို့အတွက် သခင်အောင်ဆန်း မြေအောက်ကိုဆင်းခဲ့ပါတယ်။ ဂျပန်ကို တော်လှန်ဖို့အတွက်လည်း သခင်စိုးဟာ မြေအောက်ကို ဆင်းခဲ့ပါတယ်။ ၈၈ အရေးတော်ပုံကြီးအားကောင်းမောင်းသန် ဖြစ်လာဖို့အတွက်လည်း ဒီ မြေအောက်နည်းနဲ့ပဲ ၀ိုင်းဝန်းပြီး ပြင်ဆင်ခဲ့ကြတာပါပဲ။


ဘာကြောင့် မြေအောက်လှုပ်ရှားမှု ဆိုတာကို လုပ်ဖို့လိုအပ်တာလဲ


လက်ရှိ မြန်မာပြည်တွင်းမှာက စစ်အုပ်စုရဲ့ဖိနှိပ်စော်ကားမှုတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ လုထုရဲ့ မကျေနပ်မှုတွေ ၊ ခံပြင်းမှုတွေ၊တောက်ခေါက်သံတွေဟာလည်း တိုး၍ တိုး၍သာ လာနေပါတယ်။ အပေါ်ယံ ကြည့်ရင်တော့ အဲဒီလို ဖိနှိပ်မှုတွေအပေါ်ကို မကျေမနပ်နဲ့တောက်ခေါက်ရုံကလွဲလို့ လက်တွေ့ကြတဲ့ လူထုရဲ့တုံပြန်မှုဟာ မရှိနေသလိုမျိုး၊ ငြိမ်သက်နေသလိုမျိုး ဖြစ်နေပါတယ်။ (ဒါတောင် ပြည်သူလုထုက ဒီ စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူးဆိုတာကို ရတ့နဲ ည်းမျိုးစုံနဲ့သူတို့ရဲ့ဆန္ဒတွေကို ဖေါ်ထုတ် ပြသနေကြတာပဲမလား။) ဒါကလည်းစားဝတ်နေရေးကြောင့်၊ ပြင်းထန်တဲ့ စစ်အုပ်စုရဲ ဖိနှပ်မှုတွေကြောင့်လို့ တစိတ်တဒေသ ပြောလို့ ရပေမယ့်၊ ကျနော်တို့ဘက်က လူထု ယုံကြည်ကိုးစားလောက်တဲ့ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှု ပေးနိုင်မှုတွေ အဆင်သင့် မဖြစ်ကြသေးတာက ပိုပြီး အဓိကကျတဲ့ အချက်လို့ပြောရပါလိမ့်မယ်။ မြန်မာပြည်လူထုဟာ အမြဲတမ်း တာဝန်ကျေခဲ့ပါတယ်။ ဂျပန်ခေတ်လို စကားလေးတခွန်းကြောင့် အနည်းဆုံးလက်သည်းခွံ အခွာခံရပြီး၊ အဆိုးဆုံး ဇာတ်ပြတ်သွားနိုင်တဲ့ခေတ်မျိုးမှာတောင်မှ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ စနစ်တကျ ပြင်ဆင်မှု ရှိလာပြီဆိုတဲ့အခါမှာ လှည်းနေ လှေအောင်း မြင်ဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင် ပူးပေါင်း ပံ့ပိုးခဲ့ကြတာ၊ နောက် ၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တာတွေဟာ မဝေးသေးတဲ့ သမိုင်းသက်သေတွေ ပါ။


ယခု မြန်မာပြည်တွင်းမှာက စီကနဲ၊ ထီကနဲ ဆိုသလို လူထု မကျေမနပ်မှုတွေ၊ မငြိမ်မသက်မှုတွေ၊ ပေါက်ကွဲအုံကြွမှုတွေဟာ အချိန်မရွေး၊နေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ဒီလို အဖြစ်အပျက်လေးတွေဟာ နိုင်ငံရေးကို အခြေခံပြီး ဖြစ်ပေါ်လာတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သာမာန် ဘာမဟုတ်တဲ့ ကိစ္စလေးတခုမှာ အခြေခံပြီး ပေါက်ကွဲထွက်လာတာလည်း ဖြစ်ချင် ဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ် ဖိလို့ မခံနိုင်တဲ့အဆုံးမှာ ကြွမယ် ဆိုတဲ့ အခြေခံပေါ်ကပဲ လာမှာပါ။ တကယ်တော့ ဒါမျိုး အဖြစ် အပျက်လေးတွေကဖြစ်လည်း ဖြစ်နေ၊ ရှိလည်း ရှိနေပါတယ်။ အဲဒီလိုတွေ လှုပ်ရှား ရုန်းကန်မှုတွေ၊ မီးပွားလေး တွေ ဖြစ်ပေါ်လာခဲ့ရင် နိုင်ငံရေးအခြေခံနဲ့လူထုကြီးဟာ အဲဒီလှုပ်ရှားမှုတွေထဲမှာ အချိတ်အဆက်မိမိ ပါဝင်နေ ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှလည်း ထီကနဲ၊ စီကနဲ ဆိုတဲ့အခြေအနေတွေကနေ တစက်ကနေ တမျက်နှာလုံးကို ပြန့်သွားတဲ့အခြေအနေမျိုး ဖြစ်အောင် အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ တနေရာမှာပဲဖြစ်ပြီး တနေရာထဲမှာပဲ ပိတ်မိနေလို့မရပါဘူး။ ရန်သူက အလွယ်တကူ ချေမှုန်း သွားပါလိမ့်မယ်။ လုပ်ခဲ့တဲ့သာဓကတွေကလည်း ရှိပြီးသားပါ။ပွင့်ပွင့်လင်းလင်း ပြောရရင် တစက်ကနေ တမျက်နှာလုံးကို ပြန့်သွားဖို့လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အထူးသဖြင့် စနစ်တကျနဲ့လူထုတွေရဲ့ကြားထဲမှာ တည်ဆောက်ထားတဲ့ ကွန်ယက်တွေ အင်မတန်မှ အားနည်းနေပါတယ်။
အဲဒီလို ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေကောင်း၊ အခွင့်အခါကောင်းတွေနဲ့ လူထုကြီး ချိတ်ဆက်မိသွားနိုင်စေဖို့ဆိုရင် အဓိက အရေးကြီးတဲ့အချက်နှစ်ချက် လိုအပ်ပါတယ်။


၁။ ပထမအချက် ကတော့ ပြည်သူလူထုရဲ့ကြားထဲမှာ နိုင်ငံရေးအသိအမြင်၊ တော်လှန်ရေးအသိအမြင် အတိုင်းအတာတခုအထိ နိုးကြားနေဖို့လိုပြီး၊ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံ ခံစားနေရတဲ့ လူမှုဘ၀ဒုက္ခတွေ၊ ဖိနှိပ်မှုတွေအောက်ကနေ ရုန်းထွက် လွတ်မြောက်လိုတဲ့ပြင်းပြတဲ့ဆန္ဒတွေရှိနေဖို့လိုပါတယ်။ ဒီနေရာမှာ တချို့တွေက ပြောကြပါတယ်၊ လူထုက ဒီ စစ်အစိုးရကို ဒါလောက် မုန်းနေတာတောင် ဒီနိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်ဆိုတာတွေက လိုသေးလို့လား ဆိုပြီး ပါ။ လိုပါတယ်။ မကျေနပ်လို့ သူအလိုလို ထပြီး ပေါက်ကွဲတာနဲ့နိုင်ငံရေး အသိတရားကို အခြေခံပြီး အချိတ်အဆက်မိတဲ့ လူထုအုံကြွမှု၊ လူထုလှုပ်ရှားမှုက မတူပါဘူး။ နောက် လက်ရှိအခြေအနေမှာကပျက်ပြားနေတဲ့ စီးပွားရေးစနစ်ရဲ့အောက်မှာ လူထုဟာ အပြင်းအထန် ရုန်းကန်နေကြရတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ ၀မ်းရေးအတွက်ကလွဲလို ဘယ်ဟာကိုမှ စိတ်မ၀င်စားနိုင်ပါဘူး။ သိပ်လည်း ရှည်ရှည် ဝေးဝေးတွေ မတွေးနိုင်ပါဘူး။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းတွေ ဘာတွေကိုလည်း သိပ် စိတ်မ၀င်စားနိုင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေကြုံ ခံစားနေရတဲ့ လူမှုဘ၀ ဒုက္ခတွေဘယ်လို အဆင်ပြေနိုင်မလဲ ဆိုတာပဲ စိတ်ဝင်စားနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာတွေရဲ့အရင်းခံက ဘာ၊ သူတို့အတွက် အနာဂတ်မျှော်လင့်ချက်က ဘယ်သို့၊ စသည်ဖြင့် သူတို့လက်တွေ့ဘ၀အသိကနေ ပေးနိုင်တဲ့ နိုင်ငံရေး အမြင်ကို မီးမောင်းထိုးပြရမှာပါ။ ဒါမှလည်း လူထုထဲမှာရှိနေတဲ့ ယေဘုယျဆန်တဲ့ မကျေနပ်ချက်တွေကနေ လက်တွေကျတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာအောင် ပေါင်းစပ်ပေးနိုင်မှာပါ။


