25 May, 2009

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအတွင်း မသမာ စီးပွားရေးဈေးကွက်နှင့် စီးပွားရှာသူများ။


မလေးရှားနိုင်ငံမှာ မြန်မာပြည်မှ တရားဝင်အလုပ်သမား မြောက်များစွာလာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ပုံမှန်အားဖြင့် လုပ်အားခ တစ်နေ့  ရင်းဂစ် ၁၈ မှ ၂၀ သာရရှိပြီး Overtime အချိန်ပိုလုပ်အားခကို အဓိက အားထားနေရပြီး၊ တစ်လကို ရင်းဂစ် ၉၀၀၊ ၁၀၀၀ လောက်ရလျှင် အတော်လေး အဆင်ပြေသော အလုပ်လို့ ပြောလို့ ရပါတယ်။ အဲဒီ ၉၀၀-၁၀၀၀ ထဲကမှ လဲဗီးကြေး တစ်လကို ၁၅၀-၂၀၀ လောက်နုတ်ရပါသေးတယ်။ ပြီးတော့ နေ့ စဉ် စားသောက်စရိတ် ချိုးခြံချွေတာစားမယ်ဆိုလျှင် တစ်လကို ၁၅၀-၂၀၀လောက်တော့ ကုန်ပါတယ်။ဒါတောင် ဆေးလိပ်၊ ကွမ်းယာ၊ အခြေခံလိုအပ်သော ပစ္စည်းအသေးအမွှား ၀ယ်ယူစရိတ်၊ ခရီးသွားလာစရိတ် စသဖြင့် နုတ်လိုက်လျှင် တစ်လအသားတင် လစာမှာ ၅၀၀-၆၀၀ ၀န်းကျင်လောက်သာ ကျန်နိုင်ပါတယ်။ ထိုကဲ့သို့ အဆင်မပြေသော အလုပ်သမားများဘ၀ကို မစာနာပဲ ခေါင်းပုံဖြတ် မသမာစီးပွားရှာနေသောသူများ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအတွင်း၌ ရှိနေကြောင်း သံရုံးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးမှ သတင်းပေးပို့ ခဲ့ပါတယ်။သံရုံးအတွင်း၌ဖြစ်ပေါ်နေသော မသမာစီးပွားရေးသမားတစ်စုမှာ မြန်မာနိုင်ငံကူးလက်မှတ်ကို သံရုံးကောင်တာ၌ သက်တမ်း တိုးမည်ဆိုလျှင် ပုံမှန်အားဖြင့် မနက်တင် ညနေလောက်မှ ရပြီး အဆိုပါ သံရုံးအတွင်း၌ မသမာစီးပွားရှာသူများ (ပွဲစားများ) ထံ၌ မိနစ် ၂၀ အတွင်း ရရှိနိုင်ပါတယ်။ သို့ သော် ထိုသူများအား တစ်ယောက်လျှင် ရင်းဂစ် ၅၀သာ ပိုပေးရပါတယ်။ဒါ့အပြင် ၀င်ငွေခွန် မပေးဆောင်ပဲ သက်တမ်းတိုးမည်ဆိုလျှင် ပွဲစားအား သက်တမ်းတိုးကြေး ရင်းဂစ် ၄၀၀ ပိုပေးလိုက်ရုံပါပဲ။ တရားဝင်သက်တမ်းတိုးကြေးမှာ ရင်းဂစ် ၆၀၀ဖြစ်၍ ပွဲစားကို ၄၀၀ ပိုပေးပြီး ရင်းဂစ် ၁၀၀၀ ဖြင့် ၀င်ငွေခွန်ဆောင်ရန်မလို သက်တမ်းတိုးပြီးသား စာအုပ်ကို ရရှိနိုင်ပါတယ်။ အကယ်၍ Passport စာအုပ်ပျောက်ဆုံးလို့ အသစ်ပြန်လျှောက်မည်ဆိုပါက ရင်းဂစ် ၁၅၀-၂၀၀ ပေးရပါမည်။ စာအုပ်ပျောက်ဆုံးလျှောက်ထားချိန်၌ နေထိုင်ရန် သံရုံးမှ ထောက်ခံစာထုတ်မည်ဆိုလျှင် တစ်ယောက်၊ တစ်စောင်လျှင် ၅၀ပေးရပါတယ်။ ထို့ အပြင် စာအုပ်စာမျက်နှာကုန်ဆုံး၍ စာအုပ်အသစ်လျှောက်လျှင် ၁ပတ်မှ ၂ပတ်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ ပွဲစားများထံတွင် နေ့ ချင်းပြီး ရရှိနိုင်၍ မလေးရင်းဂစ် ၇၀၀ တိတိ ပိုပေးရပါတယ်။ သာမန်အားဖြင့် စာအုပ်အသစ်တစ်အုပ်လျှင် ရင်းဂစ် ၁၂၀၀ ဟု သတ်မှတ်ထားသဖြင့် ပွဲစားများအား စာအုပ်အမြန်ရလိုသူများက ရင်းဂစ် ၁၉၀၀ ပေးလိုက်ခြင်းဖြင့် နေ့ တွင်းချင်း ရရှိနိုင်ပါတယ်။ထိုကဲ့သို့ ကိစ္စအ၀၀ မြောက်များစွာ အစုံအလင်ကို မလေးရှားရှိ မြန်မာသံရုံးကောင်တာတွင်တမျိုး၊ အဆိုပါ ပွဲစားများတွင်တမျိုး နှစ်မျိုးဖြစ်နေရခြင်းမှာ ဘာကြောင့်ဖြစ်နေသလဲဆိုတာ လူတိုင်းတွေးဆကြည့်နိုင်ပါလိမ့်မည်။ထိုကိစ္စများကို ဆောင်ရွက်ပေးနေသော သူများ၏ အမည်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။ ထိုပွဲစားများမှာ သန်းနိုင်၊ မင်းအောင်၊ ထွန်းထွန်း၊ တင်အောင်မိုး၊ အောင်မြတ်၊ တင်စိုး၊ ထွန်းခိုင်တို့ ဖြစ်ကြပါတယ်။ ဒီအဖြစ်အပျက်များမှာ သပုပ်လေလွင့် အပုတ်ချပြောဆိုခြင်းမဟုတ်ပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းမျိုး လုံးဝမဟုတ်ပါ။ အရုပ်ဆိုး အကျည်းတန်လှတဲ့ ကိစ္စများ သံရုံးကောင်တာအတွင်း၌ ဖြစ်ပေါ်နေခြင်းကို သံရုံးအကြီးအကဲများ မသိနိုင်စရာ မရှိဟု ယုံကြည်ပါတယ်။သံရုံးရောက်ဖူးသူတိုင်းလဲ သိကြပါတယ်။ ဒါ့အပြင် ထိုပွဲစားများမှာ နေ့ စဉ်ကိစ္စအ၀၀ကို လာရောက်ဆောင်ရွက်ကြသူများနှင့် စကားမပြောချင်လဲ အတင်းဝင်ရောပြောဆိုပြီး အလုပ်ကိစ္စများကို ဖျားရောင်းသွေးဆောင်ပြီး "ဆောင်ရွက်ပေးမယ်။ ဘယ်လောက်ကျမယ်။ သူတို့ ကိုမယုံလျှင် အမြဲလာခဲ့ပါ ဒီသံရုံးထဲမှာ အမြဲရှိတယ်"လို့ ပြောပါသေးတယ်။ ဘာကြောင့်များ စီးပွားရှာသူတွေကို ဒီလိုမြန်မာသံရုံးမှာ တွေ့ နေရတာ စဉ်းစားစရာပါ။ ထိုကိစ္စရပ်များနှင့် ဆက်စပ်မည် ထင်သော သတင်းတစ်ခုပါ သိစေချင်ပါတယ်။မြန်မာအလုပ်သမားပေါင်း ၃၀၀ကျော် ရှိသော Outsourcing Company တခုမှာ အခြားသော Company များသို့ အလုပ်သမား အငှားချပေးထားသော အလုပ်သမားများထဲမှ စာအုပ်သက်တမ်းတိုးဖို့ လိုလျှင် အဆိုပါ Outsourcing Company မှ အလုပ်သမားများကို သံရုံးသို့ လိုက်စရာမလိုပဲ သံရုံးသို့ ပေးဆောင်ရမည့် တရားဝင်သက်တမ်းတိုးကြေးအပြင် ၀န်ဆောင်ခအတွက် ရင်းဂစ် ၃၀၀ လစာထဲမှ ဖြတ်တောက်ခြင်းခံရကြောင်းသိရပါတယ်။ ဘာကြောင့်အဖြတ်ခံရတာလဲ ရင်းဂစ် ၃၀၀ ကြီးများတောင်လို့ မေးတဲ့အခါ သံရုံးကောင်တာမှ လူမပါလျှင် ကိုယ်စားလာလုပ်လို့ မရဘူးလို့ မင်းတို့ သံရုံးက ပြောကြောင်း ဒါပေမဲ့ သူတို့ သံရုံးထဲမှာရှိသော ပွဲစားများနှင့် လုပ်လျှင်ရကြောင်း၊ ထိုပွဲစားကိုလဲ ပေးရကြောင်း၊ ကျန်တာက ကားခ၊ လာရောက်ဆောင်ရွက်ခ စုစုပေါင်း တစ်ယောက်ကို ရင်းဂစ် ၃၀၀ ပေးရကြောင်း ထိုကုပ္မဏီမှ လိုက်လံဆောင်ရွက်ပေးသူ မလေးတရုတ်က ပြောသွားပါတယ်ဟု သိရှိရပါတယ်။ပြည်သူများ အကျိုးဆောင်ရွက်ရန် ဖွင့်လှစ်ထားသော သံရုံးအတွင်း၌ အဆင်မပြေလှသော ဘ၀များဖြင့်နေထိုင်နေရသော မြန်မာပြည်သားအလုပ်သမားများ အပေါ်၌ မသမာသောနည်းလမ်းများဖြင့် စီးပွားရှာနေသောသူများကို သံရုံးအတွင်းရှိ အကြီးအကဲများမည်သည့် အကြောင်းနှင့် မျက်စိစုံမှိတ်ငြိမ်နေကြပါသလဲ။ စဉ်းစားစရာ အလွန်ကောင်းလှပါတယ်။ အကြီးအကဲများကိုယ်တိုင် ဆောင်ရွက်လျှင် နာမည်ပျက်မှာ စိုး၍ ထိုပွဲစားများမှာ သံရုံးရှိအကြီးအကဲများ၏ ပြယုဂ်သာ ဖြစ်နိုင်ကြောင်း။ ထို့ အပြင် သက်တမ်းတိုးလျှင် ၅၀၊ ပျောက်ဆုံးလျှင် ၁၅၀၊ စာအုပ်အမြန်ထုတ် ၅၀၀၊ အခွန်မဆောင်လိုလျှင် ၁၀၀၀ စသဖြင့် ဈေးနှုန်းများ အတိအကျရှိခြင်း၊ ပုံမှန်အားဖြင့် ရုံးအတွင်းတွင် ထိုကဲ့သို့ အတိအလင်း ဆောင်ရွက်နေခြင်းမှာ သံရုံးရှိ အကြီးအကဲများ မသိနိုင်စရာမရှိခြင်း၊ ၀န်ထမ်းများက အခြားသော ပွဲစားများ (ပြင်ပမှ) လာရောက်ဆောင်ရွက်ပေးလျှင် ပွဲစားလက်မခံဘူးဟု ပြောဆိုမောင်းထုတ်သော်လည်း ရုံးအတွင်းရှိ ပွဲစားများမှာ မည်သည့်ကိစ္စမဆို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်းများကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဖြစ်အပျက်မှန်များကို အများပြည်သူ သိရှိစေချင်တဲ့ ဆန္ဒအမှန်ဖြင့် သံရုံးသို့ တစေ့တစောင်းလေ့လာမိသူတစ်ဦးမှ အမှန်ကို ဖော်ထုတ်လိုက်ပါတယ်။မလေးရှားမြန်မာ သံရုံးအကြောင်းလေ့လာနေသူ တစ်ဦး (မလေးရှား)။

