Showing posts with label ဖိတ်ကြားလွှာ. Show all posts
Showing posts with label ဖိတ်ကြားလွှာ. Show all posts

25 February, 2010

To include Myanmar language support in Windows


Microsoft Corporation တွင် ‘လူဦးရေ ၅ သိန်းကျော်ကပြော ဆိုရေးသားသသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Microsoft Windows တွင်ထည့်သွင်းပေးရမည်’ ဆိုသည့် official policy ရှိပါသညျ။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ မိုက်ခရိုဆော့ာ့ ကော်ပိုရေးရှင်းသို့ စာဖြင့်မေတ္တာရပ်ခံတောင်းဆိုမည့် အစီအစဉ်ဖြစ်ပါသည်။

လက်မှတ်ရေးထိုးသူ အသင့်အတင့် များလာပြီဆိုလျှင် ဤတောင်းဆိုချက် အပြည့်အစုံကို စာရွက်ပေါ်တွင်ရိုက်နှိပ်ပြီး ဘီလ်ဂိတ်နှင့် CEO စတီး ဘောလ်မာတို့ထံပေးပို့မည် ဖြစ်ကြောင်း။
(အသေးစိတ်သိနိုင်ရန်နှင့် လက်မှတ်ရေးထိုးနိုင်ရန်အတွက် အောက်ပါ Link သို့ ၀င်ရောက်ပါ။)

19 January, 2009

သက်တန့်ရောင် သူရဲကောင်းလူငယ်များမှ စုပေါင်း ဓမ္မပူဇာသဘင် ဖိတ်ကြား

မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊
ဓမ္မိကာရာမ မြန်မာ ဘုန်းတော်ကြီးကျောင်း

မိသားစု စုပေါင်းဓမ္မ ပူဇာသဘင်
ဖိတ်ကြားလွှာ

၂၀၀၉ ခုနှစ် ၊ ဇန်န၀ါရီလ ( ၂၆ ) ရက်နေ့တွင် ပီနန်းမြို့ ၊ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီး ကျောင်း၌ သက်တန့် ရောင်သူရဲကောင်းများ ပရဟိတ နှင့် လူမှုကူညီဆောင် ရွက်ရေး အသင်းကြီး မှ ဦးဆောင်၍ စေတနာရှင် ဓမ္မမိတ်ဆွေ ရွှေမြန်မာညီအစ်ကိုမောင်နှများ မှ ပီနန်း ဆရာတော်ကြီး ဦးပညာဝံသ အား အမှူးထား၍ သံဃာ တော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း နှင့် ဓမ္မပူဇာသဘင် ကို ဆင်ယင်ကျင်းပ မည်ဖြစ်ပါ၍ ကျွန်ုပ်တို့နှင့်အတူ ဓမ္မပူဇာသဘင်ပွဲကြီး အား ပါဝင်ဆင်နွဲကြပြီး တရားတော်နာ ကြွရောက်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

အချိန်------နံနက် (၆) နာရီ မှ ညနေ (၄) ရီအထိ

နေ့ရက်----၂၀၀၉ ခုနှစ် ၊ ဇန်န၀ါရီလ ( ၂၆ ) ရက်

နေရာ------ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း ၊ ပီနန်းမြို့



မလေးရှားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမအပေါင်း တို့

သက်တန့်ရောင် သူရဲကောင်းများ ပရဟိတ နှင့် လူမှုကူညီဆောင်ရွက်ရေးအသင်းကြီး မှ ဦးစီးလျှက်
ပီနန်းမြို့ ၊ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း၌ ၂၀၀၉ ခုနှစ် ၊ ဇန်န၀ါရီလ ( ၂၆ ) ရက်နေ့တွင် မိသားစု - စုပေါင်း ဓမ္မပူဇာသဘင် ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည် ။ သို့ပါ၍ အလှူအားလုံးထက် အမွန်မြတ်ဆုံးဖြစ်သော ဓမ္မအလှူ ပွဲတော်ကြီးတွင် ကျွန်ုပ်တို့နှင့်အတူ ထက်သန်သော စိတ် ၊ ရင့်သန်သော စေတနာ ၊ ဖြူစင်သော သဒ္ဓါတရား တို့ဖြင့် လက်တွဲပါဝင်ကာ လှူဒါန်း ကုသိုလ်ပြုနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးးဆော်အပ်ပါသည် ။

ဆက်သွယ် လှူဒါန်းရန်

  • ကိုသန်းထွန်း -----၀၁၆၄၅၇၈၇၃၅
  • ကိုကျော်ထူးမောင် ၀၁၆၄၈၄၇၈၂၁ နီပွန်တပယ်
  • ကိုဇေယျာ -------၀၁၆၄၇၃၈၇၂၇
  • ကိုစိုးနိုင်----------၀၁၆၆၀၃၅၃၁၇ မသံပေါက်
  • ကိုအောင်ကိုမြင့်--၀၁၆၄၅၉၀၀၈၉
  • ကိုအောင်ဆန်း---၀၁၆၄၀၉၅၅၄၈ နာဂါစာရီ
  • ကိုကျော်ဖြိုးဝေ---၀၁၆၄၃၇၃၁၂၄
  • ကိုဝင်းမြတ်ထွန်း--၀၁၆၄၈၈၄၇၅၃ ပလန်စရိုက်
  • ကိုမျိုးဝင်း--------၀၁၆၄၉၀၁၃၂၅
  • ကိုအေးလွင်မိုး----၀၁၆၄၈၃၇၁၉၁ တာမန်မဆလာ
  • ကိုဝင်းကိုဦး------၀၁၆၄၈၅၉၈၄၇
  • ကိုသန်းနိုင်-------၀၁၆၄၉၆၀၄၆၁ မက် မာဒင်
  • ကိုကျော်ဝင်းဆန်း-၀၁၄၃၄၅၃၈၉၆
  • ကိုဇော်ဌေး-------၀၁၇၄၂၇၇၈၅ လူးနပ်(စ)
  • ကိုကျော်နိုင်------၀၁၇၄၅၇၀၂၇၄
  • ကိုဇေယျာ-------၀၁၇၄၄၃၀၃၅၈ လူးနပ်(စ)
  • ကိုအောင်သူရ---၀၁၄၃၄၂၉၉၄၁ မစန္ဒာမိုး ………………. တာမန် ပလန်ဂီး
  • ကိုမြင့်စိုး--------၀၁၆၄၂၆၅၃၁၆ မစမ်းစမ်းမူ ................. ရာဂျာဟူဒါ


This blog information for all of Myanmar in Malaysia.

Followers