၂။ ဒုတိယအချက် ကတော့ လူထုနဲ့ ဒီလိုပေါ်လာတဲ့အခွင့်အရေးတွေကို ပေါင်းစပ်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ (ကေဒါတွေ) တက်ကြွလှုပ်ရှားသူတွေကလည်း လူထုတွေရဲ့ကြားထဲမှာ အဆင်သင့်ရှိနေဖို့ ပါ။ ဒီ ဒုတိယအချက် ပြည်စုံနေမှလည်း ပထမအချက်ကို ထိထိမိမိဖေါ်ဆောင်နိုင်မှာပါ။ အဲဒီ အဓိက အချက်နှစ်ချက် ပြည်စုံနေဖို့အတွက်ဆိုရင်တော့ အခုထဲက အားလုံးက တစိုက်မတ်မတ်နဲ့ စနစ်တကျပြင်ဆင်ရပါမယ်။ ငါးကို မြင်မှ ငါးစာကို ချသလိုမျိုး လုပ်လို့မရပါဘူး။ သိပ် နောက်ကျသွားပါလိမ့်မယ်။ ရေရှည်မြှုပ်နှံပြီး အခွင့်အခါ ကောင်းကို စောင့်ရပါလိမ့်မယ်။ အဓိက က စိတ်ရှည်ရမယ်၊ စနစ်ကျ ရမယ်၊ လျှို့ဝှက်ရပါလိမ့်မယ်။
လက်ရှိ မြန်မာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေး အခြေအနေက တချီထဲနဲ့ နအဖ စစ်အုပ်စုကို နောက်ကောက် (knockout)ထိုးပြီးစည်းဝိုင်းအပြင်ဖက် ပို့နိုင်ဖို့ဆိုတဲ့ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ထူးခြားတဲ့ ပြည်တွင်းပြည်ပ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ရိုက်ခတ်မှုတွေ ရှိလာ၊ဖြစ်လာရင်တော့ တမျိုးတဖုံ ပြောင်းသွားနိုင် ပါတယ်။ ဒါပေမယ့် ဖြစ်လာနိုးနဲ့ထိုင် စောင့်နေရမယ့်ဟာတွေ မဟုတ်ပါ။ အဲဒီလို ဟိုလူကို မျှော်လိုက်၊ ဒီဟာကို မျှော်လိုက်နဲ့ ကြာလာရင် မျှော်တော်ဇောနဲ့ မောလာတာသာ အဖတ်တင်သွားပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ရဲ့ပထမဦးဆုံးသမ္မတကြီးဖြစ်တဲ့ ဂျော့ ၀ါရှင်တန် ပြောဖူးတဲ့စကားတခွန်း ရှိပါတယ်။ "သက်ဆိုင်ရာ အမျိုးသား အကျိုး စီးပွားဘောင်ကို ကျော်၍မည်သည့် နိုင်ငံကိုမှ မယုံကြည်အပ်ပေ" ဆိုတာပါ။ နောက်တခုက အဲဒီလို မျှော်လင့်ခြင်း အခြားတဖက်မှာ ဘာရှိတတ်လဲဆိုတော့ သူတပါးကို အားကိုးချင်စိတ်က များလာပြီး ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းလာတတ်ပါတယ်။ အဲဒီလိုမျိုးက နိုင်ငံရေးသမားတွေကြားထဲမှာပဲ အဓိက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီ ရောဂါ ပြည်သူလူထုကြီးဆီကို ကူးစက် မသွားရအောင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတိုင်းကပြုလုပ်သင့်ပါတယ်။


ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ခံယူထားသူတွေအနေနဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေမှာကိုယ့်ဆန္ဒအရ ဖြစ်ချင်တာနဲ့ တကယ် လက်တွေ့မှာဖြစ်လာတဲ့ အဖြစ်အပျက် တွေဟာ ဘယ်တော့မှ ထပ်တူ မကျတတ်ဘူးဆိုတာကိုလေးလေးနက်နက် သိထားကြမှာပါ။ လက်ရှိဗမာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ဖြစ်နိုင်ခြေ အများဆုံးကတော့ ပုံစံအမျိုးမျိုးနဲ့အဆင့်ဆင့်သော တိုက်ပွဲစဉ်တွေကို ဖြတ်သန်းပြီးမှ နောက်ဆုံးပန်းတိုင်ကို တက်လှမ်းနိုင်မယ့် အခြေအနေ ပါ။ ကိုယ့် ဘက်က ပြင်ဆင်ထားတာ ပြည့်စုံနေမယ်၊ ခိုင်မာနေမယ် ဆိုရင်တော့ အောင်ပွဲပန်းတိုင်ဆီကို လျင်လျင်မြန်မြန် တဆင့်ပြီးတဆင့် ချီတက်သွားနိုင်မှာပါ။


ဒီလို People Power ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ဆိုရင် သာမာန် ငြိမ်သက်နေတဲ့ အခြေအနေတွေအောက်မှာ လူထုကိုနိုင်ငံရေးအရ အသိအမြင် နိုးကြားအောင် လျှို့ဝှက်ပြီး ၀ါဒဖြန့် လှုံ့ဆော်ပေးမယ့်ကေဒါတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ထူးခြားတဲ့အခြေအနေပုံစံမျိုးစုံ၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံမှာ လူထုကို ဦးဆောင် လမ်းပြပေးနိုင်၊ တိုက်ပွဲတွေ လှုပ်ရှားမှုတွေနဲ့ စနစ်တကျ ပေါင်းစပ် ပေးနိုင်တဲ့ ကေဒါ
တွေ၊ တက်ကြွလှုပ်ရှားသူတွေ လူထုရဲ့ကြားထဲမှာ အဆင်သင့် ရှိနေဖို့ လူထုနဲ့ တသားထဲ ရှိနေဖို့လိုပါတယ်။ အဲဒီလို ရှိနေဖို့ဆိုတာကလည်းနေ့ချင်းညချင်း ဖြစ်လာနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အချိန်ယူ ပြင်ဆင်၊ တည်ဆောက်ရပါလိမ့်မယ်။


ဒီလို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒီလောက်တောင် ဥပဒေမဲ့ ဖိနှိပ်နေတဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အုပ်ချုပ်မှုအောက်မှာ ရွေးစရာလမ်းက သိပ်မရှိတော့ပါဘူး။ တခုပဲ ရှိပါတယ်။ ဒါကတော့ မြေအောက်နည်း၊ လျှို့ဝှက်တဲ့ နည်းပါ။ နောက် မြေအောက်လှုပ်ရှားမှု နည်းလမ်း ဆိုတာကလည်း အသစ်အဆန်းနည်းလမ်း မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က မတရား ဖိနှိပ်တဲ့အစိုးရတွေ၊ မတရား ကျူးကျော်သူတွေကို ဒီလိုပဲတော်လှန်တိုက်ပွဲ ၀င်ခဲ့ကြပြီး အောင်ပွဲတွေ ရခဲ့ကြတာပါ။ အခုက one click မှာ အချက်အလက်တွေ၊ သတင်းတွေ အများကြီး စီးဆင်းသွားနိုင်တဲ့ သတင်းခေတ်ကြီး ပါ။ တီထွင် ကြံဆ နည်းလမ်းရ ပါ။


ဒီလို ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက်ဆိုရင် ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေကပဲ လုပ်ဆောင်ရပါလိမ့်မယ်။ မျိုးဆက်သစ်တွေက အဓိက ကျပါလိမ့်မယ်။ လက်ရှိ အခြေအနေမှာ ဘက်ပေါင်းစုံ အကြောင်းတရားတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ဒီလိုအလုပ်တွေလုပ်ဖို့ အခြေအနေ မပေးပါဘူး။ လူထုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပေါင်းမိသွားအောင် ရန်သူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပရဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက်တွေ အကုန် ဖြတ်ထားပြီးသားပါ။ နောက် ၈၈ မျိုးဆက်အကုန်လုံးနီးပါးကိုလည်း ထောင်နှစ်ရှည်တွေချထားပြီး လူထုနဲ့ဝေးရာတွေဆီကို ပို့ထားပါတယ်။ နောက် သတိပြုရမှာတချက်က မြေအောက်လုပ်ငန်းစဉ်တွေကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မထိခိုက်စေချင်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှလား ဆိုတော့လည်း မဟုတ်ပါဘူး။ အခြားသော မြေပေါ်အဖွဲ့အစည်းအားလုံးနဲ့ မြေပေါ် မြေအောက် လိုင်းပူးလို့ မရပါဘူး။ လိုင်းပူးမိရင် နှစ်ဖက်စလုံး အကျိုးမဲ့စေပြီး ရန်သူကို အမြတ်ထွက်စေပါလိမ့်မယ်။


ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ


ဗမာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ဒီ မြေအောက်လှုပ်ရှားမှုလုပ်ငန်းရဲ့အဓိက ဦးတည် ရည်ရွယ်ချက်က လူထုအင်အားကို တည်ဆောက်ဖို့ပါ။ ဒီနေရာမှာ ပြည်သူလူထုဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ။ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ပညာတတ်တွေ၊ စစ်အစိုးရရဲ့လက်ဝေခံတွေ မဟုတ်တဲ့ အငယ်တန်း ကုန်သည် ပွဲစားတွေ၊ လူငယ်ကျောင်းသားတွေ၊ အမျှော်အမြင်ရှိတဲ့ တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေနဲ့ ကျဘမ်း လက်လုပ်လက်စားတွေ အတန်းအစားအစုံအားလုံး ပြည်သူလူထုဆိုတာထဲမှာ ပါဝင်တယ်ဆိုတာကို သတိပြုရပါလိမ့်မယ်။


အုပ်စုတခုထဲကိုပဲ ဦးတည်ထားလို့ မရပါဘူး။ အုပ်စုတိုင်းမှာသူတို့ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ ကိုယ်စီ ရှိကြပါတယ်။ အဲဒီ ထူးခြားချက်တွေကို နားလည်ရပါလိမ့်မယ်။ ဘယ်အုပ်စုက အတက်ကြွဆုံးဖြစ်ပြီး ရှေ့တန်းက ပါလဲ၊ ဘယ်အုပ်စုကတော့ စုစည်းရ၊ စည်းရုံးရ အခက်ဆုံးဖြစ်မလဲ စတာတွေကို သူတို့ရဲ့ လူမှုစီးပွားအလွှာနဲ့ လူအဖွဲ့အစည်းတွေထဲမှာ သူတို့ ကျင်လည် တည်ရှိနေတဲ့ ပုံသဏ္ဍာန်တွေ၊ ဆက်စပ်မှုတွေကို အထူးပြုပြီး ချဉ်းကပ် စည်းရုံးရပါလိမ့်မယ်။