ရေဒီယို နားဆင်ပါ...


(ဒီရက်ပိုင်း ရေဒီယို သတင်းများကို ထူးထူးခြားခြား ဂရုတစိုက် နားထောင်နေရသည်။ )
လွန်ခဲ့သော ၂-နှစ်လောက်က ကျနော်တို့ အုပ်စုလေး Digital ရေဒီယိုလေး တစ်လုံးဝယ်ဖို့ ပီနန်းကျွန်းပေါ်မှာ မွှေနှောက်ခဲ့ကြဖူးသည်။ ဒါပေမယ့်အဆင်မပြေခဲ့ပါ။ နောက်ဆုံးပေါ်ဖုန်းက အရှာရအလွယ်ဆုံးဖြစ်နေပြီး Digital Radio က ရှာလို့မရဖြစ်ခဲ့ရဖူးသည်။
ဒီနိုင်ငံသားများ ရေဒီယိုနားထောင်လျှင် FM (frequency modulation) လောက်ပဲ နားထောင်တတ်ကြသည်။ ကမ္ဘာတလွှား လွှင့်ထုတ်နေသော BBC, VOA စသည့်သတင်းဌာနများအကြောင်း မြန်မာပြည်အတွက် ထိုသတင်းဌာနများမှထုတ်လွှင့်သော မြန်မာပိုင်းသတင်းများ နားထောင်တတ်ကြောင်း ဒီနိုင်ငံသားများကို ပြောပြလျှင် အံ့သြကြသည်။ အိန္ဒိယလူမျိုးတစ်ယောက်က ကမ္ဘာနေရာရာတစ်ခုမှထုတ်လွှင့်ချက်ကို နားဆင်၍ရကြောင်း ပြောပြသည်ကိုပင် မယုံကြည်သဖြင့် ရေဒီယိုကို ဖွင့်ပြခဲ့ရဖူးသည်။ ဒီနိုင်ငံတွင် FM လိုင်းကများသော်လည်း မီဒီယာပိုင်းပွင့်လင်းမှု အတော်အသင့် ရှိသဖြင့် မြန်မာပြည်ကဲ့သို့ ရေဒီယိုများကိုသာ အားပြုရသော သတင်းခေတ်မဟုတ်တော့ပါ။ မြန်မာပြည်နှင့် ပတ်သက်သမျှ ရေဒီယိုသည် သတင်းအမှောင်ခေတ်၏ အားကိုးနေရဆဲ မီဒီယာဖြစ်သည်။ ဒီနိုင်ငံတွင် ရေဒီယိုလိုင်းအချို့ကို ၀ါသနာပါသူအချို့မှ စုပေါင်း၍ လွှင့်ထုတ်နိုင်ခွင့်လည်း ရှိသည်။
ရန်ကုန်မှာနေစဉ်က ရန်ကုန်သတင်းသည် ညနေအစောပိုင်း ၆-နာရီမှ ၇-နာရီအထိထုတ်လွှင့်သည့် VOA ကိုနားဆင်ပြီးမှ ရန်ကုန်မှာဘာဖြစ်ခဲ့သလဲဆိုတာ အစောဆုံးသိခွင့်ရခြင်းဖြစ်သည်။ မလေးရှားတွင် သတင်းသိရှိမှုသည် ပိုမို၍ဆိုးရွားလှပါသည်။ သတင်းတစ်ခုရလျှင် တစ်ဆင့်ဖောက်သည်ချရင်း သတင်းစကားအမှားသည် တစ်နိုင်ငံလုံးသို့ ဆက်စပ်ပျံ့နှံ့သွားတော့သည်။ ထိုကဲ့သို့သော သတင်းအမှားတစ်ခုကို ဘယ်သတင်းစာ၊ ဘယ်ရေဒီယို၊ ဘယ် TVမှာတွေ့လိုက် ကြားလိုက်ရသလဲဟု မေးလျှင်တော့ အတိအကျ ပြောမပြနိုင်ပဲ ဘယ်သူငယ်ချင်းပြောပြလို့ သိရတာဟုသာ လျှောချ သွားတတ်သည်။
ဒီနိုင်ငံရောက် မြန်မာသူငယ်ချင်းများကို သတင်းနားထောင်ဖြစ်အောင် မကြာခဏတိုက်တွန်းခဲ့ဖူးသည်။ BBC,VOA စသည်တို့ကို မြန်မာနိုင်ငံမှ ၀ယ်ယူခဲ့သော ရေဒီယိုနှင့် ဒီနိုင်ငံတွင် နားထောင်၍ ရ-မရ ဆိုသည့်ပြဿနာကို နားလည်အောင် လည်း မနည်းရှင်းပြခဲ့ရသည်က များသည်။
အသံလွှင့်ရုံမှ လွင့်ထုတ်လိုက်သော အသံလှိုင်းသည် RF (Radio Frequency) လူတို့နားဖြင့်မကြားနိုင်သော လှိုင်းများဖြစ်ပြီး ကမ္ဘာ့လေထု တတိယအလွှာကို ရိုက်ခတ်ကာ ကမ္ဘာအနှံ့သိုပျံ့နှံသွားကြသည်။ ထို RF (Radio Frequency) လူတို့၏ နားဖြင့်မကြားနိုင်သောလှိုင်းအဆင့်ဖြစ်ပြီး လူတို့နားဖြင့်နားဆင်နိုင်သော audiofrequency အဆင့်သို့ ရောက်အောင် ရေဒီယို Receiver မှတစ်ဆင့် ဖမ်းယူနားဆင်နိုင်ခြင်းဖြစ်သည်။ မြန်မာ သတင်းဌာနများဖြစ်သော BBC, VOA, DVB, RFA စသည့် သတင်းဌာန များသည် လူသိများသော သတင်းဌာနများဖြစ်သည်။
အထက်ပါ BBC, VOA, DVB, RFA သတင်းများ အားနားဆင်ရန်အတွက် မိမိ၏ ရေဒီယို အမျိုးအစားသည် SW (radio) short wave ဖမ်းယူနိုင်သောအမျိုးအစားဖြစ်ရန်လိုအပ်သည်။ ရေဒီယိုလှိုင်းများမှာ FM (frequency modulation), AM (amplitude modulation), MW(radio) medium wave, SW(radio) short wave တို့ဖြစ်သည်။
သတင်းဌာနများမှ သတင်းနှင့် ထုတ်လွှင့်မှုအစီအစဉ်များ ထုတ်လွှင့်ချိန်များကို အောက်ပါ web site များတွင် သွားရောက် ကြည့်ရူနိုင်သကဲ့သို့ လွန်ခဲ့သော သီတင်းပတ်မှ သတင်းများအား ပြန်လည်နားဆင် နိုင်သည်။
BBC
VOA
RFA
DVB
အချို့ သတင်းဌာန Website များသည် ဘန်းကျော်သားများအတွက် ကျော်နည်းခွနည်းများကို ပေးထားခြင်းများလည်း တွေ့ရသည်။ သတင်းလွှာများအား emailသို့ အပတ်စဉ် ပေးပို့ပေးရန်လည်း မှာယူနိုင်သည်။
တကယ်လို့ ခင်ဗျားဟာ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်သုံးဖို့ ခက်ချင်ခက်နေပါလိမ့်မယ်။ အင်တာနက် ကို ဆိုင်မှာလည်းသုံးရတာလည်း အခက်အခဲရှိကောင်းရှိနေပါလိမ့်မည်။ ရေဒီယိုလေးတစ်လုံးဟာ ခင်ဗျားတို့ ကျနော်တို့ပတ်ဝန်းကျင်မှာ ရှာဝယ်နိုင်ဖို့ ကုန်ကျစရိတ်ကအစ အခက်မရှိနိုင်လောက်ပါ။၊ မြန်မာပြည်ပြန်တဲ့ လူကြုံမှာဖို့ လောက်တော့ အလွယ်လေးဖြစ်ပါလိမ့်မယ်။ကျနော်တို့ဟာ သတင်းကို ကိုယ်တိုင်လည်း နားထောင်ဖို့သင့်သလို နားမထောင်ဖြစ်သူများအားလည်း တစ်ဆင့်ပြောပြဖို့ ပိုပြီးသင့်လျှော်ပါသည်။ နောက်ဆုံးပေါ် ဖုန်းဖြင့် ရေဒီယိုသတင်းကို ဖုန်းဆက် တစ်ဆင့်မေးရခြင်းသည် တွေးကြည့်လျှင် ရယ်စရာကောင်းလှသည်။
ဒါမှသာ ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ်အလုပ်လုပ်နေတဲ့နိုင်ငံအကြောင်း၊ ကိုယ်မိသားစုရှိရာဒေသက ထူးထူးခြားခြား သတင်းဖြစ်ရပ်များအကြောင်းကိုသိရှိပြီး ရေဒီယိုတစ်လုံးနဲ့ ကမ္ဘာပတ်နိုင်ကြမည်။
သတင်းနှင့် နည်းပညာ ဗဟုသုတ ပွားများ ကြပါစေ။

