Showing posts with label download. Show all posts
Showing posts with label download. Show all posts

29 April, 2009

2009 Myanmar Mobile Calendar

မြန်မာလို ဘာနေ့လည်း သိချင်ရင်တောင် ဒီနိုင်ငံလိုနေရာမျိုးမှာ အခက်အခဲရှိနိုင်ပါတယ်။ ဖုန်းထဲမှာအလွယ်တကူနှင့် အခမဲ့ကြည့်လို့ရအောင် 2009 MYANMAR MOBILE CALENDAR အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။



မြန်မာဖုန်းသုံးမြန်မာစာ စနစ်များကို တီထွင်တဲ့ sm3 ဟာ မြန်မာလို sms ပို့နိုင်တဲ့ စနစ်ကို တီထွင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့အပြင် အခု ထပ်မံပြီး ၂၀၀၉ ခုနှစ် အတွက် sm3 မြန်မာပြက္ခဒိန် Mobile Edition ကို blog.mghla.com နှင့်တွဲဖက်ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်... အခမဲ့ ဖြန့်ဝေတဲ့ version မှာ အင်္ဂလိပ် ရက်စွဲ၊ မြန်မာရက်စွဲ၊ လပြည့်၊ လဆန်း၊ လဆုတ်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်းလှည့်တဲ့ အရပ်မျက်နှာတို့ကို အရောင်အသွေးလှလှကြွကြွဖြင့် ပြုလုပ်ပေးထားပါတယ်... ၂၀၀၈ ခုနှစ်အတွက်လည်း ယခုလို ပြက္ခဒိန် software ကို ထုတ်ဝေခဲ့ဖူးပါတယ်လို့သိရပါတယ်..။. software ကို Java application run လို့ရတဲ့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရကြောင်းပါ.
အခမဲ့ ဖြန့်ဝေတဲ့ sm3 မြန်မာပြက္ခဒိန် နှင့် sm3 Unit Converter တို့အပြင် sm3 မြန်မာစာတိုပို့စနစ်၊ sm3 ab+c (လုံခြုံစိတ်ချစွာ ဖုန်းနံပါတ်များကို မြန်မာ+အင်္ဂလိပ် မှတ်သားနိုင်သည့် စနစ်)၊ sm3 Myanmar Calendar Centurial Edition + မင်္ဂလာအခါပေးဗေဒင် calendar တို့ကို ထုတ်လုပ်ထားပြီး ရန်ကုန်၊ မန္တလေးရှိ ဖုန်းဆိုင်များမှာ ထည့်သွင်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်...
sm3 မြန်မာပြက္ခဒိန် Mobile Edition ကို download လုပ်ယူနိုင်ရန်...Download