သာဓကအားဖြင့် လူငယ်ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ လူငယ်ကျောင်းသားတွေဟာအစဉ်အလာအားဖြင့် ဗမာပြည်နိုင်ငံရေးမှာ ရှေ့တန်းက အတက်ကြွဆုံး ပါဝင်တဲ့ အစုအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကလည်း လူငယ်ဖြစ်တဲ့အတွက် တက်ကြွတယ်၊ စွန့်လွှတ် စွန့်စားလိုစိတ် ရှိတယ်၊ အမှန်တရားကို မြတ်နိုးတယ်။ နောက်တခုက ကျောင်းတို့၊ တက္ကသိုလ်တို့ဆိုတဲ့
နေရာမျိုးမှာ တက်နေရတဲ့အတွက် တနေရာထဲမှာ တစုတစည်းထဲ ရှိနေတယ်၊ အချင်းချင်းလည်း ထိတွေ့မှုကလည်း အတိုင်းအတာတခုအထိရှိနေပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း အလုပ်ရုံတွေ၊ ရုံးတွေမှာ တစုတစည်းထဲ ရှိနေ၊ ထိတွေ့နေတဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေကျပြန်တော့ လူငယ်ကျောင်းသား တွေလောက် ရှေ့တန်းကနေပြီး နိုင်ငံရေး လှုပ်ရှားတက်ကြွမှုတွေမှာ မပါနိုင်ကြပြန်ဘူး။ ဒါကလည်း သဘာဝကျတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ရုံးတွေ ဌာနဆိုင်ရာဥပဒေစည်းကမ်းတွေနဲ့ စစ်တပ်လောက်နီးနီး ချည်နှောင်ခံထားရပါတယ်။ဒါပေမယ့် သူတို့ဟာ အစိုးရရဲ့လုပ်ငန်းတွေကို လည်ပတ်မှုတွေ အကုန်ရပ်သွားအောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ အစိုးရဲ့ အားနည်းချက်တွေ၊လည်ပတ်မှု နည်းစနစ်တွေကို သိနားလည်ထားသူတွေလည်း ဖြစ်တယ်။ ဆိုလိုချင်တာက အုပ်စုတိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိတယ်။ အဓိက ကတော့ သူတို့ တည်ရှိနေတဲ့ ပုံသဏ္ဍာန်နဲ့ လူအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဆက်စပ်မှုတွေ ကို အထူးပြုပြီး ချဉ်းကပ် စည်းရုံးတတ်ဖို့ပါ ပဲ။ ဘယ်အစုမှာရယ်လို့ တရားသေ မှတ်ထားလို့ မရနိုင်ဘူး။ အဲဒီ အစုတွေထဲမှာ ပါဝင်နေကြတဲ့ တဦးချင်းစီရဲ့ နိုင်ငံရေး နိုးကြားတက်ကြွမှု အတိုင်းအတာက ပို အရေးပါ ပါတယ်။
နိုင်ငံရေးအရ တက်ကြွနိုးကြားမှုကို မူတည်ပြီး ပြည်သူလူထုထဲမှာက သာမာန်အားဖြင့် အပိုင်းသုံးပိုင်းနဲ့ ဖွဲစည်းထားတယ်လို့ပြောလို့ရပါတယ်။

၁၊ နိုင်ငံရေးအရ နိုးကြား တက်ကြွနေတဲ့ အစု
၂၊ သာမန် အုပ်စု နဲ့
၃၊ ဖေါက်ပြန်တဲ့ ဆန်ကျင်ဘက်အုပ်စု ဆိုပြီး ဖြစ်တယ်။


၁၊ ပထမ အစုဖြစ်တဲ့ နိုင်ငံရေးအရ နိုးကြား တက်ကြွနေတဲ့အစု။
ဒါက ပထမအစု ဖြစ်တယ်။ နိုင်ငံရေးအရ နိုးကြား တက်ကြွတဲ့ အစု (သို့မဟုတ်) နိုင်ငံရေးကို အတိုင်းအတာတခုအထိ စိတ်ဝင်စားပြီး၊ ကမ္ဘာနဲ့မြန်မာပြည်မှာ လတ်တလော ဖြစ်ပျက်နေတာတွေကို အနည်းနဲ့ အများဆိုသလို သိမြင် ခြုံငုံမိထားတဲ့ အစု ဖြစ်တယ်။ နိုင်ငံရေးကို ဘယ်လိုပုံစံနဲ့ စိတ်ဝင်စားနေတယ် ဆိုတာကတော့ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့လူအဖွဲ့အစည်းထဲ မှာပါဝင်တဲ့အခန်းကဏ္ဍပေါ်မှာ မူတည်ပြီး ကွဲပြားတတ်တယ်။ ဥပမာအားဖြင့်တော့ လူငယ်၊ ကျောင်းသားတွေနဲ့ ပညာတတ် လူလတ်တန်းစားထဲက တချို့ဟာ ဒီ အစုထဲမှာ အကျုံးဝင်တတ်တယ်။ ဒါပေမယ့်လည်း နေရာဒေသနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပေါ်ကိုလည်း မူတည်ပါသေးတယ်။ ဒီအစုဟာ အရေးရယ်အကြောင်းရယ်ဆို ရှေတန်းက ပါတတ်တဲ့ အစု လို့ ပြောလို့ရပေမယ့် ဗမာပြည် လူအဖွဲ့အစည်းမှာ အနည်းစုပဲ ဖြစ်တယ်။


၂၊ ဒုတိယအစု သာမန် အုပ်စု
ဒီ အစု ဟာ လက်ရှိအခြေအနေမှာ မြန်မာပြည် လူအဖွဲ့အစည်းမှာ အများစုကို ကိုယ်စားပြုထားတယ်။ စစ်အစိုးရ မကောင်းတာကိုလည်းသိတယ်၊ အဲဒီ ဖိနှိပ်မှုတွေကိုလည်း ခံစားနေရတယ်၊ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် (ချည်နှောင်မှုတွေကြောင့်၊ တစုတစည်းထဲစုစည်းနိုင်တဲ့ အခြေအနေမပေးမှုကြောင့်၊ စီးပွါးရေး ကျပ်တည်းမှုကြောင့်) နိုင်ငံရေးဘက်ကို ဦး မလည်နိုင်ဘူး၊ ကိုယ့်ဘာသာကိုယ်ဘာသိဘာသာ နေတယ်။ နိုင်ငံရေး အသိအမြင် အားနည်းသလို၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုလည်း အားနည်းတယ်။ ဒါက အခြေအနေ
အားလုံးနဲ့ ဆက်စပ်နေပါတယ်။ဒီအုပ်စုထဲမှ ဥပမာအားဖြင့် ၀န်ထမ်းတွေ၊ တနေ့လုပ် တနေ့စားရတဲ့ လက်လုပ်လက်စားတွေ၊ အိမ်ရှင်မတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အရပ်မှာ နေကြသူတွေ၊ ကျေးလက်ပြည်သူတွေ မျိုးစုံ ပါဝင်နိုင်တယ်။ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေလည်း ပါဝင်နိုင်တယ်။ တကယ်တော့ ဒီအုပ်စုကြီးက အခရာကျတယ်။ ဒီ အုပ်စုကြီး တကယ် ရုန်းကန်ထကြွလာပြီဆို ရင် စစ်အုပ်စုမျက်ဖြူဆိုက်ပြီပဲ။ ၈၈ အရေးတော်ပုံနဲ့၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက ဒီအုပ်စုကြီး အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုထဲကိုပါဝင်ခဲ့တဲ့အတွက် အောင်မြင်မှုတွေ ရခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက ဒုတိယအုပ်စုရဲ့ ထောက်ခံမှုကို ရခဲ့ပေမယ့် လှုပ်ရှားမှုထဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာအောင် မလုပ်နိုင်ခဲ့၊ မစည်းရုံးနိုင်ခဲ့လိုက်ပါဘူး။ ဒါ့ကြောင့် ရန်သူက လက်ဦးမှုယူပြီး ဖြိုခွင်းသွားနိုင်တာ ဖြစ်တယ်။


၃၊ တတိယအစု ဖေါက်ပြန်တဲ့ ဆန်ကျင်ဘက်အုပ်စု
တတိယအစုကတော့ ဒီစနစ်ကြီးနဲ့ ဒီခေတ်ကြီးကို သူတို့ရဲ့ အကျိုးစီးပွါးတွေနဲ့ထပ်တူကျနေလို့ ဒီအတိုင်း ဆက်လက် ရှိနေစေချင်တဲ့အုပ်စုဖြစ်တယ်။ အဓိက ကတော့ စစ်အုပ်စုကိုယ်တိုင်ပဲ ဖြစ်တယ်။ ဒီအုပ်စုထဲမှာသူတို့ရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ ကြံဖွတ် အမာခံတွေ ပါတယ်။စွမ်းအားရှင်ဆိုတာတွေ ပါတယ်။ အေးလွင်တို့၊ ၀ံသာနု NLD တို့၊ အလံနီပျက်တို့လို အရိုးအရင်း ကိုက်နေရတဲ့သူတွေ ပါတယ်။ စစ်အစိုးရနဲ့ အကျိုးစီးပွါးချင်း ဆက်စပ်နေတဲ့ စီးပွါးရေးသမားတွေ ပညာရှင်တချို့လည်း ပါတယ်။ ဒီ တတိယအုပ်စုဟာ အနည်းစု ဖြစ်ပေမယ့်လက်ရှိအခြေအနေမှာ ကျန်တဲ့ ပထမနဲ့ ဒုတိယအုပ်စုကို ထိမ်းချုပ်ထား ဖိနှိပ်ထားနိုင်တယ်။ ဒါ့ကြောင့် ဒီ အုပ်စုရဲ့အင်အားကို ရအောင်အသုံးပြုကြရမှာ ဖြစ်တယ်။


နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကေဒါတွေဟာ ကိုယ်ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိနေတဲ့ လူထုထဲက အနည်းစုဖြစ်ပေမယ့် နိုင်ငံရေးအရနိုးကြား တက်ကြွတဲ့ အုပ်စုဖြစ်တဲ့ ပထမ အုပ်စုထဲက ထက်သန်ပြီး၊ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ စည်းရုံးမှုကိုပထမဦးဆုံး လုပ်ဆောင်ရပါလိမ့်မယ်။ သူတို့ရဲ့ အထွေထွေ မကျေနပ်ချက်တွေ၊ ခံစားမှုတွေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်လာအောင် ဖန်တီး ပြောင်းလဲပစ်ရပါမယ်။ လှုပ်ရှားမှုတွေ ရှိနေပြီဆိုရင်လည်း လှုပ်ရှားမှုနဲ့ ပေါင်းစပ်ကြရပါမယ်။ အဲဒါကတော့ကျွန်တော်တို့တွေ လူထုလုပ်ငန်းစဉ်၊ လူထုစည်းရုံးရေး ဘယ်လောက် ကျွမ်းကျင်တယ် ဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့တွေနဲ့ ပထမအစုနဲ့ တသားထဲ ဖြစ်သွားပြီဆိုရင် အဲဒီကတဆင့် လူထုထဲက ဒုတိယအစုကို လက်တွေ့ဆန်တဲ့ နိုင်ငံရေး နိုးကြား တက်ကြွမှုတွေနဲ့ ဆက်စပ်အောင်၊ လှုပ်ရှားမှုတွေထဲကို လက်တွေ့ ပါဝင်လာအောင် ဆက်လက် ကြိုးပမ်းရပါလိမ့်မယ်။ ပြီးရင်တော့ အင်အားစု ၂ ခုပေါင်းပြီး တတိယအုပ်စုအပေါ် အနိုင်ယူနိုင်အောင်၊ တတိယအုပ်စု ပြိုကွဲ ပျက်စီးအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားချက်တခုကတော့ တတိယအုပ်စုထဲက တချို့နဲ့ ပထမအုပ်စုနဲ့ ပေါင်းစည်းနိုင်တဲ့ လမ်းကြောင်းတချို့ ရှိနေတာပါပဲ။ အဲဒီအခြေအနေဟာ သိတ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။