14 May, 2009

ရန်ကုန်မြို့ခံများ ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် အံ့သြ ဒေါသထွက်

Thursday, 14 May 2009 17:42 ဇာနည်ဝင်း
ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန်ထောင်သို့ ပို့ပြီး ထောင်တွင်း တရားရုံးတွင် တရားစွဲဆို လိုက်သည် ဟူသော သတင်းကြောင့် ရန်ကုန်မြို့ခံများ အံ့အားသင့်နေကြသည်။

“အစိုးရက ဒေါ်စုအပေါ် ဘယ်လို သဘောထားတယ် ဆိုတာတော့ ကျမတို့ သိပြီးသားပါ။ သိပေမယ့် ဒီမနက် ဖြစ်သွားတာကတော့ ဘယ်လိုမှကို ထင်မထားတဲ့ဟာပဲ။ အရမ်း အံ့သြသွားတယ်။ စိတ်မကောင်းဘူး” ဟု ဗဟန်းမြို့နယ်မှ အိမ်ရှင်မတဦးက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက မြန်မာ့နိုင်ငံရေးတွင် အပြောင်း အလဲ ဖြစ်လာနိုင်သည်ကို စစ်အစိုးရ နားလည်သဖြင့် လွှတ်ပေးမည်မဟုတ်ဟု ရန်ကုန်မှ သံဃာတပါးက ခန့်မှန်းသည်။

“ဒီလ ၃ဝ ရက်နေ့အထိ မလွတ်ဘူးဆိုရင် အထွေထွေ သပိတ်ကြီး ခေါ်နိုင်ရင် ပိုကောင်းမယ်။ ဝီလျံယက်တော လာတယ်ဆိုတာ သူ့ဟာသူ လာတာပဲ။ တကယ်တမ်း မသွားအောင် ကာကွယ်ရမှာက သူတို့မှာ တာဝန်ရှိတယ်။ အခု ဒေါ်စုအပေါ် အပြစ်ပုံချတယ်ဆိုတာ သက်သက် အကောက်ကြံတာပဲ။ ယုတ်မာလွန်း အားကြီးတယ်” ဟု ဘွဲ့အမည် မဖော်လိုသူ အဆိုပါ သံဃာက ပြောသည်။

ကမာရွတ်မြို့နယ်မှ ကျူရှင်ဆရာတဦးက ပြည်ပရောက် မိတ်ဆွေများ ပေးပို့သည့် အီးမေးဖတ်ပြီးမှ ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆက်တွဲ သတင်းကို သိရသည်ဟု ဆိုသည်။

“ကျနော်က တော်တော်လေး ဒေါသထွက်တယ်။ ကိုယ်လည်း ဘာမှလည်း မလုပ်တတ်ဘူး။ ပြီးတော့ ရန်ကုန်မှာ ဖြစ်တာကို ရန်ကုန်မှာ နေတဲ့ ကျနော်တို့က ဘာသတင်း အချက်အလက်မှ မသိရဘူး ဆိုတော့လည်း ပိုပြီး ဒေါသ ထွက်ရတယ်” ဟု ကျူရှင်ဆရာတဦးက ပြောသည်။

ကွန်ပျူတာ အင်တာနက် အသုံးပြုသူမှာ လူနည်းစုသာ ဖြစ်သည်။ အများစုမှာ နိုင်ငံရေး သတင်းအချက်အလက် ရရှိရန် အတွက် မနက်စောစောပိုင်း နှင့် ညပိုင်းတွင် ဖမ်းယူ နားဆင်နိုင်သည့် ပြည်ပ အခြေစိုက် အသံလွှင့် ဌာနများကို အားကိုးကြသည်။ ရေဒီယို၊ စာနယ်ဇင်းများနှင့် ကင်းကွာသူများမှာ လက်ရှိ အခြေ အနေများကို လက်လှမ်း မီခြင်း မရှိကြပေ။

