မလေးရှားနိုင်ငံမှာ မြန်မာပြည်မှ တရားဝင်အလုပ်သမား မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး၊ တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက်နုတ်ရပါသေးတယ်။ ပြီးတော့ နေ့ စဉ် စားသောက်စရိတ် ချိုးခြံချွေတာစားမယ်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀လောက်တော့ ကုန်ပါတယ်။ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ ခဲ့ပါတယ်။သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသမားတစ်စုမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ (ပွဲစားများ) ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့ သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀သာ ပိုပေးရပါတယ်။ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။ တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်းတိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါတယ်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ပေးရပါတယ်။ ထို့ အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ပတ်မှ ၂ပတ်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀ တိတိ ပိုပေးရပါတယ်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့ တွင်းချင်း ရရှိနိုင်ပါတယ်။ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး၊ အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ်နေရခြင်းမှာ ဘာကြောင့်ဖြစ်နေသလဲဆိုတာ လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။ ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချပြောဆိုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံးကောင်တာအတွင်း၌ ဖြစ်ပေါ်နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့ စဉ်ကိစ္စအ၀၀ကို လာရောက်ဆောင်ရွက်ကြသူများနှင့် စကားမပြောချင်လဲ အတင်းဝင်ရောပြောဆိုပြီး အလုပ်ကိစ္စများကို ဖျားရောင်းသွေးဆောင်ပြီး "ဆောင်ရွက်ပေးမယ်။ ဘယ်လောက်ကျမယ်။ သူတို့ ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူတွေကို ဒီလိုမြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။မြန်မာအလုပ်သမားပေါင်း ၃၀၀ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်းတိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်းသိရပါတယ်။ ဘာကြောင့်အဖြတ်ခံရတာလဲ ရင်းဂစ် ၃၀၀ ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင်ရွက်ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။ စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိအကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့ အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက်နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက်ဆောင်ရွက်ပေးလျှင် ပွဲစားလက်မခံဘူးဟု ပြောဆိုမောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့်ကိစ္စမဆို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းများကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်းလေ့လာမိသူတစ်ဦးမှ အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။မလေးရှားမြန်မာ သံရုံးအကြောင်းလေ့လာနေသူ တစ်ဦး (မလေးရှား)။
Showing posts with label http://www.niknayman-niknayman.co.cc မှ ကူးယူဖေါ်ပြသည်။. Show all posts
Showing posts with label http://www.niknayman-niknayman.co.cc မှ ကူးယူဖေါ်ပြသည်။. Show all posts
25 May, 2009
Subscribe to:
Posts (Atom)