သို့သော်လည်း တခါတလေကျရင် လူထုဟာ မခံနိုင်တော့တဲ့အဆုံး တိုက်တွန်းဦးဆောင်မှု မပါဘဲ သူ့ဘာသာသူ လှုပ်ရှားမှုကို စုရုံးဖေါ်ဆောင်သွား၊ ခေါင်းဆောင်သွားတတ်တယ်။ လက်ရှိ မြန်မာပြည် အခြေအနေကလည်း မကြာခဏဆိုသလို အဲဒီလိုမျိုးတွေ ဖြစ်လာတတ်တဲ့အခြေအနေတွေမျိုှးတွေ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီ အုံကြွလှုပ်ရှားမှုတွေဟာ အဆင်မသင့်ရင် (ဒါမှမဟုတ်) အလိုအလျှောက် ပေါ်လာခဲ့တဲ့ခေါင်းဆောင်မှု အားနည်းခဲ့ရင် အခုလောင်၊ အခုငြိမ်းတဲ့ ကောက်ရိုးမီးလိုမျိုး ဖြစ်သွားတတ်ပါတယ်။ တခါတလေကျတော့လည်း ရှေ့ကိုတဆင့်မတက်ပဲ တန့်နေတတ်တဲ့ေ၀၀ါးမှုတွေ ကြုံတတ်ပါတယ်။ အဲဒီလို အခြေအနေတွေမှာဆိုရင် ရန်သူက အလွယ်တကူ ဖြိုခွင်းသွားနိုင်တယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေ၊ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို ရောက်သွားဖို့၊ နောက်ထပ်အခြေအနေ ပေးတာနဲ့ တိုက်ပွဲအဆင့်ကို့ချက်ခြင်း တက်လှမ်းဖို့ဆိုရင် လှုပ်ရှားမှုထဲမှာ စနစ်ကျတဲ့ ဦးဆောင်မှု ရှိနေဖို့ လိုပါတယ်။


ဒီနေရာမှာ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေကိုလည်း မမေ့သင့်ပါဘူး။ တိုင်းချစ် ပြည်ချစ် တပ်မတော်သားတွေနဲ့တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီး ကိုယ့်ကျိုးစီးပွားအတွက် အသုံးပြုနေတဲ့ စစ်အုပ်စုအောက်ကနေ ခွဲ ထုတ်ပြီး လူထုနဲ့ တသားထဲဖြစ်လာအောင် လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသလို အနာဂတ် မြန်မာပြည် အတွက်လည်း အင်မတန်မှ အရေးပါ ပါတယ်။ နောက် သူတို့ဟာ စစ်အာဏာရှင်သက်တမ်းတလျှောက်လုံးအောက်မှာ လူထု့နဲရော နိုင်ငံရေးသမားတွေနဲ့ရော အမြဲတမ်း သွေးခွဲထားခဲ့တာကို ခံ ခဲ့ရတာပါ။ ဒါ့ပြင် တင်းကြပ်တဲ့ စစ်စည်းကမ်းတွေ အတင်း ရိုက်သွင်းထားတဲ့ အတွေးအခေါ်တွေနဲ့မို့ သူတို့ ကိုယ့်ဖက်ပါအောင် စည်းရုံးသိမ်းသွင်းရေးဟာ ပါးနပ်ပြီး အထူး စိတ်ရှည်ဖို့ လိုပါတယ်။.အဲဒီအတွက် အထူး သီးသန့်လုပ်ရပါမယ်။ ဒီနေရာမှာ မြေအောက်လုပ်ငန်းနဲ့ စစ်ရေးအမြင်တွေမှာ တူညီနေတဲ့ အချက်တခု ရှိပါတယ်။ စစ်ပွဲနဲ့ စစ်မြေပြင်မှာ ရန်သူကိုအနိုင်ယူနိုင်တဲ့ နည်လမ်း နှစ်မျိုးရှိပါတယ်။ ရန်သူရဲ့အင်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အလုံးစုံ ချေမှုန်းဖျက်ဆီးပစ်နိုင်ရင် အနိုင်ရပါတယ်။


ထို့အတူပဲ ရန်သူရဲ့ ကာကွယ်နိုင်တဲ့အင်အား၊ စွမ်းရည်တွေကို အလုံးစုံ ချေမှုန်း ဖျက်ဆီးပစ်တာ မဟုတ်ပဲ ထိမ်းချုပ်နိုင်၊ ဖြိုခွဲနိုင်၊ ဖယ်ရှားနိုင်ခဲ့ရင်လည်း စစ်နိုင်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ကို လူထုဘက် ရပ်လာနိုင်အောင် လုပ်ဖို့က အရေးပါ ပါတယ်။ တကယ် ထိပ်တိုက်တိုးတဲ့အခါမှ စည်ရုံးရေး လုပ်လို့မရပါဘူး။ အစောကြီးထဲက ပြင်ဆင်ထားရပါလိမ့်မယ်။


လူထုမှ သည် လူထုဆီသို့


လူထုစည်းရုံးရေး၊ လူထု လုပ်ငန်းစဉ်တခုကို အကောင်အထည် ဖေါ်တော့မယ်ဆိုရင် လူထုမှသည် လူထုဆီသို့ ဆိုတဲ့ဆောင်ပုဒ်တော့လိုအပ်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အဲဒီအခြေခံပေါ်ကပဲ စဉ်းစား လုပ်ကိုင် ဆုံးဖြတ်ရင် အောင်မြင်တဲ့ လူထုစည်းရုံးရေး၊ လူထုလုပ်ငန်းစဉ်ဖြစ်လာနိုင်ပါတယ်။

လူထုဟာ အမျိုးမျိုး အထွေထွေ ဖြစ်နေမှာပါ။ ဒါတွေကို အထူုး နားလည်ထားဖို့လိုပါလိမ့်မယ်။ နောက်တချက်က လူထုဟာ လိုအပ်တဲ့အချိန်မှာ ကြိုက်သလို သုံးနိုင်အောင့် ဖွဲစည်းထားတဲ့ အရံစစ်တပ် မဟုတ်ပါဘူး။ ဒီနေရာမှာ အခြေအနေတခုကို ရောက်လာလို့ ငါတို့လှုံ့ဆော်ပေးလိုက်ရင် လူထုကြီးဟာ ၀ုန်းခနဲ ထလာမယ်။ ငါ့နောက်က ပါလာမယ်လို့ တချို့နိုင်ငံရေးသမားတွေက ထင်နေတတ်တယ်။လူထုဟာ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လူထုကို အမိန့်ပေးလို့ မရပါဘူး။ လူတိုင်းမှာ ကွဲပြားတဲ့ အကျိုးစီးပွား၊ အမြင်သဘောထားတွေကိုယ်စီ ရှိကြပါတယ်။ ကျြေငြာချက်တွေ ထောင်သောင်းချီထုတ်ပြီး လူထုကို လှုပ်ရှားမှုထဲလာဖို့ခေါ်လို့ မရပါဘူး။ သူတို့ အကျိုးစီးပွါးနဲ့ထပ်တူမကျရင် (ဒါမှမဟုတ်) လူထုက နိုင်ငံရေးထဲမှာ တက်တက်ကြွကြွ စိတ်ဝင်စားမှု မရှိရင် ဘယ်သူကပဲ ဘယ်လို ခေါ်နေ ခေါ်နေ၊လူထုက မပါပါဘူး၊ မလာပါဘူး။


လူထုနဲ့ လက်တွေ့နိုင်ငံရေးကို ပေါင်းစပ်နိုင်ဖို့ဆိုရင် ကြဲကွဲပြီး အမျိုးမျိုးအထွေထွေ ဖြစ်နေတဲ့ လူထုရဲ့အမြင် သဘောထားတွေ၊ အထွေထွေတောင်းဆိုချက်တွေကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ပေါင်းစပ်နိုင်ရပါမယ်။ ပေါင်းစပ်တတ်ရပါမယ်။ ဒါ့ကြောင့် လူထုကိုဦးဆောင်မယ့်၊ လှုပ်ရှားမှုကို လုပ်ကိုင်မယ့် အစုအဖွဲ့တွေအနေနဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူထုရဲ့အသံကို နားထောင်ရပါမယ်။ လူထုရဲ့အသံကိုလည်း နားမလည်၊ လူထုနဲ့လည်း လက်တွေ့ပေါင်းစပ်နိုင်အောင် မလုပ်နိုင်ရင်တော့ ဘယ်လောက်ပဲ ကြိုးစား အားထုတ် ထုတ်၊လူထုလှုပ်ရှားမှု ဖြစ်မလာပဲ လူတစုရဲ့ လှုပ်ရှားမှုသာဖြစ်ပြီး အားထုတ်မှုသည်လည်း အချည်းအနှီး ဖြစ်သွားတတ်ပါတယ်။


ဒီနေရာမှာ ဘယ်လို စုစည်း စည်းရုံးလို့ ရနိုင်မလဲ ဆိုတာကတော့ လူထု စည်းရုံးရေးနဲ့ လူထု လုပ်ငန်းစဉ် နည်းလမ်းတွေကို ဘယ်လောက်နားလည် ကျွမ်းကျင်သလဲ၊ ယေဘုယျ အထွေထွေ လှုံဆော်ချက်တွေကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ဘယ်လို ပေါင်း စပ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါ့အပြင် လူထုကို ဦးဆောင်မယ့်သူ ကေဒါတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ကိုယ်တိုင် လူထုကိုဘယ်လောက် ယုံကြည်ကိုးစားမှု ရှိတယ်၊ လူထုရဲ့အသံကို ဘယ်လောက်အထိ နားထောင်တယ်၊ လူထုနဲ့ တသားထဲကျနေတယ် ဆိုတဲ့အချက်တွေက သူတို့ရဲ့ စည်းးရုံးရေး အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ လူထုကို တကယ်ဦးဆောင်နိုင်တဲ့ သူ ဟုတ်၊ မဟုတ် ဆိုတဲ့ အရည်အချင်းကိုလည်း စစ်ဆေးပါလိမ့်မယ်။