“ဘေးအိမ်က ရေဒီယို ဖွင့်ထားတော့ မနက်တုန်းက ဒီသတင်း ကြားလိုက်တယ်။ စိတ်မကောင်းဘူး၊ ဝမ်းနည်းတယ်။ ဒေါ်စုကို ပြန်လွှတ်ပေးမှာ မဟုတ်ဘူး။ ကျမတို့လည်း ဘာမှ မတတ်နိုင်ဘူး” ဟု တောင်ဥက္ကလာပ မြို့နယ်မှ ကျောင်းဆရာမ တဦးက ပြောသည်။

စာရေးဆရာကြီး သိန်းဖေမြင့်၏သား ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးဟံသာမြင့်ကလည်း အာဏာပိုင်တို့၏ လုပ်ရပ်ကို ကျေနပ်မှု မရှိကြောင်း ပြောပြသည်။

“ကျနော့် တယောက်တည်း အမြင်အရ ပြောရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာ မေလထဲမှာ ၆ နှစ်ပြည့်ပေမယ့် လွှတ်မှာ မဟုတ်ပါဘူးလို့ မျှော်မှန်းပြီးသား။ ဒီလို ဘာကြောင့် လုပ်သလဲ မသိဘူးပေါ့ဗျာ။ လူတွေကလည်း ဒါပဲ မေးနေကြ၊ သိချင်နေကြတယ်။ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွားတာလားပေါ့ဗျာ။ အင်းစိန်ထောင်ကို ပို့မယ် ဆိုတာကိုတော့ ဘယ်သူကမှ မတွက်ထားခဲ့ကြဘူးဗျ။ ကျနော်တို့ နေ့တိုင်း တွေ့နေတဲ့သူတွေက ဒီကိစ္စအပေါ် မကျေနပ်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တရားရုံးတွင် ယခင် ဥပဒေ အတိုင်း တရားစွဲခံရသည်ဟု ရန်ကုန်မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

“အရင် ဥပဒေပဲဗျ၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူ ဘေးအန္တရာယ် ကာကွယ်တဲ့ ဥပဒေ ပုဒ်မ ၂၂ တဲ့။
အဲဒါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သက်သက်၊ ဒဏ်ငွေ ၅ဝဝဝ ချလို့ ရပါတယ်” ဟု ဦးအောင်သိန်းက ရှင်းပြသည်။

လွန်ခဲ့သည့် ၆ နှစ်က ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရစဉ်မှ စပြီး အိမ်တွင် နေထိုင်သူ ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူ မဝင်းပပတို့သည်လည်း တရားစွဲခံနေရသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ကျူးကျော် ဝင်ရောက်သူကိုလည်း ကန့်သတ်ထားသည့် နယ်မြေ အတွင်း ဝင်ရောက်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းတို့ဖြင့် တရားစွဲမည်ဟု သိရသည်။ ပြစ်မှုထင်ရှားပါက အဆိုပါ ကျူးကျော် ဝင်ရောက်သူသည် ထောင်ဒဏ် စုစုပေါင်း ၆ နှစ်အထိ ကျခံရနိုင်သည်။

ဒါတွေ ကို လုပ်ဆောင်ကြ ။

ဒေါ်စုကို ထောင်ချမှာသေချာတယ်။ ထောင်ချလိုက်ရင် ဆန္ဒမပြနဲ့  စာမဝေနဲ့  ဒါတွေလုပ်ရင် ခွေးမသား သန်းရွှေက ဆက်ဖမ်းလိမ့်မယ်။ လူကုန်အောင်ဖမ်းမဲ့သဘောရှိတယ်။ အဖမ်းမခံနိင်အောင် လျှို့ ဝှက် စွာလှုပ်ရှားရမယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့  ပြည်သူတွေလွတ်မြောက်ရေးအတွက်

ငါဒို့ လုပ်ဆောင်ရမဲ့ဟာတွေကတော့ -

တစ်။ နအဖ ရုံးတွေ၊ စီးပွားရေးလုပ်ငန်း တွေကို မီးရှို့ လက်တုန့် ပြန်ရမယ်။

နစ်။ နအဖ ကားတွေကို မီးရှို့  ရမယ်။ မှန်တွေကိုခွဲရမယ်။

သုံး။ နအဖ ဒေါက်တိုင်တွေကို လစ်ရင်လစ်သလို တိုက်ခိုက်ရမယ်။

လေး ။ နိင်ငံခြားမှာ ရှိနေတဲ့ နအဖ သားသမီးဆွေမျိုးတွေကို လက်စားချေကြရမယ်။

ဒါတွေကို မြန်မာတမျိုးသားလုံး ညီညီညွတ်ညွတ် သတ္တိရှိရှိ လုပ်ကြရမယ်။ ငါဒို့ မှာဆုံးရှုံးစရာဆိုလို ဘာမှမရှိ။ အောင်ပွဲ ခံဖို့ သာရှိတယ်။ အမိမြေက ငါဒို့ ကိုခေါ်နေပြီ။ တပြည်လုံးတော်လှန် တပြည်လုံးအောင်ပွဲခံကြပါစို့  -

(အထူးသတင်း)



ဒီနေ့ ၁၀နာရီမှာဒေါ်အောင်ဆန်းစုကြည်ကို အင်စိန် ထောင်တွင်း တရားရုံးမှာ အမှု စစ်တော့မယ်။

အရေးကြီးလျှင်ဖြင့်သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း - ကိုင်း ....ပြည်တွင်းပြည်ပ မှာ ဆန္ဒပြပွဲတွေကို ဆင်နွဲကြဘို့ ....တို့ရဲဘော်တို့ ထထကြွကြွနဲ့ ၀ိုင်းကြပေတော့ဟေ့။

11 May, 2009

ဒေါ်အောင်ဆန်းစုကြည် ကို နအဖ အကောက်ကြံနေပြီ အားလုံးသတိထားကြ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ





ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အမေရိကန် နိင်ငံသားတဦးဖြစ်တဲ့ ဂျွန်ဝီလီယံ ယက်တော ( Johan Willions Yettaw) ဆိုသူ က မေလ ၃ ရက်နေ့ က အင်လျားကန် ကို ဖြတ် ပြီး ခိုးဝင်းခဲ့တယ်။ ဒေါ်စုအိမ်မှာ ၂ရက်တာ နေထိုင်ခဲ့ပြီးနောက် ပြန်အလာမှာ ဖမ်းမိတယ်လို့ ဆို န၀တ သတင်းစာက ဆိုပါတယ်။

ရန်ကုန်မှလာတဲ့သတင်းတချို့ ရဲ့ အဆိုအရ အမေရိကန် နိင်ငံသားဟာ ပူလွန်းတဲ့အတွက် ရေဆင်းစိမ်နေစဉ်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုတယ်။ သူကိုဖမ်းမိတဲ့နေရာနဲ့  ဒေါ်စုအိမ်ကို လက်ပြစ်ကူးသွားဖို့ ဆိုတာမဖြစ်နိင်ဘူးလို့ ဆိုကြပါတယ်။ ဖမ်းမိတဲ့နေရာနဲ့  ဒေါ်စုအိမ်ကို မြေပုံမှာကြည့် ရူနိင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ ဒီမိုကရေစီအင်အားစုတွေ ကတော့ ဒီသတင်းကြောင့် အတော့ကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂိုလ်ရေးအရသိက္ခကျအောင်တိုက်ခိုက်တာဖြစ်နိင်တယ်လို့ ယူဆကြပါတယ်။ အရင်ကလည်း
ခုလို ပုဂိုလ်ရေးတိုက်ခိုက်တဲ့ ဇတ်လမ်းဇတ်ကွက်များကို နည်းမျိုးစုံ လုပ်ကြံဖန်တီးခဲ့ကြဘူးပါတယ်။ အေရာဝတီတိုင်းနဲ့ ဒီပဲယင်းလို အရေးအခင်းတွေနဲ့  လုပ်ကြံဖို့ လည်းကြိုးပန်းခဲ့ကြဘူးပါတယ်။ ဒီလုပ်ရပ်တွေကို ဦးဆောင် ညွန်ကြားလုပ်ကိုင်ကြသူတွေကတော့ နအဖ ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်ခင်ညွန့် ၊ ဗိုလ်သန်းရွှေ တို့ ပဲဖြစ်ကြပါတယ်။ အမေရိကန် သံရုံးကတော့ သတင်းစာ မှာ ပါမှသိတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုံခြုံရေးကင်းမဲ့နေတာ ကို ပြသနေတယ် ဆိုတဲ့ မှတ်ချက်ကလွဲ လို တခြားလေးနက်တဲ့ မှတ်ချက်ကို မထုတ်ပြန်ခဲ့ပါဘူး။
ဒီသတင်းကို တိတိကျကျ မသိရကြသေးပါဘူး။ ပြန်လည်လွတ်လာမှသာ သတင်းအတိကျကို သိနိင်မှာဖြစ်ပါတယ်။

စစ်ကျွန်အောက် က မြန်မာပြည်သူတွေရဲ့ လူမျိုးဂုဏ်သိက္ခာ


by Daniel Chandranayagam
Thursday, April 30th, 2009

Malaysia: Humans as Commodities

မလေးရှားနိုင်ငံမှာ လူကုန်ကူးခံရမှု ၊ လူသားများကို ကုန်ပစ္စည်းတစ်ခုလို ရောင်းဝယ်ခြင်းခံနေရမှု များကို ရင်ဆိုင်နေကြရသော မလေးရှားရောက်မြန်မာလူမျိုးများ၏ အဖြစ်အပျက်များကို အသေးစိတ် မှတ်တမ်းတင် ဖော်ပြထားတဲ့ ရုပ်မြင်သံကြား မှတ်တမ်းဖြစ်ပါတယ်။ ဒီမှာကြည့်ရှု့နိုင်ပါသည်။

မြန်မာပြည် စစ်ကျွန်ပြုကောင်စီ လို့ ခေါ်တဲ့ နအဖ ခေါင်းဆောင်တွေ ဟာ မွေးကတည်းက ချက်ကြိုး နဲ့ ရှက်ကြိုး မှားအဖြတ်ခံခဲ့ကြလို့ မရှက်တက်ပေမဲ့၊ စစ်ကျွန်အောက်မှာ မြန်မာပြည်သူတွေလူမျိုးဂုဏ်သိက္ခာ ကျနေလို့ တတိုင်းပြည်လုံးက ပြည်သူတွေက အရှက်ရနေကြပြီ။ စစ်ကျွန်အောက် မှာ မိမိမွေးရပ်တိုင်းပြည်ကိုစွန့်ခွာရင် ရေမြေရပ်ခြား အခြားတိုင်းတပါးမှာ ဒုက္ခအမျိုးမျိုးရောက်ရှိနေကြသော မြန်မာလူမျိုးများရဲ့ ၀မ်းနည်းစရာဖြစ်ရပ် ကံကြမ္မာဆိုးတွေပါ။ ဒီဖြစ်ရပ်ဆိုးတွေကို မြန်မာပြည်သူတွေသာမက တကမ္ဘာလုံးက ပြည်သူတွေကပါ သိနေကြပြီ။

သတင်းအပြည့်အစုံကိုလည်း ဒီမှာ ဖတ်ရှု့ နိုင်ပါသည်။

ဒေါ်စု ကျန်းမာရေး မကောင်း၊ ဆရာဝန်လည်း အဖမ်းခံရ

SATURDAY, 09 MAY 2009 18:22 ဇာနည်ဝင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေပြီး သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း သည်လည်း ကြာသပတေးနေ့ ညက ဖမ်းဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

ယမန်နေ့က အမျိုးသမီး ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ပြုံးမိုအိသည် ဒေါ်စုထံ သွားရောက်ပြီး ဆေးကုသပေးခွင့် ရခဲ့သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်က သွေးအား နည်းနေတယ်၊ ဆေးပုလင်းကြီး ချိတ်ရတယ်လို့ သိရတယ်၊ တနာရီလောက်ပဲ ခွင့်ပြုတယ်။ တနာရီနဲ့ မလုံလောက်ဘူး ဆိုတော့ လုံလောက်တဲ့ အချိန်အထိ တာဝန် ယူပြီးတော့ ဆရာဝန်က အားဆေး သွင်းပေးခဲ့တယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဒေါ်စုကို ဆေးကုသပေးခဲ့သည့် အမျိုးသမီး ဆရာဝန်က ဒေါ်စု၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်များကိုသာ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ စစ်အစိုးရ စာနယ်ဇင်းများတွင် ဖော်ပြခဲ့သည့် ဒေါ်စု၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသား John William Yeattaw နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ရှိမရှိကိုလည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဟု သိရသည်။