Ornagai - English-Myanmar Mobile Dictionary

မလေးရှားရောက်မြန်မာများ Download လုပ်ပြီးကိုယ်တိုင်လည်းသုံး၊ သူများလည်း တစ်ဆင့်မျှဝေနိုင်အောင် Mobile Dictionary တစ်ခုဖြစ်တဲ့ http://ornagai.com/ မှ Online English <> Myanmar Dictionary အကြောင်းကို တင်ပေးလိုက်ပါတယ်။ မြန်မာလူငယ်များရဲ့ MysteryZillion မှ ထပ်မံပြီး ornagai.com မှာ Online Dictinary သာမက Mobile Phone နဲ့ ကွန်ပျူတာများအတွက် Offline အသုံးပြုနိုင်မယ့် English - Myanmar Dictionary များကိုလည်း download ရယူနိုင်ပါတယ်... Online Dictionary မှာတော့ အင်္ဂလိပ် မှာ မြန်မာ ၊ မြန်မာ မှ အင်္ဂလိပ်သို့ အပြန်အလှန် ရှာဖွေပေးနိုင်ပြီး Offline Dictionary မှာတော့ အင်္ဂလိပ် မှ မြန်မာ ဘာသာသို့ပဲ ရှာဖွေပေးနိုင်ပါတယ်... ယခင်က Mobile Phone များအတွက် dictionary ကို MZ Mobile Dictionary Version 0.1.8 Beta နာမည်ဖြင့် ထုတ်ဝေခဲ့ပြီး ယခုအခါ Ornagai Mobile Dictionary Version 1.1 အနေဖြင့် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်... Mobile Dictionary မှာ ရှာမယ့် စလုံးရိုက်ထည့်ရတာ အဆင့်များတာကလွှဲရင် အလွန် အသုံးတည့်တဲ့ Mobile Dictionary တစ်ခု ဖြစ်ကြောင်းပါ... Ornagai Mobile Dictionary ကို အခမဲ့ အသုံးပြုခွင့်ပေးထားပြီး http://www.ornagai.com/site/mobile ကနေ download ရယူ သုံးစွဲနိုင်ကြောင်းပါ... Java (CLDC 1.1 And MIDP 2.0) support လုပ်ထားသော ဖုန်းများတွင် သုံးစွဲနိုင်တယ်လို့ သိရပြီး အချို့ mobile phone handset များမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ယခင်ကဖော်ပြခဲ့ဖူးတဲ့ MZ-English-Myanmar Dictionary ထက် Ornagai က ပိုမိုပြည့်စုံမှုရှိတာတွေ့ရပါတယ်။ Ornagai.com သည် Dictionary နှင့်သက်ဆိုင်သော အကြောင်းအရာများ နည်းပညာများကို ဖော်ပြပေးထားသည်။ mobile, PDA, Google Bot စသည်တို့နှင့် သက်ဆိုင်သည်များကို ဖော်ပြပေးထားသည်။ OpenTechnology ဖြစ်သည်နှင့်အညီ dicitonary ပြုလုပ်နည်း နည်းပညာများကို ရေးသားထားသည်။ သက်ဆိုင်ရာ page များတွင် လိုအပ်သည်များကို သွားရောက် download ရယူနိုင်သည်။

13 March, 2009

သင့် ဖုန်းထဲတွင် English-Myanmar Dictionary သုံးနိုင်ပြီ




Myanmar Mobile Dictionary

English-Myanmar Mobile Dictionary ကို Free သုံးလို့ရအောင် Mystery Zillion ကနေ ပြုလုပ်လိုက်ပါပြီ။
မလေးရှားမှမြန်မာများလည်း အသုံးပြုနိုင်ရန် ၎င်းဖိုင်လေးကို ဤနေရာတွင် Download လုပ်ယူပါ။
အသေးစိတ်ဖတ်ချင်ရင် ကိုထူးတေဇာဘလော့ဂ် တွင် သွားရောက် ဖတ်နိုင်ပါသည်။
download ရလာသော ဖိုင်သည် mz_mobile_dictionary.zip(zip ဖိုင်အမျိုးအစား)ဖြစ်ပြီး ဖုန်းထဲမထည့်မီ Rename လုပ်တဲ့အခါ Extension ကို mz_mobile_dictionary.jar ဟုပြင်ပြီး မိမိ ဖုန်းထဲတွင် save လိုက်ပါ။
ပြီးလျှင်ကွန်ပျုတာနှင့်ဖုန်းအား ချိတ်ဆက်မှုဖြုတ်ပစ်ပါ။ ဖုန်းအားပုံမှန်အတိုင်း ဖွင့်ရှာကြည့်လျှင် install
လုပ်ရန်တွေ့ရပါလိမ့်မည။် blue tooth နဲ့ ပေးပို့လိုလျှင် extension ဖြစ်သည့် .jar ကိုဖြုတ်ပစ်ရန်
လိုပါလိမ့်မည်။ ဖိုင်အရွယ်အစား1.3 Mb သာရှိသည်။ လောလောဆယ်တွင်အချို့စာလုံးများထည့်သွင်းထားမှုမှာ မပြည့်စုံသေးဟု သိရသည်။
ကိုငြိမ်းချမ်း

Followers