အဲဒီလို အရည်အချင်းတွေရှိလာအောင် လူထုကြားထဲမှာနေပြီး လူထုဆီက ပြန်လည် သင်ကြားရမှာပါ။ လူထုမှသည် လူထုဆီသို့ ဆိုတဲ့နည်းနဲ့ပဲ သင်ကြားပြီး ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ရမှာပါ။ ဒီနေရာမှာ နိုင်ငံရေးစကားလုံးအကြီးကြီးတွေ ပြောနေလို့ကတော့ အလုပ်မဖြစ်ပါဘူး။ ရန်သူလည်း မရိပ်မိရလေအောင် ရိုးရိုးကုပ်ကုပ်နဲ့ သာမာန်လို နေထိုင်၊ ကိုယ့်ပတ်ဝန်းကျင်က သာရေးနာရေးကိစ္စတွေမှာ ပါဝင် ဆောင်ရွက် ဒီလိုနဲ့ပဲ လူထုနဲ့တသားထဲဖြစ်အောင် လုပ်နိုင်သလို၊ ကိုယ်ရဲ့ လူထု စည်းရုံးရေးနဲ့လက်တွေ့ ပေါင်းစပ်ရေးတွေကို ပြုစု ပျိုးထောင်သင်ကြားနိုင်ပါတယ်။


ဥပမာ ကိုယ့်ပတ်ဝန်းကျင် ရပ်ကွက်ထဲ၊ လမ်းထဲမှာ ဖြစ်ပျက်နေတဲ့ လမ်းခင်း တံတားခင်း၊ မီး၊ ရေ၊သန့်ရှင်းရေး စသည်ဖြင့် ပြဿနာမျိုးစုံကိုကိုယ့်ပတ်ဝန်းကျင်က ဘယ်လို ထင်နေကြလဲ၊ သူတို့ ဘယ်လို ဖြေရှင်းဖို့ကြိုးစားနေကြလဲဆိုတာကို နားထောင်ပြီး သူတို့ ဆိုလိုချင်တဲ့အချက်တချက်ချင်းစီကို သေချာ လေ့လာ စိစစ်သင့်ပါတယ်။ ဒီ့နောက် အဲ့ဒီအချက်တွေကို ပေါင်းစပ်ပြီး လက်တွေ့ ဖြစ်နိုင် လုပ်နိုင်တာကိုပတ်ဝန်းကျင်မှာ ပြန်ပြီး ချပြ ပြောပြ၊ ပြီးရင် ကိုယ် ချပြ ပြောပြထားတဲ့ အချက်တွေကို ဘယ်လို တုံ့ပြန်ကြလဲဆိုတာနားထောင်၊ ပြန် သုံးသပ်။မှားရင် မှားနေလိမ့်မယ်၊ ပြဿနာ မရှိပါ။ တုံ့ပြန်ချက်တွေကို ပြန်ပြီး စိစစ် အမှားကို ပြင် လိုအပ်တာကို ဖြည့်စွက်ပြီး ပြန်ပြီး ချပြ ပြောပြ၊ ပြီးရင် ပြန်နားထောင်၊ ကြောင်လိမ်လှေခါး တက်သလိုပါပဲ တ၀ိုင်းပြီး တ၀ိုင်း၊ တဆင့်ပြီးတဆင့် တက် လာပြီး နောက်ဆုံးမှာ လူထုနဲ့ တသားထဲကျနေတဲ့ လက်တွေ့လုပ်ငန်းစဉ်တခု ဖြစ်လာလာပါလိမ့်မယ်။ ဒီလိုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူထုအကြောင်း၊ သူတိုရဲ့ သဘောသဘာဝတွေကို ပို သိလာနိုင်သလို သူတို့ဘက်ကလည်း ကိုယ့်ကို သူတို့နဲ့ တသားထဲရှိနေသူအဖြစ် အသိအမှတ် ပြုလာပါလိမ့်မယ်။ ဒါ့အပြင် သူတို့ တွေ ကြားထဲမှာ ကြဲကွဲနေတာတွေကို လက်တွေ့အဖြစ် ဘယ်လို ပေါင်းစပ်ပေးနိုင်တယ်ဆိုတဲ့အသိလည်း တဖြည်းဖြည်းနဲ့တိုးလာပါလိမ့်မယ်။

ဒီနေရာမှာ အထူးသတိပြုရမှာကတော့ အချိန်မရောက်သေးခင်မှာ အာဏာပိုင်တွေနဲ့ထိပ်တိုက် မတွေ့မိစေဖို့၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာကို မရိပ်မိစေဖို့အရမ်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ဘာကိုပဲ လုပ်လုပ် အချိန်မရောက်သေးခင်မှာ သူတို့ရဲ့ ဥပဒေဘောင် အတွင်းမှာ ပဲရှိနေပါစေ။


အပျော်သဘော မဆန်ပါစေနှင့်


မြေအောက်လုပ်ငန်းဆိုတာ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်လို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ခိုင်မာတဲ့ မြေအောက်လိုင်းတစ်လိုင်းဖြစ်ဖို့ကို အချိန် ဘယ်လောက် ကြာအောင် တည်ဆောက်ရတယ်ဆိုတာကို မြေအောက်လှုပ်ရှားမှုနဲ့ နီးစပ်သူတိုင်း သိကြမှာပါ။ ဒါကြောင့်အပျော်တမ်း မဆန်ဖို့၊ မလိုအပ်တဲ့ စွန့်စားမှုတွေ မလုပ်စေချင်ပါဘူး။ ခက်ခက်ခဲခဲ တည်ဆောက်ထားရတာတွေကို အကြောင်းမဲ့အလွယ်တကူ မဖြုန်းတီးပစ်သင့်ပါဘူး။ အဲဒါကတော့ အောက်ခြေပိုင်းက ကေဒါမှာရော၊ အပေါ်ပိုင်းက ဦးဆောင်သူရော သတိထားရမယ့်အချက်တွေ ဖြစ်ပြီး ဦးဆောင်တဲ့သူက ပိုပြီး သတိထားသင့်ပါတယ်။


ဒါကြောင့် ဦးဆောင်မှုအပိုင်းရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲနေမှုအခြေအနေကို အကဲဖြတ်မှုဟာ အရမ်း ကို အရေးပါပါတယ်။ ဘယ်အချိန်ဘယ်အနေအထားဟာ တိုက်ပွဲ ဖေါ်ရမယ့် အချိန်၊ ဘယ် အချိန်ဟာ အင်အားတည်ဆောက်ရမယ့် အချိန်၊ ဘယ်အချိန်ဟာ ရေရှည်မြှုပ်နှံရမယ့် အချိန် ဆိုတာကို အစောကြီးကတည်းက တွက်ချက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ် ဖေါ်ဆောင်မယ့် လှုပ်ရှားမှု၊ လုပ်ငန်းစဉ်တွေရဲ့ ထိရောက်မှု နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း သေသေချာချာ သုံးသပ်သင့်ပါတယ်။ ဥပမာ ရေရှည် မြှုပ်နှံပြီး အင်အားတည်ဆောက်ရမယ့် သာမာန် ငြိမ်သက်နေတဲ့ အချိန်မျိုးမှာ ရုံးတွေ၊ ကျောင်းရှေ့တွေမှာ စာကပ်တာထက် အဲဒီကျောင်းထဲ၊ ရုံး အလုပ်ထဲမှာကိုယ်ရဲ့ တပ်သားတယောက် ထည့်ထားနိုင်တာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လှုပ်ရှားမှုကြောင့် တခြား အဖွဲ့အစည်းတွေ၊ အထူးသဖြင့် တခြားအဖွဲအစည်းတွေက မြေအောက်လုပ်ငန်း လုပ်နေသူတွေကို မထိခိုက်ဖို့ အထူးသတိပြုရသလို သူတို့က ကိုယ့်ကို လာပြီးမထိခိုက်ဖို့ကိုလည်း အင်မတန် ဂရုစိုက်ရပါလိမ့်မယ်။
မြေအောက်လှုပ်ရှားမှု လုပ်နေတဲ့ ကေဒါတွေရဲ့ နိုင်ငံရေး၊ စည်းရုံးရေး အရည်အသွေးတွေ အစဉ် တိုးတက် ထက်မြတ်နေဖို့အင်မတန်မှအရေးပါပါတယ်။ ဒီလို ဖြစ်နေအောင်လည်း အမြဲမပြတ် လေ့လာရေး တွေကို ပြုလုပ်၊ဖန်တီးပေးနေရပါမယ်။ နောက်ပြီး ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ တချို့ ကေဒါအသစ်တွေရဲ့ အရမ်းကာရော တက်ကြွမှုကို လိမ်မာပါးနပ်စွာ ထိမ်းသိမ်းကိုင်တွယ်တတ်ဖို့ လိုပါလိမ့်မယ်။ ကေဒါသစ် တယောက်ကို အတွင်းစည်းထဲမှာ လက်မခံခင် အောက်ခြေအဆင့်တွေမှာ အချိန်ကာလတခုထိ အမျိုးမျိုး စမ်းသပ် စစ်ဆေးပြီးမှ လက်ခံသင့်ပါတယ်။ မြေအောက်လုပ်ငန်းကို လူများရင်ပြီးရော ဆိုပြီး လုပ်လို့မရပါဘူး။ ပေါ်ပြူလာလုပ်ငန်း မဟုတ်သလို၊ အပြလုပ်တဲ့ လုပ်ငန်းလည်းမဟုတ်ပါဘူး။ ရန်သူရဲ့အသည်းနှလုံးထဲကို ရန်သူကိုယ်တိုင် မသိအောင် ဓါးဝင် စိုက်ထားရတဲ့ အလုပ်မျိုး ပါ။ အင်အားကြီးပြီး ကြိုတင် ပြင်ဆင်မှုလည်း ရှိနေတဲ့ ရန်သူနဲ့ရင်ဆိုင်နေရတာဖြစ်လို့ ကိုယ့်ဘက်ကလည်း စနစ်တကျ ကြိုတင်ပြင်ဆင်မှုရှိဖို့ ၊ ညီညွတ်ဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့လိုအပ်ပါတယ်။ ဒါမှလည်း ဟန်ချက်ညီညီနဲ့ တော်လှန်ရေး အနုပညာကို လှလှပပ ကပြ တင်ဆက်နိုင်မှာ ဖြစ်ပါကြောင်း။
ဇောင်ဂရန်ဆစ် (N.T)__