ထိုပုဂ္ဂိုလ် ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်သည့် နေ့မှာပင် ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရသည့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တလတကြိမ် ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်သည်။

“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ အာဏာပိုင်တို့က သူ့ကို လာခေါ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ စောင့်နေရတယ်၊ စောင့်နေပြီး တအောင့်ကြာတော့ ဝင်ခွင့် မရဘူး၊ ပြန်တော့ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ် တဲ့။ ညကျတော့ အိမ်မှာ လာခေါ်သွားတယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးဟု ဆိုသည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရပြီး နောက်တနေ့တွင် သတင်းတပ်ဖွဲ့က သူ၏ အိမ်သို့ သွားရောက်ပြီး အင်္ကျီအ၀တ်အစား နှင့် ဘာသာရေး စာအုပ်များ ယူဆောင်ခဲ့သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဒေါက်တာ တင်မျိုးဝင်းသည် ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာဖွယ် မရှိဟု ဦးဟံသာမြင့်က သုံးသပ်သည်။

အထိန်းသိမ်း ခံလိုက်ရသော ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယခင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်တို့ထံ တိုင်ကြားခဲ့ဖူးကြောင်း ဦးဟံသာမြင့်က ပြောသည်။

ယခု ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ဆိုသူနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုသာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသားသည် အမေရိကန်အစိုးရ၏ CIA ထောက်လှမ်းရေး အဖွဲ့က စေလွှတ်လိုက်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြံ့ဖွံ့ ဟု ထင်ရှားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်တချို့က ရန်ကုန်မြို့တွင် သတင်း လွှင့်နေကြသည် ဟု သိရသည်။

03 May, 2009

မလေးရှား စီးကရက်ဗူးများ ကျန်မာရေးသတိပေးပုံများဖော်ပြ


မကြာသေးမီက စတင်ပြီး မလေးရှားထုတ် စီးကရက်များကို ကျန်းမာရေးသတိပေးပုံများတွင် ထည့်သွင်း ရောင်းချလာတာတွေ့ရပါတယ်။ မြန်မာပြည်မှာလူတိုင်း ကွမ်းစားကြသလို မလေးနိုင်ငံသားတို့ ဆေးလိပ်ကို မြန်မာပြည်ထက် ပိုပြီးသောက်ကြတာပါပဲ။ ဈေးကွက်မှာ တရားဝင် ဆေးလိပ်တစ်ဗူးဟာ ၆-ရင်းဂစ်ဝန်းကျင်(အမျိုးအစားလိုက်)ရှိပြီး တရားမ၀င် စီးကရက်တစ်ဗူးက ၃-ရင်းဂစ်ပတ်ဝန်းကျင်လောက်ပဲရှိပါတယ်။ အဲဒီလို ကျန်းမာရေးသတိပေးပုံများထည့်သွင်းခြင်းကြောင့် ဈေးချိုချိုနဲ့ တရားမ၀င်စီးကရက်များရဲ့ရောင်းအား ပိုပြီး ကောင်းလာကြောင်း သတိပြုမိတယ်။
ကျန်းမားရေးအတွက် ဆင်ခြင်သတိရှိကြဖို့ ဖော်ပြလိုက်ရတာပါ။