21 June, 2009

အရက်နှင့် မြန်မာ့လူမှုဝန်းကျင်



တလောက မလေးရှား ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TV3 မှာ သတင်းတစ်ပုဒ်ကို အမှတ်မထင်တွေ့ လိုက်ရတယ်။ မြန်မာနဲ့ ပတ်သက်တဲ့သတင်းဆိုတော့ ပိုပြီး အာရုံစိုက်လိုက်မိပါတယ်။ ဒါပေမယ့် သတင်း ပုံရိပ်တွေက အရက်ပုလင်းနဲ့ သောက်လက်စခွက်များနဲ့ မြန်မာလိုရေးထားတဲ့ ဆိုင်နာမည် စတာတွေကိုနောက်ဆက်တွဲတွေ့လိုက်ရတယ်။ ဒီသတင်းကို ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒီနိုင်ငံသားများ မကြည့်ဖြစ်ပါစေနဲ့ ကြိတ်ဆုတောင်းနေမိခဲ့တယ်။
ပီနန်းဘက်မှာ လုပ်ဖော်ကိုင်ဖက် မုံရွာသားတစ်ယောက်ရှိတယ်။ အလုပ်ကိုလေးစားတယ်။ OT အမြဲဆင်းတယ်။ တစ်နေ့တော့ OT မဆင်းပဲ အလုပ်က စောစောစီးစီးပြန်လာတယ်။ နေမကောင်းလို့လား ဒါမှမဟုတ် ညက အိပ်ရေးမ၀လို့ စောပြန်တာလားသတင်းမေးမိတယ်။
" ဒီကနေ့ည ကျနော်တို့ရွာမှာ ဘုရားပွဲရှိတယ်။ ဒီလိုညမျိုး သူငယ်ချင်းတွေနဲ့ အတူတူအရက် သောက်ခဲ့ကြတာကို ပြန်ပြီးသတိရလို့ ဒီနေ့စောစောပြန်လာခဲ့တာ" တဲ့…။
ပြီးတော့ ကုန်စုံဆိုင်လေးဘက်ထွက်သွားပြီး ပြန်လာတဲ့အခါ လက်ထဲမှာက ကြွပ်ကြွပ်အိတ် အနက်ရောင်နဲ့ ထုပ်ထားတဲ့ အရက်ပုလင်းပြားလေး တစ်လုံးနဲ့ အမြည်းအတွက် တိုလီမိုလီတွေ ပါလာတော့တယ်။
အမှတ်တမဲ့နှုတ်ဆက်သလို သတင်းမေးသလို ပြောနေကျစကားလေးရဲ့နောက်ကွယ်မှာ တွေးစရာတွေ ပါလာခဲ့တယ်။ အရမ်းကိုလည်း အံ့အားသင့်သွားတယ်။ ဘုရားပွဲရှိ၍ အရက်သောက်ဖြစ်သည်-တဲ့။
*****************************************************************
အဲဒီညမှာ အိပ်မပျော်တာနဲ့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်။ ကျနော်တို့ဝန်းကျင်ဟာ အရက်ကို ဖြေးဖြေးချင်းလက်ခံလာခဲ့သော ၀န်းကျင်တစ်ခုဖြစ်နေပြီလားဆိုတဲ့အတွေးပါ။ ဟိုးတုန်းက မြန်မာတွေဟာ အရက်ရဲ့ ဆိုးပြစ်တွေကိုညွှန်းချင်လို့ အရက်သေစာဆိုတဲ့ စကားလုံးသုံးခဲ့ဟန်တူပါတယ်။ ဒီနိုင်ငံက မွတ်စလင်ဘာသာ ကိုးကွယ်ကြလို့ လူမြင်ကွင်းမှာ သောက်လို့မရတာတို့ ထင်ထင်ပေါ်ပေါ် ရောင်းခွင့်မရှိတာတို့ကို ဒီနိုင်ငံရောက် မြန်မာတိုင်းသိကြ သတိထားမိကြတယ်။ ဒါနဲ့ပဲ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အရက်နဲ့ပတ်သက်ပြီး "ကိစ္စ မရှိဘူး။ သောက်ပါစေ"လို့များ အထူးအခွင့်အရေးပေးမထားပါဘူး။ သူများဘာသာထက် တစ်ပြားသားမှမလျော့ပါ။ အကြီးအကျယ် တားမြစ်ထားတယ်။ ဒီလို တားမြစ်ထားတာခြင်းအတူတူု ကိုယ့်ဘာသာတရားဟာ အလေးစားခံရမှုနည်းတယ်လို့ ကျနော်ထင်တယ်။ တစ်စတစ်စနဲ့ မြန်မာ့လူအဖွဲ့အစည်းမှာ လူမှုရေးအရ-ဆိုတဲ့ခေါင်းစဉ်အောက်မှာ ခပ်ယဉ်ယဉ်လေး နေရာယူလာမှန်းမသိ လက်ခံလာခဲ့ကြတာအမှန်ပါပဲ။
ပျော်ပွဲရွှင်ပွဲလို့ စဉ်းစားမိရင် မြန်မာပြည်မှာက ၁၂-ရာသီလုံးလိုလို ပွဲလမ်းသဘင်ရှိပါတယ်။ ဒီကနေ့ ခေတ်မှာ အရက်မပါရင် ပျော်လို့မရကြတော့သလို ပီပီပြင်ပြင်ကြီးကို ဖြစ်လာပါတယ်။ ဧည့်သည်ကို ဧည့်ဝတ်ပြုတဲ့နေရာမှာလည်း အရက်ဝိုင်းဖွဲ့လိုက်တာပဲ။ အိမ်ရှင်က ဒီလိုလုပ်တော့ ဧည့်သည်ကရော ငြင်းလေမလား။ ငြင်းတဲ့သူက ရှိတော့ရှိမယ် ရှားပါတယ်။ သောက်ရင်းစားရင်း စကားစမြည်ပြောကြရင်း နှစ်ပက် သုံးပက်လောက် ၀င်လာတော့ အခုမှမြင်ဖူးတွေ့ဖူးကြတဲ့သူတွေက ငယ်ပေါင်းကြီးဖော်တွေလိုပဲ ချက်ခြင်းကြီးကို တရင်းတနှီးဖြစ်သွားကြ။ တကယ်တော့ ဒါဟာ ခဏလေး ရူးသွားတာဖြစ်နိုင်ပါတယ်။ မကောင်းတာကို လုပ်ရမှာ ရှက်တတ်တဲ့ စိတ်ဟာ ထင်ရာကို တမင်ထလုပ်ရင်း သတ္တိတွေကောင်းလာသလိုလို အခန့်မသင့်ရင် ရန်ဖြစ်စကားများတတ်ကြပါရော။ အမူးပြေတဲ့ နောက်တစ်နေ့မနက်ဟာ ညကမူးနေတုန်းဖြစ်သမျှ ပြဿနာတွေ ပြီးမသွားတဲ့အပြင် တကယ်နဖူးတွေ့ ဒူးတွေ့ ဖြေရှင်းရပြီဆိုပြန်တော့ သူတို့ကိုယ်တိုင်သိမ်ငယ်စိုးရိမ်မှုတွေနဲ့ အတော့်ကိုသနားစရာကောင်းတဲ့သူများ ပြန်ဖြစ်သွားရပြန်ပါတယ်။
ကျနော်တို့ ခင်ဗျားတို့သိထားပြီးသားတစ်ခုလဲ ရှိသေးတယ်။ နိုင်ငံတော်ဆိုတာကြီးနဲ့ပတ်သက်ရင် သူများနိုင်ငံတွေထက် အကဲပိုတဲ့ အလံကို အင်္ကျင်္ီလုပ်ဝတ်လို့ နေနေသာသာ ခေါင်းမှာစည်းလို့မရတဲ့ တိုင်းပြည်။ ကုလသမဂ္ဂမှာ BURMA ကို MYANAMR လို့ခေါ်ဖို့ အမည် ပြောင်းခဲ့တ တိုင်းပြည်။ နိုင်ငံတကာအစည်းအဝေးတွေမှာ MYANMAR လို့ မခေါ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက အမောက်ထောင်ပြခဲ့ဖူးရသည့် နာမည်။ တန်ဖိုးထားကြတယ်ဆိုပဲ။
ဒါပေမယ့် ကျနော့် မျက်လုံးထဲ Myanmar ဆိုတဲ့ဘေးမှာ Beer ဆိုတဲ့စာလုံးပေါင်း၊ Myanmar Wisky- Myanmar Rum ဆိုတဲ့ စာလုံးပေါင်းတွေပဲ ပြေးပြေးမြင်ယောင်မိတယ်။ နိုင်ငံတစ်ခုရဲ့ အမည်နာမဟာ အရက်ပုလင်းက တရားဝင်ကပ်ခွင့်ရတဲ့ တံဆိပ်တစ်ခု ဖြစ်နေတာဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာလား။ မြန်မာဆိုတာ အရက်ချက်ရောင်းတဲ့ နိုင်ငံတစ်ခုလား။
ဘုန်းကြီးတွေက တရားဟောပြီး အစိုးရက ကြော်ငြာကောင်းကောင်းနဲ့ အရက်ချက်ရောင်းနေမှတော့ သူရာမေရယဟာ လူငယ်ဘ၀တွေအတွက်တော့ ပူပန်စရာဖြစ်လာမှန်း ထုတ်လုပ်သူအစိုးရကရော မသိဘဲနေပါ့မလား အတွေးတွေ ခပ်ဆိုင်းဆိုင်းဖြစ်ခဲ့ရပြီ။ ။

စင်္ကာပူမှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ


16 June, 2009

နေဇော်နိုင် ဆွဲဖွင့်မိသောတံခါးများ



DVB မှ အပတ်စဉ်ထုတ်လွှင့်နေသည့် အစီအစဉ်များအနက် ယခင်က ဂြိုဟ်တုရုပ်သံ အစီအစဉ် တစ်ခုဖြစ်သော “တစ်ပတ်အတွင်းရုပ်သံမှတ်တမ်း” သည် နေဇော်နိုင်၏ “ကျနော် ဆွဲဖွင့်မိသော တံခါးများ” အဖြစ် ဆန်းသစ်ထားသည်ကို တွေ့ရသည်။ နေဇော်နိုင်သည် ယခင်က DVB ၏ အပတ်စဉ် ရေဒီယို အစီအစဉ်တစ်ခု ဖြစ်သော “ပြောပြရင်လည်း ဒေါပွရဦးမယ်’’ ခေါင်းစဉ်ဖြင့် တနင်္ဂနွေညပိုင်းရေဒီယိုအစီအစဉ်မှ ခေတ်ကာလ ကမောက်ကမများကို သရော်ဟန် အသံနေအသံထား မျိုးစုံဖြင့် ထုတ်လွှင့်ခဲ့ဖူးရာ ပရိတ်သတ်များ သဘောကျနှစ်ခြိုက်ခဲ့ကြဖူးသည်။
“ကျနော် ဆွဲဖွင့်မိသော တံခါးများ” တွင်လည်း နေဇော်နိုင်၏ ဟန်တစ်ခုအဖြစ် နိဂုံးချုပ်ကို လှလှပပ အဆုံးသတ်ထားရာ နေဇော်နိုင်၏ နအဖအပေါ် ဝေဖန်ချက်ကို နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဆန်းကိုယ်တိုင်က ထောက်ခံသွားခြင်းဖြစ်သည်။
ကြည့်ရှုရန်-


http://www.youtube.com/watch?v=UUeghEXipAo
http://www.youtube.com/watch?v=L6koaCjV4a4
ထုတ်လွှင့်ပြီးသမျှ အားလုံးကို အစဉ်လိုက်ကြည့်ချင်ရင်တော့ ဒီနေရာ ကို နှိပ်လိုက်ဗျာ...။

25 May, 2009

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအတွင်း မသမာ စီးပွားရေးဈေးကွက်နှင့် စီးပွားရှာသူများ။


မလေးရှားနိုင်ငံမှာ မြန်မာပြည်မှ တရားဝင်အလုပ်သမား မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး၊ တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက်နုတ်ရပါသေးတယ်။ ပြီးတော့ နေ့ စဉ် စားသောက်စရိတ် ချိုးခြံချွေတာစားမယ်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀လောက်တော့ ကုန်ပါတယ်။ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ ခဲ့ပါတယ်။သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသမားတစ်စုမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ (ပွဲစားများ) ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့ သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀သာ ပိုပေးရပါတယ်။ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။ တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်းတိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါတယ်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ပေးရပါတယ်။ ထို့ အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ပတ်မှ ၂ပတ်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀ တိတိ ပိုပေးရပါတယ်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့ တွင်းချင်း ရရှိနိုင်ပါတယ်။ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး၊ အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ်နေရခြင်းမှာ ဘာကြောင့်ဖြစ်နေသလဲဆိုတာ လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။ ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချပြောဆိုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံးကောင်တာအတွင်း၌ ဖြစ်ပေါ်နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့ စဉ်ကိစ္စအ၀၀ကို လာရောက်ဆောင်ရွက်ကြသူများနှင့် စကားမပြောချင်လဲ အတင်းဝင်ရောပြောဆိုပြီး အလုပ်ကိစ္စများကို ဖျားရောင်းသွေးဆောင်ပြီး "ဆောင်ရွက်ပေးမယ်။ ဘယ်လောက်ကျမယ်။ သူတို့ ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူတွေကို ဒီလိုမြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။မြန်မာအလုပ်သမားပေါင်း ၃၀၀ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်းတိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်းသိရပါတယ်။ ဘာကြောင့်အဖြတ်ခံရတာလဲ ရင်းဂစ် ၃၀၀ ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင်ရွက်ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။ စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိအကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့ အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက်နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက်ဆောင်ရွက်ပေးလျှင် ပွဲစားလက်မခံဘူးဟု ပြောဆိုမောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့်ကိစ္စမဆို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းများကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်းလေ့လာမိသူတစ်ဦးမှ အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။မလေးရှားမြန်မာ သံရုံးအကြောင်းလေ့လာနေသူ တစ်ဦး (မလေးရှား)။

ရေဒီယို နားဆင်ပါ...


(ဒီရက်ပိုင်း ရေဒီယို သတင်းများကို ထူးထူးခြားခြား ဂရုတစိုက် နားထောင်နေရသည်။ )
လွန်ခဲ့သော ၂-နှစ်လောက်က ကျနော်တို့ အုပ်စုလေး Digital ရေဒီယိုလေး တစ်လုံးဝယ်ဖို့ ပီနန်းကျွန်းပေါ်မှာ မွှေနှောက်ခဲ့ကြဖူးသည်။ ဒါပေမယ့်အဆင်မပြေခဲ့ပါ။ နောက်ဆုံးပေါ်ဖုန်းက အရှာရအလွယ်ဆုံးဖြစ်နေပြီး Digital Radio က ရှာလို့မရဖြစ်ခဲ့ရဖူးသည်။
ဒီနိုင်ငံသားများ ရေဒီယိုနားထောင်လျှင် FM (frequency modulation) လောက်ပဲ နားထောင်တတ်ကြသည်။ ကမ္ဘာတလွှား လွှင့်ထုတ်နေသော BBC, VOA စသည့်သတင်းဌာနများအကြောင်း မြန်မာပြည်အတွက် ထိုသတင်းဌာနများမှထုတ်လွှင့်သော မြန်မာပိုင်းသတင်းများ နားထောင်တတ်ကြောင်း ဒီနိုင်ငံသားများကို ပြောပြလျှင် အံ့သြကြသည်။ အိန္ဒိယလူမျိုးတစ်ယောက်က ကမ္ဘာနေရာရာတစ်ခုမှထုတ်လွှင့်ချက်ကို နားဆင်၍ရကြောင်း ပြောပြသည်ကိုပင် မယုံကြည်သဖြင့် ရေဒီယိုကို ဖွင့်ပြခဲ့ရဖူးသည်။ ဒီနိုင်ငံတွင် FM လိုင်းကများသော်လည်း မီဒီယာပိုင်းပွင့်လင်းမှု အတော်အသင့် ရှိသဖြင့် မြန်မာပြည်ကဲ့သို့ ရေဒီယိုများကိုသာ အားပြုရသော သတင်းခေတ်မဟုတ်တော့ပါ။ မြန်မာပြည်နှင့် ပတ်သက်သမျှ ရေဒီယိုသည် သတင်းအမှောင်ခေတ်၏ အားကိုးနေရဆဲ မီဒီယာဖြစ်သည်။ ဒီနိုင်ငံတွင် ရေဒီယိုလိုင်းအချို့ကို ၀ါသနာပါသူအချို့မှ စုပေါင်း၍ လွှင့်ထုတ်နိုင်ခွင့်လည်း ရှိသည်။
ရန်ကုန်မှာနေစဉ်က ရန်ကုန်သတင်းသည် ညနေအစောပိုင်း ၆-နာရီမှ ၇-နာရီအထိထုတ်လွှင့်သည့် VOA ကိုနားဆင်ပြီးမှ ရန်ကုန်မှာဘာဖြစ်ခဲ့သလဲဆိုတာ အစောဆုံးသိခွင့်ရခြင်းဖြစ်သည်။ မလေးရှားတွင် သတင်းသိရှိမှုသည် ပိုမို၍ဆိုးရွားလှပါသည်။ သတင်းတစ်ခုရလျှင် တစ်ဆင့်ဖောက်သည်ချရင်း သတင်းစကားအမှားသည် တစ်နိုင်ငံလုံးသို့ ဆက်စပ်ပျံ့နှံ့သွားတော့သည်။ ထိုကဲ့သို့သော သတင်းအမှားတစ်ခုကို ဘယ်သတင်းစာ၊ ဘယ်ရေဒီယို၊ ဘယ် TVမှာတွေ့လိုက် ကြားလိုက်ရသလဲဟု မေးလျှင်တော့ အတိအကျ ပြောမပြနိုင်ပဲ ဘယ်သူငယ်ချင်းပြောပြလို့ သိရတာဟုသာ လျှောချ သွားတတ်သည်။
ဒီနိုင်ငံရောက် မြန်မာသူငယ်ချင်းများကို သတင်းနားထောင်ဖြစ်အောင် မကြာခဏတိုက်တွန်းခဲ့ဖူးသည်။ BBC,VOA စသည်တို့ကို မြန်မာနိုင်ငံမှ ၀ယ်ယူခဲ့သော ရေဒီယိုနှင့် ဒီနိုင်ငံတွင် နားထောင်၍ ရ-မရ ဆိုသည့်ပြဿနာကို နားလည်အောင် လည်း မနည်းရှင်းပြခဲ့ရသည်က များသည်။
အသံလွှင့်ရုံမှ လွင့်ထုတ်လိုက်သော အသံလှိုင်းသည် RF (Radio Frequency) လူတို့နားဖြင့်မကြားနိုင်သော လှိုင်းများဖြစ်ပြီး ကမ္ဘာ့လေထု တတိယအလွှာကို ရိုက်ခတ်ကာ ကမ္ဘာအနှံ့သိုပျံ့နှံသွားကြသည်။ ထို RF (Radio Frequency) လူတို့၏ နားဖြင့်မကြားနိုင်သောလှိုင်းအဆင့်ဖြစ်ပြီး လူတို့နားဖြင့်နားဆင်နိုင်သော audiofrequency အဆင့်သို့ ရောက်အောင် ရေဒီယို Receiver မှတစ်ဆင့် ဖမ်းယူနားဆင်နိုင်ခြင်းဖြစ်သည်။ မြန်မာ သတင်းဌာနများဖြစ်သော BBC, VOA, DVB, RFA စသည့် သတင်းဌာန များသည် လူသိများသော သတင်းဌာနများဖြစ်သည်။
အထက်ပါ BBC, VOA, DVB, RFA သတင်းများ အားနားဆင်ရန်အတွက် မိမိ၏ ရေဒီယို အမျိုးအစားသည် SW (radio) short wave ဖမ်းယူနိုင်သောအမျိုးအစားဖြစ်ရန်လိုအပ်သည်။ ရေဒီယိုလှိုင်းများမှာ FM (frequency modulation), AM (amplitude modulation), MW(radio) medium wave, SW(radio) short wave တို့ဖြစ်သည်။
သတင်းဌာနများမှ သတင်းနှင့် ထုတ်လွှင့်မှုအစီအစဉ်များ ထုတ်လွှင့်ချိန်များကို အောက်ပါ web site များတွင် သွားရောက် ကြည့်ရူနိုင်သကဲ့သို့ လွန်ခဲ့သော သီတင်းပတ်မှ သတင်းများအား ပြန်လည်နားဆင် နိုင်သည်။
BBC
VOA
RFA
DVB
အချို့ သတင်းဌာန Website များသည် ဘန်းကျော်သားများအတွက် ကျော်နည်းခွနည်းများကို ပေးထားခြင်းများလည်း တွေ့ရသည်။ သတင်းလွှာများအား emailသို့ အပတ်စဉ် ပေးပို့ပေးရန်လည်း မှာယူနိုင်သည်။
တကယ်လို့ ခင်ဗျားဟာ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်သုံးဖို့ ခက်ချင်ခက်နေပါလိမ့်မယ်။ အင်တာနက် ကို ဆိုင်မှာလည်းသုံးရတာလည်း အခက်အခဲရှိကောင်းရှိနေပါလိမ့်မည်။ ရေဒီယိုလေးတစ်လုံးဟာ ခင်ဗျားတို့ ကျနော်တို့ပတ်ဝန်းကျင်မှာ ရှာဝယ်နိုင်ဖို့ ကုန်ကျစရိတ်ကအစ အခက်မရှိနိုင်လောက်ပါ။၊ မြန်မာပြည်ပြန်တဲ့ လူကြုံမှာဖို့ လောက်တော့ အလွယ်လေးဖြစ်ပါလိမ့်မယ်။ကျနော်တို့ဟာ သတင်းကို ကိုယ်တိုင်လည်း နားထောင်ဖို့သင့်သလို နားမထောင်ဖြစ်သူများအားလည်း တစ်ဆင့်ပြောပြဖို့ ပိုပြီးသင့်လျှော်ပါသည်။ နောက်ဆုံးပေါ် ဖုန်းဖြင့် ရေဒီယိုသတင်းကို ဖုန်းဆက် တစ်ဆင့်မေးရခြင်းသည် တွေးကြည့်လျှင် ရယ်စရာကောင်းလှသည်။
ဒါမှသာ ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ်အလုပ်လုပ်နေတဲ့နိုင်ငံအကြောင်း၊ ကိုယ်မိသားစုရှိရာဒေသက ထူးထူးခြားခြား သတင်းဖြစ်ရပ်များအကြောင်းကိုသိရှိပြီး ရေဒီယိုတစ်လုံးနဲ့ ကမ္ဘာပတ်နိုင်ကြမည်။
သတင်းနှင့် နည်းပညာ ဗဟုသုတ ပွားများ ကြပါစေ။