မလေးရှားသွား တောလား

လေဆိပ်မှာ တွေ့ရတဲ့ အလုပ်ရှင် လာအခေါ် စောင့်နေဆဲ အလုပ်သမားများ


ကျွန်တော့်ရဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် လေးတစ်ချို့ပါ။ မလေးရှားနိုင်ငံကို လာ ရောက် အလုပ် လုပ်ကိုင်မဲ့ သူငယ်ချင်း တွေကို ပြောပြချင်လို့ပါ။
ကျွန်တော်က ၂၀၀၉ ၊ ဧပြီလ အတွင်းမှာ မလေးရှားကို ရောက်လာခဲ့တာပါ။ ကျွန်တော် စီးလာတဲ့ လေယာဉ်က KL လေဆိပ်ကို ညနေ ၅ နာရီခွဲလောက်မှာ ဆိုက်ပါတယ်။ လေယာဉ်ပေါ်က ဆင်းပြီး Immigration ကို ရောက်တဲ့အထိတော့ အားလုံး အိုကေပါပဲ။ Immigration ကို လွန်တာနဲ့ ဒုက္ခက စတွေ့တော့တာပဲ။ လေယာဉ်ပေါ်မှာ ပါလာသမျှ လူတွေထဲက အလုပ်လုပ်ဖို့ လာတဲ့လူတွေ အကုန်လုံးကို ကြမ်းပြင်ပေါ်မှာပဲ မိန်းမ၊ ယောက်ျား ခွဲပြီးထိုင်ခိုင်းထား ပြီးတော့ ရဲတွေကစောင့်ကြည့် နေပါတယ်။ ပတ်စပို့ စာအုပ်တွေကိုလည်း သိမ်းထားလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ဗီယက်နမ် ကောင်လေးတစ်ယောက်က ဖုန်းဆက်ချင်လို့ ရဲကိုလက်ဟန်ပြပြီး အကူအညီတောင်းမိတာ ရဲက ဘာမပြော ညာမပြောနဲ့ နားရင်းအုပ်လိုက်တာကို ထူးထူးဆန်းဆန်းပဲ စတွေ့လိုက်ရပါတယ်။ အားလုံးကလည်း ဒီအတိုင်း ဘာမှ ဝင်မပြောရဲဘဲ ကြည့်နေကြပါတယ်။
အဲဒီမှာ တစ်နာရီနီးပါးလောက် ကြာတယ်။ ပြီးမှ ခရီးဆောင်အိတ်တွေ စုပုံထားတဲ့နေရာကို တန်းစီသွားပြီး ကိုယ့်အိတ်ကိုယ် ရှာဖွေယူရပါတယ်။ ပြီးရင်တော့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီးတန်းစီပြီး ချီတက်ပေတော့ပဲ။ အဲဒီမှာ ရဲတွေက ရပ်ဆိုရပ် သွားဆိုရင်သွား၊ ဘာမှလုပ်မနေနဲ့၊ မရဘူး။ ဒီကြားထဲ လှေခါးထစ် အတက်အဆင်းတွေမှာ ကြာနေရင် နောက်ကနေများ တုတ်နဲ့ရိုက်တော့မယ့်အတိုင်း အော်နေလိုက်တာများ မြန်မာပြည်မှာ စစ်တပ်နောက် လိုက်ရတဲ့ ပေါ်တာတွေကျနေတာပဲ။ ဒီကြားထဲ အထုပ်တွေ ဘေးချပြီး ဆောင့်ကြောင့်ထိုင်နေရတဲ့ နေရာတွေ ရှိသေးတယ်။
နောက်ဆုံးမှာတော့ ကားပါကင်နေရာကို ပြင်ပြီး အခန်းဖွဲ့ထားတဲ့ ထိန်းသိမ်းရေးစခန်းလို နေရာမျိုးကို ရောက်မှပဲ ခရီးဆုံးတော့တယ်။ အဲဒီနေရာမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် စသည်ဖြင့် အခန်းတွေခွဲပြီး ထားပါတယ်။ အမျိုးသမီးတွေက တစ်ခန်း သီးသန့်ပါ။ အခန်းဝမှာ ရဲတွေကစောင့်နေပါတယ်။ အခန်းထဲမှာက ခါးလောက်မြင့်တဲ့ စားပွဲကျယ်ကြီးတွေ ချထားပါတယ်။ လာကြိုမယ့်လူတွေမလာမချင်း အဲဒီမှာအိပ်ပြီး စောင့်ပေတော့။ လူအရမ်းများနေရင်တော့ ကြမ်းပြင်မှာ အိပ်ရပါလိမ့်မယ်။ အစားအသောက် ဝယ်ချင်ရင် အပေါက်ကျဉ်းကျဉ်းလေးကနေ လှမ်းဝယ်နိုင်တယ်။ ဖုံးဆက် ချင်ရင် အဲဒီကရဲတွေဆီကဖုန်းနဲ့ ဆက်လို့ရတယ်။ ပြည်တွင်း တစ်ခါဆက်ရင် 5.00 Rm (ရင်းဂစ်)တော့ ပေးရလိမ့်မယ်။ အချုပ်ကျနေတဲ့ လူတွေနဲ့ ဘာမှမထူးဘူး။ လေဆိပ်ကြီးတစ်ခုလုံး လေအေးပေးစက်တွေအပြည့်တပ်ထားပေမဲ့ အဲဒီ အခန်းတွေထဲမှာတော့ ပန်ကာတစ်လုံးစီပဲရှိတယ်။ မလေးရှားလေဆိပ် အကြောင်းကိုကြိုတင်သိမထားတဲ့ လူတွေကတော့ အိမ်ပြန်ချင်စိတ်ပေါက်သွားမှာ အသေအချာပါပဲ။ မြန်မာပြည်က အေးဂျင့်တွေကတော့ အဲဒီအကြောင်းတွေကို လုံးဝပြောပြလေ့မရှိတာ သေချာပါတယ်။
သူတို့ကတော့ဘာမှစိတ်မပူနဲ့၊ လေဆိပ်မှာလာကြိုနေမှာ ၊ ဘာညာပြောပြီး လေယာဉ်ပေါ် ထိုးတင်ပေးလိုက်ကြတာပဲများပါတယ်။ လေဆိပ်မှာလာမကြိုမချင်း ဒုက္ခရောက်ရတာတွေကိုတော့ တစ်ကွက် ချန်ထားကြတယ်။
တစ်ချို့ဆိုရင် ၃/၄ ရက်လောက်နေပြီးတာတောင် အေးဂျင့်တွေက လာမကြိုသေးလို့ အရမ်းဒုက္ခရောက် ကြတယ်။ တစ်ပတ်လောက်နေလို့မှ လာမကြိုရင်တော့ အချုပ်ထဲရောက်ဖို့ သေချာနေပြီ။ အဲဒီနေရာမှာပဲ လာကြိုမဲ့လူ မလာမချင်းစောင့်နေရတယ်။ အဲဒါကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ရဲ့ ထုံးစံတွေ ပါပဲ။ နောက်ဆုံးမှသိရတာ တစ်ခုကတော့ နိုင်ငံခြားသားတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ လေဆိပ်အ၀င်ကို ရောက်လာပေမယ့်လည်း နိုင်ငံအတွင်းဝင်ခွင့်ရရေး/ မရရေးဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အရာရှိ ရဲ့ ဆုံးဖြတ်ချက်ကသာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ သိလိုက်ရလို့ပါပဲ ။
ဒါက ကျွန်တော် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံဟာ နောက်လာမယ့်သူတွေအတွက် ကြိုတင်ပြင်ဆင် နိုင်အောင် သိထားသင့်တဲ့အချက်တွေပါ။ အစာပြေစားစရာ ပေါင်မုန့်၊ သောက်စရာရေဗူးနဲ့ အနွေးထည် တစ်ထည်လောက်လည်း ကြိုယူလာသင့်တာပေါ့။ ဒါ.. အစပဲရှိသေးတယ်။ ဒါပေမယ့် အခံရခက်ခက်ပါပဲ။
Posted by- မင်းမင်း

01 May, 2009

မေ ၂ ရက်

”မေ၂ရက်နေ့“

“ဟောဟို ပြတင်းဝမှာရပ်နေတာ
သစ်တုံးကို ဖက်ပြီး
မျောပါလာတဲ့ ကလေးပေါ့၊
အခုချိန်ထိ
သူ့မိဘတွေက
ပြန်လာခေါ်လိမ့်မယ် မျှော်လင့်ချက်နဲ့
လမ်းမဖက်ကို
ငေးရီနေတတ်တုန်းပဲ”……။
လွှင့်မိုးသစ်
“May 02”
Over there,
Standing by the window is the child;
Left survive with the help of log.
Now in the hope of his parents’ return,
He is still gazing at the road.
Hlwinmoethit

Followers

Blog Archive