14 May, 2009

ရန်ကုန်မြို့ခံများ ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် အံ့သြ ဒေါသထွက်

Thursday, 14 May 2009 17:42 ဇာနည်ဝင်း
ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင်သို့ ပို့ပြီး ထောင်တွင်း တရားရုံးတွင် တရားစွဲဆို လိုက်သည် ဟူသော သတင်းကြောင့် ရန်ကုန်မြို့ခံများ အံ့အားသင့်နေကြသည်။

“အစိုးရက ဒေါ်စုအပေါ် ဘယ်လို သဘောထားတယ် ဆိုတာတော့ ကျမတို့ သိပြီးသားပါ။ သိပေမယ့် ဒီမနက် ဖြစ်သွားတာကတော့ ဘယ်လိုမှကို ထင်မထားတဲ့ဟာပဲ။ အရမ်း အံ့သြသွားတယ်။ စိတ်မကောင်းဘူး” ဟု ဗဟန်းမြို့နယ်မှ အိမ်ရှင်မတဦးက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက မြန်မာ့နိုင်ငံရေးတွင် အပြောင်း အလဲ ဖြစ်လာနိုင်သည်ကို စစ်အစိုးရ နားလည်သဖြင့် လွှတ်ပေးမည်မဟုတ်ဟု ရန်ကုန်မှ သံဃာတပါးက ခန့်မှန်းသည်။

“ဒီလ ၃ဝ ရက်နေ့အထိ မလွတ်ဘူးဆိုရင် အထွေထွေ သပိတ်ကြီး ခေါ်နိုင်ရင် ပိုကောင်းမယ်။ ဝီလျံယက်တော လာတယ်ဆိုတာ သူ့ဟာသူ လာတာပဲ။ တကယ်တမ်း မသွားအောင် ကာကွယ်ရမှာက သူတို့မှာ တာဝန်ရှိတယ်။ အခု ဒေါ်စုအပေါ် အပြစ်ပုံချတယ်ဆိုတာ သက်သက် အကောက်ကြံတာပဲ။ ယုတ်မာလွန်း အားကြီးတယ်” ဟု ဘွဲ့အမည် မဖော်လိုသူ အဆိုပါ သံဃာက ပြောသည်။

ကမာရွတ်မြို့နယ်မှ ကျူရှင်ဆရာတဦးက ပြည်ပရောက် မိတ်ဆွေများ ပေးပို့သည့် အီးမေးဖတ်ပြီးမှ ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆက်တွဲ သတင်းကို သိရသည်ဟု ဆိုသည်။

“ကျနော်က တော်တော်လေး ဒေါသထွက်တယ်။ ကိုယ်လည်း ဘာမှလည်း မလုပ်တတ်ဘူး။ ပြီးတော့ ရန်ကုန်မှာ ဖြစ်တာကို ရန်ကုန်မှာ နေတဲ့ ကျနော်တို့က ဘာသတင်း အချက်အလက်မှ မသိရဘူး ဆိုတော့လည်း ပိုပြီး ဒေါသ ထွက်ရတယ်” ဟု ကျူရှင်ဆရာတဦးက ပြောသည်။

ကွန်ပျူတာ အင်တာနက် အသုံးပြုသူမှာ လူနည်းစုသာ ဖြစ်သည်။ အများစုမှာ နိုင်ငံရေး သတင်းအချက်အလက် ရရှိရန် အတွက် မနက်စောစောပိုင်း နှင့် ညပိုင်းတွင် ဖမ်းယူ နားဆင်နိုင်သည့် ပြည်ပ အခြေစိုက် အသံလွှင့် ဌာနများကို အားကိုးကြသည်။ ရေဒီယို၊ စာနယ်ဇင်းများနှင့် ကင်းကွာသူများမှာ လက်ရှိ အခြေ အနေများကို လက်လှမ်း မီခြင်း မရှိကြပေ။

“ဘေးအိမ်က ရေဒီယို ဖွင့်ထားတော့ မနက်တုန်းက ဒီသတင်း ကြားလိုက်တယ်။ စိတ်မကောင်းဘူး၊ ဝမ်းနည်းတယ်။ ဒေါ်စုကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူး။ ကျမတို့လည်း ဘာမှ မတတ်နိုင်ဘူး” ဟု တောင်ဥက္ကလာပ မြို့နယ်မှ ကျောင်းဆရာမ တဦးက ပြောသည်။

စာရေးဆရာကြီး သိန်းဖေမြင့်၏သား ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးဟံသာမြင့်ကလည်း အာဏာပိုင်တို့၏ လုပ်ရပ်ကို ကျေနပ်မှု မရှိကြောင်း ပြောပြသည်။

“ကျနော့် တယောက်တည်း အမြင်အရ ပြောရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာ မေလထဲမှာ ၆ နှစ်ပြည့်ပေမယ့် လွှတ်မှာ မဟုတ်ပါဘူးလို့ မျှော်မှန်းပြီးသား။ ဒီလို ဘာကြောင့် လုပ်သလဲ မသိဘူးပေါ့ဗျာ။ လူတွေကလည်း ဒါပဲ မေးနေကြ၊ သိချင်နေကြတယ်။ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွားတာလားပေါ့ဗျာ။ အင်းစိန်ထောင်ကို ပို့မယ် ဆိုတာကိုတော့ ဘယ်သူကမှ မတွက်ထားခဲ့ကြဘူးဗျ။ ကျနော်တို့ နေ့တိုင်း တွေ့နေတဲ့သူတွေက ဒီကိစ္စအပေါ် မကျေနပ်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တရားရုံးတွင် ယခင် ဥပဒေ အတိုင်း တရားစွဲခံရသည်ဟု ရန်ကုန်မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“အရင် ဥပဒေပဲဗျ၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူ ဘေးအန္တရာယ် ကာကွယ်တဲ့ ဥပဒေ ပုဒ်မ ၂၂ တဲ့။
အဲဒါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သက်သက်၊ ဒဏ်ငွေ ၅ဝဝဝ ချလို့ ရပါတယ်” ဟု ဦးအောင်သိန်းက ရှင်းပြသည်။

လွန်ခဲ့သည့် ၆ နှစ်က ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရစဉ်မှ စပြီး အိမ်တွင် နေထိုင်သူ ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူ မဝင်းပပတို့သည်လည်း တရားစွဲခံနေရသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ကျူးကျော် ဝင်ရောက်သူကိုလည်း ကန့်သတ်ထားသည့် နယ်မြေ အတွင်း ဝင်ရောက်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းတို့ဖြင့် တရားစွဲမည်ဟု သိရသည်။ ပြစ်မှုထင်ရှားပါက အဆိုပါ ကျူးကျော် ဝင်ရောက်သူသည် ထောင်ဒဏ် စုစုပေါင်း ၆ နှစ်အထိ ကျခံရနိုင်သည်။

ဒါတွေ ကို လုပ်ဆောင်ကြ ။

ဒေါ်စုကို ထောင်ချမှာသေချာတယ်။ ထောင်ချလိုက်ရင် ဆန္ဒမပြနဲ့  စာမဝေနဲ့  ဒါတွေလုပ်ရင် ခွေးမသား သန်းရွှေက ဆက်ဖမ်းလိမ့်မယ်။ လူကုန်အောင်ဖမ်းမဲ့သဘောရှိတယ်။ အဖမ်းမခံနိင်အောင် လျှို့ ဝှက် စွာလှုပ်ရှားရမယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့  ပြည်သူတွေလွတ်မြောက်ရေးအတွက်

ငါဒို့ လုပ်ဆောင်ရမဲ့ဟာတွေကတော့ -

တစ်။ နအဖ ရုံးတွေ၊ စီးပွားရေးလုပ်ငန်း တွေကို မီးရှို့ လက်တုန့် ပြန်ရမယ်။

နစ်။ နအဖ ကားတွေကို မီးရှို့  ရမယ်။ မှန်တွေကိုခွဲရမယ်။

သုံး။ နအဖ ဒေါက်တိုင်တွေကို လစ်ရင်လစ်သလို တိုက်ခိုက်ရမယ်။

လေး ။ နိင်ငံခြားမှာ ရှိနေတဲ့ နအဖ သားသမီးဆွေမျိုးတွေကို လက်စားချေကြရမယ်။

ဒါတွေကို မြန်မာတမျိုးသားလုံး ညီညီညွတ်ညွတ် သတ္တိရှိရှိ လုပ်ကြရမယ်။ ငါဒို့ မှာဆုံးရှုံးစရာဆိုလို ဘာမှမရှိ။ အောင်ပွဲ ခံဖို့ သာရှိတယ်။ အမိမြေက ငါဒို့ ကိုခေါ်နေပြီ။ တပြည်လုံးတော်လှန် တပြည်လုံးအောင်ပွဲခံကြပါစို့  -

(အထူးသတင်း)



ဒီနေ့ ၁၀နာရီမှာဒေါ်အောင်ဆန်းစုကြည်ကို အင်စိန် ထောင်တွင်း တရားရုံးမှာ အမှု စစ်တော့မယ်။

အရေးကြီးလျှင်ဖြင့်သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း - ကိုင်း ....ပြည်တွင်းပြည်ပ မှာ ဆန္ဒပြပွဲတွေကို ဆင်နွဲကြဘို့ ....တို့ရဲဘော်တို့ ထထကြွကြွနဲ့ ၀ိုင်းကြပေတော့ဟေ့။

Followers